menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁.၆.၂၀၂၀ မှ ၅.၆.၂၀၂၀ )ထိ

မတ်ပဲ  

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။အဝယ်ပြန်လိုက်လာတဲ့အတွက်ဈေးက တက်လာတာ ဖြစ် တယ်လို့သိရပါတယ်။မတ်ပဲကတော့ လတ်တလော ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ငွေဈေးတက်လာရင်တော့ ဈေးက အနည်းငယ်ပြန်တက်လာပြီး ငွေဈေးကျဆင်းရင်တော့ ဈေးကလည်း ကျဆင်းသွားတဲ့အခြေအနေရှိ ပါတယ်။

အိန္ဒိယဘက်က လိုအပ်ချက်များရှိနေပေမယ့်လည်း ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက အများကြီးမတက်တာ ကိုလည်းတွေ့ရပါတယ်။ မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၇၅၀၀၀ အထိ ဒီတစ်ပတ်မှာဈေးတက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၅၀၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။  

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျော်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈၀၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပြည်ဈေးကွက်မှာ လည်း တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်.  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်ဈေးတက်လာခဲ့ပါတယ်။ပါမစ်တွေ ချပေးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဈေးက တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 ပဲစင်းငုံနီကတော့ လှောင်သူ လက်ထဲမှာသာ ပဲတွေ ရှိတဲ့အတွက် အိန္ဒိယမှ ဈေးကောင်းပေးဝယ်မှ သာထုတ်ရောင်းမှုတွေ ရှိနေတာ တွေ့ရ ပါတယ်။ ထို့ပြင် ပဲစင်းငုံနီက ဒီနှစ်မှာ စိုက်ပျိုးမှု လျော့နည်းတဲ့အတွက်ကြောင့် ဈေးကတော့ ထပ်ပြီး ကျဆင်းနိုင်ခြေမရှိနိုင်ဘူးလို့ပဲကုန်သည်အချို့က သုံးသပ်ပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၇၈၉၀၀၀ အထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၄၀၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၂၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၄၃၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးတက်လာပါ တယ်။ပြည်ကုန်စည်ဒိုင် မှာတော့ တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

ကုလားပဲ  

ကုလားပဲကတော့ လတ်တလော ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ။တပ်ရိက္ခာအတွက် လတ်တလော အဝယ်များနေလို့ ဈေးတက်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၁၆၅ ကနေ ၁၂၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၂၈၀ ကနေ ၁၃၂၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးတက်လာပါတယ်။  

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင် တစ်အိတ်ကို ၆၆၀၀၀ ကနေ ၆၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ကုလားပဲ 929 က တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊V2က တစ်အိတ်ကို ၇၂၀၀၀ ကနေ ၇၂၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာပါ တယ်။  

ပေါင်းတည်ဈေးကွက်မှာတော့ ကုလားပဲ HL က တစ်တင်းကို ၂၄၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။  

ငရုတ်  

ငရုတ်ဈေးကလည်း အတက်အကျအပြောင်းအလဲ မြန်နေပါတယ်။ ငရုတ်(ဆင်ဖြူကျွန်း)က တစ်ပတ်အတွင်းတစ်ပိဿာကို ကျပ် ၇၅၀၀ အထိ ဈေးပြန်တက်လာပြီး ၂ ရက်အတွင်း ဈေးပြန်ကျဆင်းသွား ခဲ့ပါတယ်။

 အဝင်နည်းတဲ့ ဈေးက တက်လာတာဖြစ်ပြီးနယ်စုံ မှ အသစ်တွေ ဆက်တိုက်ဝယ်ယူမှုတွေကြောင့် ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ သောကြာနေ့မှာတော့ တစ်ပိဿာကို ၆၀၀၀ ကနေ ၆၅၀၀ ပေါက်ဈေးရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်ပိဿာကို ၈၀၀ လောက်ကျဆင်းသွားပါတယ်။

ငရုတ်(မြစ်ဝကျွန်းပေါ်) ကတော့ တစ်ပိဿာကို ၃၈၀၀ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

နှမ်းမျိုးစုံ  

နှမ်းမျိုးစုံကတော့ လက်ရှိမှာ အသစ်တွေ ထွက်ရှိနေပြီး အရည်အသွေးမကောင်းတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေပါတယ်။ပြည်ပဝယ်လက်ကလည်း လတ်တလော မရှိသေးတဲ့အတွက် ဆက်တိုက်ကို ဈေးကျဆင်းမှုတွေရှိနေပါတယ်။  

နှမ်းနက်(စမုံ)  

မန္တလေးဈေးကွက်မှာတော့ နှမ်းနက်(စမုံ)က သုံးတင်းဝင် တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၇၀၀၀၀ ပေါက်ဈေးရှိ ပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

နှမ်းဖြူ  

မန္တလေးဈေးကွက်မှာတော့ နှမ်းဖြူက သုံးတင်းဝင် တစ်အိတ်ကို ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်သောင်းကျော်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၁၂၅၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကိုူ ၄၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နှမ်းညို

မန္တလေးဈေးကွက်မှာတော့ နှမ်းညိုက တစ်အိတ်ကို ၁၁၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ မြင်းခြံမှာတော့ တစ်အိတ်ကို ၁၁၂၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၇၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာ မှာတော့ တစ်တင်းကို ၃၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။