menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၀.၂.၂၀၂၃ မှ ၂၄.၂.၂၀၂၃)
🌿🫘🌿🌶️🌿🧄🌿🌶️🌿🫘🌿
မတ်ပဲ
-----
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်း အဝင်ပေါ်မူတည်ပြီး ဈေးအတက်အကျရှိနေတာပါ။ ပဲအသစ်တွေကတော့ ဈေးကွက်ထဲ အဝင်နည်းပြီး ဝယ်လက်တွေကတော့ ပုံမှန်ရှိတယ်လို့သိရပါတယ်။ငွေလဲလှယ်နှုန်းကလည်း အနည်းငယ်မြင့်တက် နေလို့ မတ်ပဲဈေးက အတက်ဈေးနဲ့ ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံကို လာမယ့် ၂၀၂၃ -၂၀၂၄ ဘဏ္ဏာနှစ်အတွင်း တန်ချိန်၇သိန်းအထိ ပို့ဖို့ရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံကမတ်ပဲကို မြန်မာနိုင်ငံအပြင် အခြားပြည်ပနိုင်ငံတွေကပါ ဝယ်ယူနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်း၆သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၁၈၃,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်းကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် ဈေးအနည်းငယ်ကျဆင်းပေမယ့် လက်ရှိအချိန်ထိ စံချိန်တင် ဈေးမြင့်တက်နေတဲ့အခြေအနေဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း ပဲစင်းငုံနီ လိုအပ်ချက်မြင့်မားနေပြီး အထွက်နှုန်းက လျော့နည်းနေတာဖြစ်လို့ ပဲစင်းငုံနီကတော့ ဈေးကောင်းရနိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီကို မြန်မာနိုင်ငံအပြင် ဆူဒန်နိုင်ငံကပါ ဝယ်ယူနေတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ပဲစင်းငုံနီက လက်ကျန်လျော့သလောက်ဖြစ်နေပြီး အချို့ဒေသတွေမှာ ဈေးကွက်ဖွင့်ထားပေမယ့် အရောင်းအဝယ်ကတော့မရှိဘူးလို့ သိရပါတယ်။ လှောင်လက် သမားတွေကလည်း လက်ရှိပေါက်ဈေးထက် အတက်ကိုစောင့်နေကြတယ်လို့ ကုန်သည်အချို့က ခန့်မှန်းပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂,၁၂၆,၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ထောင်ဂဏန်းလောက်သာ ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၀,၀၀၀ ကနေ ၂၀၂,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂,၀၀၀ကျော် ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နှင့် အောင်လံဈေးကွက်တွေမှာတော့ တစ်တင်းကို ၆၆,၀၀၀ ကနေ ၆၇,၅၀၀ ကြား ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
ကြက်သွန်ဖြူ
-----------
ကြက်သွန်ဖြူဈေးက ဆက်တိုက်ကျဆင်းနေပါတယ်။ ဈေးကွက်ထဲ ရှမ်းကြက်သွန်အပြင် ဗမာသီးတွေ လည်း အဝင်ရှိနေပါတယ်။ အရည်အသွေးပိုင်းအားနည်းတဲ့အတွက် ဈေးတွေကျဆင်းနေတာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း ဈေးကွက်ထဲအဝင်များပြီး ဈေးကျဆင်းပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၄,၃၀၀ ကနေ ၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၃,၆၀၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၄,၈၀၀ ကနေ ၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၃,၈၀၀ ကျပ်ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
သကြား
------
သကြားဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ သကြားကို ပြည်ပနိုင်ငံကဝယ်ယူမှုရှိနေတဲ့ အပြင် ကမ္ဘာ့သကြားဈေးမြင့်တက်နေတဲ့အတွက် ဈေးတွေမြင့်တက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ သကြားက တစ်ပိဿာကို ၃,၀၅၀ ကနေ ၃,၀၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ငရုတ်
-----
ငရုတ်ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ် သွက်နေတဲ့အတွက် ဈေးကောင်းရနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်(ပန်းရဲ)က တစ်ပိဿာကို ၁၀,၀၀၀ ကနေ ၁၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ်၊ ငရုတ်(မြှားနီ) ကတော့ တစ်ပိဿာကို ၁၀,၀၀၀ ကနေ ၁၀,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ် ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)