menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁၈.၅.၂၀၂၀ မှ ၂၂.၅.၂၀၂၀ )ထိ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အရောင်းရောအဝယ်ပါ အေးနေတဲ့ အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။
ကြားပျံရှယ်က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ပေါ်ဆန်းသစ်ရှယ်ကလည်းတစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိ ပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပုသိမ်မြောင်းမြပေါ်ဆန်းဆန်ကလည်း တစ်အိတ်ကို ၃၈၅၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ဈေးကျဆင်းသွားပါတယ်။
ဆန်ကြမ်းတွေ ဖြစ်တဲ့ ဧည့်မထ ဆန်ကတော့ တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၂၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။နွေသီးထပ် ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲက တစ်ပတ်အတွင်း ဈေးတွေကတော့ အတက်အကျ ရှိပေမယ့်ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ဈေးက တက်လာခြင်းမရှိပါဘူး။အိန္ဒိယကို တင်ပို့မှု ရှိနေပေမယ့်လည်း ပြည်တွင်းငွေလဲလှယ်နှုန်းဈေးက မတက်လာ တဲ့အတွက်ဈေးကလည်း မတက်လာပါဘူး။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၆၆၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို တစ်သောင်းကျော်ဈေးက ကျဆင်းသွားခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ နှစ်ပတ် ဆက်တိုက်လောက် အတက်ဈေးနဲ့ ရှိပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ် ပြန်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိပေမယ့် အဝင် အနည်းငယ် များလို့ ဈေးက ပါးပါးလေးကျဆင်းသွားတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၁၇၁၅ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းကြီး(၁၊၂၊၃)က သုံးတင်းဝင် တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၂၀၀၀ကနေ ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်ပိဿာကို ၁၈၇၅ ကျပ်ကနေ ၁၉၀၀ ပေါက်ဈေးရှိပြီး ၇၅ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကုလားပဲ
ကုလားပဲဈေးကလည်း ကျဆင်းသွားပါတယ်။ အတက်အကျကတော့ သိပ်အပြောင်းအလဲ မရှိပေမယ့် မေလ လဆန်းပိုင်းနဲ့ ယှဉ်ရင်တော့ တစ်ဖြေးဖြေးကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၁၃၀ ကနေ ၁၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားခြမ်းကတော့ တစ်ပိဿာကို ၁၇၇၅ ကျပ်ကနေ ၁၈၂၅ ကျပ်ပေါက်ဈေးရှိ ပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၂၅၀၀ ကနေ ၂၄၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ကုလားပဲလုံးဖြူ(ကြီး) က တစ်တင်းကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကပတော့ တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်း သွာ းပါတယ်။
စွန်တာပဲ
စွန်တာပဲကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက် မှာပြည်တွင်း ဝယ်ယူမှု များလာတဲ့အတွက် အရောင်းသွက် ဈေးတက်နေပါတယ်။နယ် ဈေးကွက်မှာတော့ ဝယ်ယူမှု များလာတဲ့အတူ အဝင်ကလည်း များလာလို့ ဈေး အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၁၃၀ ကနေ ၁၁၈၅ ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။မန္တလေး ဈေးကွက်မှာတော့ စွန်တာ (ရိုးရိုး)က သုံးတင်းဝင် တစ်အိတ်ကို ၅၁၀၀၀ ကနေ ၅၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊စွန်တာ (ကသဲ ) ကတော့ ၅၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်) နှင့် (ရှမ်း)
ကြက်သွန်ဖြူကြူကုတ်ကတော့ ဒီတစ်ပတ်မှာလည်းဆက်ပြီးကျဆင်းနေကာ တစ်လလုံးနီးပါးဈေးက ကျဆင်းနေခဲ့ပါတယ်။အဝင်ကလည်း များပြီး ဝယ်လိုအားက ထင်သလောက် မရှိတော့တဲ့အတွက် ဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၂၀၀ ကနေ ၁၃၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။