menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" ( ၂၆ . ၁၂ . ၂၀၂၃ မှ ၃၀ . ၁၂ . ၂၀၂၃ )
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
✔️ ယခုတစ်ပတ်တွင် ဈေးကွက်အလားအလာကောင်းနေသော မတ်ပဲနှင့် ပဲစင်းငုံဈေးဦးမော့နေပြီး ပဲတီစိမ်းမှာ ဈေးငြိမ်နေပါသည်။ အိန္ဒိယ၏ဝယ်လိုအားနှင့် အနာဂတ်ဈေးကွက်အလားအလာကောင်းတွေကြောင့် ပြည်တွင်းဈေးကွက်တွင်မတ်ပဲ နှင့် ပဲစင်းငုံ ဈေးနှုန်းများဦးမော့နေသော်လည်း ပဲတီစိမ်းက တက်ဈေးမှာအနည်းငယ်တည်ငြိမ်နေပါတယ်။
မတ်ပဲ .....
မတ်ပဲကတော့ ပြီးခဲ့တဲ့ရက်က အိန္ဒိယဘက်က ဝယ်လိုအားလိုက်တာကြောင့် မတ်ပဲတစ်တန်ကို သိန်း ၃၀ ကျော်အထိမြင့်တက်ခဲ့ပြီး ဒီဇင်ဘာပိတ်ရက်များကြောင့် အိန္ဒိယဝယ်အားအနည်းငယ်လျော့သဖြင့် ပြည်တွင်းဈေးအနည်းငယ်အေးပါတယ်။ သို့သော် မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၅အထိ တိုးမြှင့်ခွင့်ပြုမယ်လို့ ကြေငြာချက်ကြောင့် ရှေ့အလားအလာကောင်းတွေရှိနေပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ၂,၉၆၀,၀၀၀ ကျပ် ဈေးတန်းသာရှိလို့ တစ်တန်ကို ၅၀,၀၀၀ ကျပ်လောက် ပြန်ကျသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပိဿာ ၆၀ တစ်အိတ်ကို ပဲအသစ်က ၂၁၀,၀၀၀ မှ ၂၈၃,၀၀၀ ကျပ်ရှိပြီး မတ်ပဲအဟောင်းက ၂၉၀,၀၀၀ ကျပ်ရှိပြီး နယ်ဈေးကွက်မှာတော့ ပိဿာ၂၀ တစ်တင်းကို ၉၆,၀၀၀ ကျပ်ရှိနေပါတယ်။ အိန္ဒိယက သူတို့နိုင်ငံရဲ့ ရာသီဥတုဖောက်ပြန်ခြင်း၊ ပဲထွက်နှုန်းတိုးပေမယ့်လည်း မျှော်မှန်းအထွက်နှုန်းထက်လျော့နည်းခြင်းကြောင့် မတ်ပဲကို မြန်မာကနေ ဝယ်ယူတင်သွင်းရမှာဖြစ်လို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာမတ်ပဲတန်ချိန် ၂.၅ သိန်း ဝယ်ယူဖို့ MOU ရေးထိုးထားပါတယ်။ ထို့အပြင် နောက်ထပ် မတ်ပဲတန်ချိန်အများအပြားဝယ်ယူဖို့လည်းစီစဉ်နေတာကြောင့်ပြည်တွင်း မတ်ပဲဈေးနှုန်းက တနိုင်ငံလုံးအတိုင်းအတာနဲ့မတ်ပဲအသစ်ပေါ်ပါကလည်း မတ်ပဲတစ်တင်းကို အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀,၀၀၀ ဝန်းကျင်အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။
ပဲစင်းငုံ .....
ပြည်တွင်းပဲစင်းငုံက ဒီဇင်ဘာလတတိယပတ်အထိ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ကျပ် ၃၁သိန်း ဝန်းကျင်နဲ့ ငြိမ်နေရာကနေ ဒီဇင်ဘာ(၂၃)ရက်မှာ တစ်တန်ကို ၃,၃၅၀,၀၀၀ အထိ ဈေးတက်လာပြီး လက်ရှိမှာတော့ ဈေးကပြန်ကျသွားပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံတစ်တန်ကို ၃,၂၈၀,၀၀၀ ကျပ်ရှိလို့ အရင်ရက်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀,၀၀၀ လောက်ပြန်ကျသွားတာဖြစ်တယ်လို့သိရပါတယ်။ ပဲစင်းငုံဈေး တောက်လျှောက်ဈေးတက်လာပြီး လတ်တလောမှာပြန်ကျသွားပေမယ့်လည်း တစ်တင်းကို ၁သိန်းအောက်နှုန်းထက် ကျဆင်းနိုင်ချေမရှိဘူးလို့သုံးသပ်ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်အရ မြန်မာနိုင်ငံကနေ ပဲစဉ်းငုံတန်ချိန် ၁ သိန်းကို ဝယ်ယူတင်သွင်းဖို့ မြန်မာ နိုင်ငံနဲ့ MOU လက်မှတ်ရေးထိုးထားတာရှိတဲ့အပြင် နောက်ထပ်လည်း တိုးပြီးဝယ်ယူဖို့ရှိတာကြောင့် မြန်မာ့ပဲစဉ်းငုံနီဈေးက တစ်တန်ကို သိန်း ၃၀ အောက်အထိ ဈေးတန်းပြုတ်ကျနိုင်ဖွယ်မရှိဘူး လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပဲစင်းငုံနီက လက်ကျန်နည်းနေပြီး ပဲအသစ်တွေ ဈေးကွက်ထဲကို စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
ပဲတီစိမ်း .....
ပဲတီစိမ်းကတော့ မန္တလေးဈေးကွက်မှာ ဈေးနှုန်းဆက်တိုက်တက်လာသလို ရန်ကုန်ဈေးကွက်မှာ လည်း ပဲတီစိမ်း(ပဲခူးရွှေဝါ)က ဈေးတက်လာပြီး ကျန်တဲ့ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲတီစိမ်း (ဝါးခယ်မ)က ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်တွေနဲ့ တရုတ် ဘက်ကအဝယ်လိုက်လာတာကြောင့် ပဲတီစိမ်းအသစ်၊ အဟောင်း ဈေးတွေဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအညာ ၅၆.၂၅ တစ်အိတ်ကို အသစ်က ၁၇၀,၀၀၀ ကျပ်မှ ၁၈၅,၀၀၀ ကျပ် ဈေးပေါက်လာပြီး ၁၀,၀၀၀ မှ ၁၅,၀၀၀ ကျပ် ဈေးတက်လာကာ ပဲတီစိမ်း အဟောင်းကလည်း ၁၄၀,၀၀၀ ကျပ် မှ ၁၆၅,၀၀၀ ကျပ် ဈေးပေါက်လာတာကြောင့် ၁၀,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃,၇၅၀ ကျပ်မှာ ဆက်ရှိပြီး ပဲတီစိမ်း(ပဲခူးရွှေဝါ) ကတော့ ၃,၅၈၀ ကျပ် ရှိရာကနေ တစ်ပိဿာ ၃,၆၆၅ ကျပ် ဈေးပေါက်လာလို့ ၈၅ ကျပ် ထပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂,၈၃၀ ကျပ် မှ ၃,၃၃၅ ကျပ်သာရှိတယ်လို့သိရပါတယ်။ ပဲတီစိမ်းက တရုတ်နိုင်ငံကိုသာအဓိကတင်ပို့ရတာဖြစ်ပြီး ဥရောပနိုင်ငံက ဝယ်ယူမှုနည်းတာကြောင့် တရုတ်ကိုပဲ အားကိုးရလို့ ပဲတီစိမ်းဈေးက အများကြီးတက်တဲ့အခြေအနေမရှိဘဲဖြစ်နေတာဖြစ်ပါတယ်။ ပြည်တွင်းပဲတီစိမ်းကလက်ရှိမှာ အညာဘက်က ပဲအသစ်တွေပေါ်နေပြီး မန္တလေးဈေးကွက်ကိုဝင်ရောက်နေပြီး တရုတ်ဝယ်လက် နဲ့ ရန်ကုန်ဝယ်လက်တွေကဝယ်ယူမှုရှိနေလို့ ဈေးတက်လာတာဖြစ်ပါတယ်။
Sources : AMIA (Farmer Digital TV)