menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁၁.၅.၂၀၂၀ မှ ၁၅.၅.၂၀၂၀ )ထိ  

ဆန်၊စပါး  

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးအပြောင်းအလဲကတော့ အနည်းငယ် ကျဆင်းသွားပါတယ်။ အရောင်းအဝယ် အေးပြီးဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြားပျံ ရှယ်က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပေါ်ဆန်းသစ်ရှယ်ကတော့ တစ်အိတ်ကို ၃၅၅၀၀ ကနေ ၃၆၅၀၀ ပေါက်ဈေးရှိ ပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြောင်းမြပေါ်ဆန်းရှယ်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း လက်တလော အဝင်က ပုံမှန် ရှိပြီး အရောင်းအဝယ်လည်း အေးသွားတဲ့အတွက် စပါး ဈေးအချို့သာ အပြောင်းအလဲရှိနေပြီး အများစုက ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။  

ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၄၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၄၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၅၀၀၀ ကျပ် နဲ့ ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန် ကလည်း တစ်အိတ်ကို ၂၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

မတ်ပဲ  

မတ်ပဲက ဒီတ်ပတ်မှာတော့ အနည်းငယ်ပြန်တက်လာပါတယ်။ ၁၅ ရက်နေ့ နောက်ဆုံးအိန္ဒိယကို တင်သွင်း ရမယ် ဆိုတဲ့အချက်ကြောင့် အရောင်းအဝယ် ပြန်ဖြစ်လာပေမယ့် ငွေဈေး က မတက်တဲ့ အတွက် ပဲဈေးက ထင် သလောက် တက်တာမျိုးတော့ မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာ တစ်တန် ကို ၉၈၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကိုနှစ်သောင်းကျော်ဈေးတက်လာ ခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀၅၀၀ ကျပ်ရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ လက်ရှိမှာ ဈေးက အတက်အကျ အပြောင်းအလဲ သိပ်မရှိပါဘူး။အရောင် းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၇၂၅၀၀ နဲ့ အရောင်းအဝယ်ရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ထောင် ဂဏန်းလောက်သာ ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေး ကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၇၂၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ။မုံရွာဈေးကွက် မှာတော့ တစ်တင်းကို ၂၃၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

ကြက်သွန်ဖြူ(ကြူကုတ်) နှင့် (ရှမ်း)

ကြက်သွန်ဖြူကတော့ ဈေးက ဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။အဝင်ကလည်း အရမ်းကို များနေတဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၅၀၀ ကနေ ၁၅၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပတ်အတွင်း ဈေးပြန်တက်ပေမယ့် ရက်ပိုင်းအတွင်း ပြန်တက်လာပါတယ်။ ဒီတစ်ပတ် ပေါက်ဈေးက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပါတယ်။  

အာလူး  

ဧပြီလ တစ်လလုံး ဈေးတက်ခဲ့တဲ့ အာလူး မေလ လဆန်းပိုင်းကတည်းက တစ်ဖြေးဖြေး ဈေးက ကျဆင်းလာ ခဲ့ပါတယ်။ ဈေးကွက်ထဲကို အဝင်များတဲ့အပြင် အရောင်းအဝယ်ကလည်း အေးတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန် ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၅၀၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ လောက်ဈေးကျဆင်းသွားပါတယ်။  

စားအုန်းဆီ  

စားအုန်းဆီကတော့ လက်တလော မှာ ကမ္ဘာ့စားအုန်းဆီ ဈေးကွက်လည်း ကျဆင်းသွားတဲ့အပြင် ငွေလဲလှယ် နှုန်းဈေးလည်း ကျဆင်းသွားတဲ့ အတွက် ပြည်တွင်းမှာလည်းဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ စားအုန်းဆီ့ တစ်ပိဿာကို ၁၆၃၀ ကနေ ၁၆၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ ကျပ်ဈေးကျဆင်းသွားပါတယ်။