menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်(၂၅.၅.၂၀၂၀ မှ ၂၉.၅.၂၀၂၀ )ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဆန်ဈေးကွက်မှာ ပေါ်ဆန်းစပါးတွေ ဈေးငြိမ်ပြီးတော့ ဧည့်မထ ဆန်ကတော့ ဈေး တက်လာခဲ့ပါတယ်။တောက်လျှောက် အကျမရှိတဲ့ မြီးဒုံးဆန်ကလည်းဒီတစ်ပတ်မှာဈေးအနည်းငယ်ကျဆင်း သွားပါတယ်။
ဧည့်မထဆန်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။ဧည့်မထ ၂၅ % ကတော့ တစ်အိတ်ကို ၁၉၈၀၀ ကနေ ၂၀၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြီးဒုံဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ ကနေ ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အရောင်းရောအဝယ်ပါ အေးနေတဲ့ အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ပုသိမ်ဈေးကွက်မှာတော့အခြားပေါ်ဆန်ဈေးတွေက ငြိမ်နေပေမယ့်မြောင်းမြပေါ်ဆန်းစပါးကေ တာ့ ဈေးကျဆင်းသွား ပါတယ် ။
နွေစပါးအချို့ဝင်လာ တဲ့အတွက်ဈေးကျဆင် းသွားတာ ဖြစ်ပါတယ်။မြောင်းမြ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၇၂၀၀၀ ပေါက်ဈေးရှိပြီး ၃၄၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးဆန်ကလည်း တစ်တင်းခွဲကို ၂၀၀၀ ကျပ်ကျဆင်းကာ ၃၈၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။တင်ပို့မှုအပြီး အဝယ်ကလည်း မရှိတော့တဲ့အတွက် ဈေးက ရပ်သွားတာလည်း ဖြစ်ပါတယ်။ထို့ပြင် နယ်အချို့ကလည်း လက်ရှိအချိန်ထိ ရောင်းဝယ်မှုမရှိသေးတဲ့အတွက် ဈေးက ပိုကျဆင်းသွားတာဖြစ်ပါတယ်။ကုန်သည်တွေက လည်း မတ်ပဲအခြေအနေကို စောင့်ကြည့်နေတာဖြစ်တဲ့အတွက် အရောင်းအဝယ်က ထင်သလောက်မရှိဘူးဖြစ် နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၉၃၅၀၀၀ ပေါက်ဈေးရှိပီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီက ပြီးခဲ့တဲ့ တစ်ပတ်အထိ ထူးခြား တဲ့ဈေးအပြောင်းအလဲ မရှိပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ကုန်သည်တွေက စောင့်ကြည့်နေတဲ့ ပဲဖြစ်နေပြီး တောင်သူတွေ လက်ထဲ မှာတော့ ပဲက မရှိတော့ပါဘူး။ပဲမရှိတဲ့အတွက်ဈေးကတော့ မတ်ပဲလောက် အများကြီးဈေးကျဆင်းမှုလည်းမရှိပါဘူး ။တင်ပို့မှုကတော့ ပုံမှန်မှာပဲရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၄၂၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၆၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော တစ်တင်းကို ၂၃၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၂၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၂၃၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲလွန်းဖြူ၊ပဲလွန်းပြာ
ပဲလွန်းဖြူနဲ့ ပဲလွန်းပြာ ကဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ပြည်ပမှာယူမှုရှိတဲ့အတွက် အဝယ်လိုက်ပြီးေ ဈးတက်ေ နတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၁၅၆၅ ကနေ ၁၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ကျပ် ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲလွန်းပြာကတော့ မန္တလေးဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲက ဒီတစ်ပတ် အချို့ နယ်တွေမှာ ဈေးတက်လာခဲ့ပါတယ်။ နယ်ဈေးကွက်ကို ကုန်ပစ္စည်းအဝင်နည်းပြီး အဝယ်များတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။အချို့နယ်မှာတော့ အနည်းငယ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ၁၈ ပိဿာ တစ်တင်းကို ၁၇၂၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၂၀၀ ပေါက်ဈေးရှိပြီး ၄၅၀ ကျပ်ဈေး တက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၅၀၀ ပေါက်ဈေးရှိပြီး ၂၇၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၂၀ ပိဿာဝင် တစ်အိတ်ကို ၁၈၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ လက်ရှိမှာ ဈေးအပြောင်းအလဲက တည်ငြိမ်မှုမရှိပါဘူး။အဝင်နည်းတဲ့အချိန် ဈေးက အနည်းငယ်မြင့်ပေမယ့် အဝင်များတဲ့အချိန်မှာတော့ ဈေးက အနည်းငယ်ပြန်မြင့်လာပါတယ်။လက်ရှိမှာတော့ ဝယ်ယူမှုက ပုံမှန်ပဲရှိနေတာတွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၄၇၅ ကျပ်ကနေ ၅၇၅ ကျပ်ပေါက်ဈေးရှိပြီး ၂၅ ကျပ်လောက်ဈေးက ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၄၇၅ ကျပ်ပေါက်ဈေးရှိပြီး ၂၅ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၃၀၀ ကနေ ၄၇၅ ကျပ်ပေါက်ဈေးရှိပါတယ်။
အာလူး
အာလူးကတော့ ဒီတစ်ပတ်မှာ ထပ်ပြီးဈေးက ကျဆင်းသွားပါတယ်။ဝယ်ယူမှုများပြိး အဝင်နည်းလို့ဈေးကျဆင်းသွားတာဖြစ်ပါတယ်။လတ်တလောမှာတေ့ာ အာလူးက ဟဲဟိုးတစ်မျိုးထဲသာ ဝင်ရောက်မှုရှိသေးတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၄၀၀ကနေ ၆၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။