menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၄.၅.၂၀၂၀ မှ ၈.၅.၂၀၂၀ )
ထိ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်း ဆန်ချော ဈေးအားလုံးနီးပါး ဈေးငြိမ်နေပေမယ့် မြောင်းမြပုသိမ်ပေါ်ဆန်း သစ်ကတော့ ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာလည်း အခြား ဆန်စပါးတွေက ဈေးငြိမ်နေပြီး မြောင်းမြ အမျိုးအစားက တက်နေပါတယ်။ အဓိက စားသုံးသူ များပြီး အဝယ်လိုက်တဲ့အတွက်ဈေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။
မြောင်းမြဆန်က ပြီးခဲ့တဲ့ အပတ်ကတည်းက အဝယ်များပြီး ဈေးတက်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်းဆက်ပြီး ဈေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ မြောင်းမြပုသိမ်ပေါ်ဆန်းသစ်က တစ်အိတ်ကို ၃၉၀၀၀ ကနေ ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ မြောင်းမြဆန်က တစ်အိတ်ကို ၄၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထ စပါးက တင်း ၁၀၀ ကို ၆၂၆၀၀၀ ပေါက်ဈေးရှိပြီး ၂၃၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅၅၀၀ ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ လက်ရှိမှာ ပုံမှန် အရောင်းအဝယ်နဲ့ရှိနေပြီး ဈေးအတက်အကျကတော့ ထောင်ဂဏန် းလောက်သာ အေ ပြာင်းအလဲ ဖြစ်နေကာ ဈေး ကွက်အတွင်းဈေးငြိမ်နေ တယ်လို့ဆိုလို့ရ ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၆၇၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ငါးထောင်ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင် းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက် မှာတော့ တစ်တင်းကို ၃၀၄၀၀ ပေါက်ဈေးရှိပြီး၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်အပြောင်းအလဲရှိပေမယ့် တစ်ပတ်အတွင်းမှာတော့ ထောင်ဂဏန်းလောက်သာ အတက်အကျရှိပါတယ်။ မကြာခင် အိန္ဒိယ ဝယ်ယူမှု ရက် ပြည့်တော့မယ် ဆိုပေမယ့် လက်ရှိအချိန်အထိ ဈေးကွက်အတွင်းလှုပ်လှုပ်ခတ်ခတ် မဖြစ်သေးတာကို လည်း တွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၈၀၀၀၀ နဲ့ အရောင်းအဝယ်ရှိနေပါတယ်။မန္တလေးဈေး ကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၃၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မုံရွာဈေးကွက် မှာတော့ တစ်တင်းကို ၂၃၈၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဆက်တိုက်ကို ဈေးက ကျဆင်းနေခဲ့ပါတယ်။ဈေးကျဆင်းနေတဲ့အတွက် အရောင်းကလည်း ပါးနေပြီး အဝယ်ကတော့ ပုံမှန်ပဲရှိနေပါတယ်။ပြည်ပတင်သွင်းမှုကလည်း မရှိတဲ့အတွက်ဈေးက ဆက်ပြီးကျဆင်း သွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၂၅၀ ကနေ ၁၂၇၀ ပေါက်ဈေးရှိပြီး ၁၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၂၈၀ ကနေ ၁၃၀၀ ပေါက်ဈေးရှိပြီး ၇၀ လောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (929) က သုံးတင်းဝင် တစ်အိတ်ကို ၆၆၅၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇ ၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ v2 ကတော့ တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၂၅၀၀ကနေ ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၃၀၀၀ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွား ပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူက ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။ပြည်တွင်း ဝယ်ယူမှုများတဲ့အတွက်ဈေးက တက်လာတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ တစ်ပိဿာကို ၁၄၆၅ ကျပ်ကနေ ၁၆၃၅ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျဆင်း သွားပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီးး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲပုတ်
ပဲပုတ် ကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ အဝင်နည်းသလို ပြည်တွင်း ဝယ်ယူမှု များနေတဲ့ အတွက်ဈေးက တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲပုတ်(မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၁၁၀၀ ကနေ ၁၁၃၅ ကျပ်ပေါက်ဈေးရှိပြီး ၁၅ ကျပ်၊အထွက်တိုးကတော့ တစ်ပိဿာကို ၁၀၃၀ ကနေ ၁၀၇၀ ပေါက်ဈေး ရှိပြီး ၂၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း)က သုံးတင်းဝင် တစ်အိတ်ကို ၅၁၀၀၀ကနေ ၅၃၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ထန်းလျက်
ထန်းလျက် ကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပါတယ်။ ဒေသပေါင်းစုံက အသစ်တွေ အဝင်များလာတဲ့အတွက် ကြောင့် ဈေးက ပြန်ပြီးကျဆင်းသွားတာဖြစ်ပါတယ်။ ထန်းလျက်(ရေစကြို၊ပခုက္ကူ၊မလိုင်၊ညောင်ဦး) အမျိုးအစားတို့က တစ်ပိဿာကို ၁၅၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
နှမ်းညို
ပြီးခဲ့တဲ့ အပတ်က ဈေးကတ်လာခဲ့တဲ့ နှမ်းညိုက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။အ ဝယ်လျော့နည်းတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ လက်ရှိမှာ ဈေးကတက်နေပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းတဲ့အတွက်ကြောင့် ဈေးက တက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၆၆၀၀၀ ကနေ ၆၇၀၀၀ ပေါက်ဈေးရှိပြီး၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။