menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၈.၆.၂၀၂၀ မှ ၁၂.၆.၂၀၂၀ )ထိ

ဆန်၊စပါး  

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးကွက်က ငြိမ်နေပြီး ဧည့်မထဆန်ေ တွဈေးတက်လာပါ တယ်။ တရုတ်နိုင်ငံတင်ပို့မှု က ပုံမှန်နီးပါးပြန်ရောက်နေတဲ့အတွက် ဈေးက တက်လာတာ လို့သိရပါတယ်။  

ပုသိမ်ဈေးကွက်မှာလည်းအခြားဆန်စပါးတွေက ငြိမ်နေပြီးဧည့်မထဆန်နဲ့စပါးကတော့ ဈေးတက်လာပါတယ်။ ဧည့်မထ စပါးကတော့ လတ်တလော ပစ္စည်းလက်ကျန် လျော့နည်းလာလို့ ဈေးက ဆက်တိုက်တက်နေခဲ့ ပါတယ်။  

ရန်ကုန်ဈေးကွက်မှာ ဧည့်မထဆန် တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ဧည်မထ ၂၅ % က တစ်အိတ်ကို ၂၁၀၀၀ ကနေ ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ငစိန် ဆန်ကလည်း တစ်အိတ်ကို ၁၉၅၀၀ ကနေ ၂၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။  

ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ဧည့်မထ စပါးက တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၀၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀၀ ကျပ်၊ဈေးတက်လာ ပါတယ်။ 

မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေး တက်လာ ပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။  

ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ နဲ့ ဈေးငြိမ်နေပြီး ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။  

မတ်ပဲ  

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်ဈေးကကျဆင်းသွားခဲ့ပါတယ်။တစ်ပတ်အတွင်း မှာတော့ အတက်အကျ ပြောင်းလဲမှုက သိပ်မရှိပဲ အရောင်းအဝယ်ကလည်း ပုံမှန်ပဲ ရှိနေပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၇၃၀၀၀ ကျော်နဲ့အရောင်းအဝယ်ဖြစ်နေပြီး ပြီးခဲ့ဲတဲ့ အပတ် နဲ့ ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၃၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ် ပါတယ်။  

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၉၀၀၀ ကနေ ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ မတ်ပဲနည်းတူ ဈေးက အတက်အကျ အနည်းငယ်နဲ့ တစ်ပတ်အတွင်း ပြောင်းလဲနေခဲ့ ပါတယ်။ ထူးထူးခြားခြားပြောင်းလဲမှုမျိုးတော့ မရှိတာကိုတွေ့ရပါတယ်။အဝယ်ကတော့ ပုံမှန်အနေအထားရှိနေ ပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။  

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၄၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀ လောက်သာ ဈေးကျဆင်းသွား ပါတယ်။  

ပဲလွန်းဖြူ  

ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပြီး တောက်လျှောက်ဈေးတက်နေခဲ့ပါတယ်။ ဝယ်ယူမှု ပိုလာပြီးလက်ကျန်လျော့နည်းတဲ့အတွက်ဈေးတက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၆၅ ကနေ ၁၈၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၆၅ ကျပ်ဈေး တက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၂၀ ပိဿာဝင် တစ်အိတ်ကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။

စီပီပြောင်း  

စီပီပြောင်းကတော့ ဈေးတက်နေတာ ၂ ပတ်ဆက်တိုက် ရှိနေပါပြီ။တရုတ်တင်ပို့မှုကတည်း လက်ရှိမှာ ပုံမှန တင်ပို့နေပီဖြစ်တဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်ကမှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၇၅၀၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်ပိဿာကို ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။  

ကြက်ဆူ  

ကြက်ဆူကတော့ ဒီတစ်ပတ်မှာဈေးက ကျဆင်းသွားပါတယ်။ အဝင်များတဲ့အတွက်ဈေးက ကျဆင်းသွား တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျော်လောက်ဈေး ကျဆင်းသွားပါတယ်။  

အာလူး  

ပြီးခဲ့တဲ့အပတ်က ဈေးတက်ခဲ့တဲ့ အာလူးက ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။ တရုတ်ကနေ ဝင်တဲ့ အာလူးတွေကလည်း ဈေးကွက်အတွင်း အများအပြားရှိနေတဲ့အတွက် ပြည်တွင်းအာလူးဈေးကွက်က ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၄၅၀ ကနေ ၅၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ လောက်ဈေးကျဆင်းသွားပါတယ်။