menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၂၀.၇.၂၀၂၀ မှ ၂၄.၇.၂၀၂၀ )ထိ
မတ်ပဲ
မတ်ပဲကတော့ လတ်တလော အတက်အကျကတော့ မငြိမ်ပါဘူး။ ငွေဈေးကလည်း အပြောင်းအလဲ များနေသလို ပြည်ပဝယ်ယူမှုကလည်း လိုအပ်သလောက်သာ ရှိတဲ့အတွက် ဈေးက တည်ငြိမ်မှုမရှိတာလည်း ဖြစ်ပါတယ်။ ဒီတစ်မှာတာ့ တစ်တန်ကို ၉၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်သာ အပြောင်းအလဲ ရှိပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ နှစ်ပတ် ဆက်တိုက် တစ်တင်းကို ၃၀၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပဲစင်းငုံနီကလည်း လက်ရှိမှာ ဈေးက မငြိမ်ပါဘူး။ ပြည်တွင်း လက်ကျန် လျော့နည်းပေမယ့် အိန္ဒိယ ဝယ်လိုအားတစ်ခု သာ များတဲ့အတွက်ကြောင့် အတက်ဈေးတော့ မရှိသေးတာ တွေ့ရပါတယ်။
အိန္ဒိယမှာ ပဲလိုအပ် ချက်ရှိပေမယ့် အိန္ဒိယကုန်သည်တွေကိုလည်း စောင့်ကြည့်ဝယ်ယူကြောင့် ထင်သလောက် မတက်လာတယ်လို့လည်းကုန်သည် တွေက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၁၇၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၁၀၀၀၀ေ လာက်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၇၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းပါ တယ်။နယ်ဈေးကွက်အချို့မှာတော့ အရောင်းအဝယ် ရှိနေပါတယ်။ တရုတ်ဘက်က အဝယ်ပြန်လိုက်လာတဲ့အတွက်ဈေးငြိမ်ပေမယ့် အရောင်းအဝယ်သွက်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ပခုက္ကူ၊ဝါးခယ်မ) က တစ်ပိဿာကို ၁၈၅၀ ကနေ ၁၉၂၀ ပေါက်ဈေးရှိပြီး ၈၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ နှစ်ပတ်ဆက်တိုက်ကို ဈေးငြိမ်နေပါတယ်။ ပုံမှန် အရောင်းအဝယ် ပဲ ရှိနေပြီး အချို့ ဒေသတွေမှာတော့ အရောင်းအဝယ် မရှိပဲငြိမ်နေတယ်လို့သိရပါတယ်။ ဈေးမဖွင့်တာ ကြာပြီ ဖြစ်တဲ့ ရန်ကုန် မှာတော့ ကုလားပဲလုံးက တစ်ပိဿာကို ၁၂၆၅ ကနေ ၁၂၈၅၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၃၃၀ ကနေ ၁၃၅၀ နဲ့ ဈေး ပြန်ဖွင့်ပါတယ်။
မန္တလေးဈေးကွက်မှာလည်း ကုလားပဲလုံး ထိုင်ဝမ်က သုံးတင်းဝင် တစ်အိတ်ကို ၆၈၀၀၀ ကနေ ၆၉၀၀၀ပေါက်ဈေးရှိပါတယ်။ကုလားပဲ v2 ကတော့ တစ်အိတ်ကို ၇၂၀၀၀ ကနေ ၇၄၀၀၀ပေါက်ဈေးရှိပြီး v၇ က ၇၂၀၀၀ နဲ့ 929 တို့ကလည်း တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၂၀၀၀ နဲ့ အပြောင်းအလဲ မရှိပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ ၉၂၉ က တစ်တင်းကို ၂၄၇၀၀ နဲက ၅၀၀ ကျပ် ဈေးတက်လာပြီး ၊ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၄၅၀၀ နဲက နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေပါတယ်။
အာလူး
အာလူးက ဒီတစ်ပတ်မှာတော့ ဟဲဟိုး မရှိတော့ပဲ အောင်ပန်း အာလူးတွေ ဈေးကွက်အတွင်း အဝင်ရှိလာပါတယ်။ အတက်ဈေးနဲ့ အဝင်ရှိ နေတာပါ။ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၅၈၀ ကနေ ၈၃၀ ပေါက်ဈေးရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ အနည်းငယ် တက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှု များတဲ့ အတွက်ကြောင့်ေ ဈးက တက်လာတာဖြစ်ပါတယ်။ နယ်ဈေးကွက်တွေမှာတော့ အဝင်များနေပြီးဈေးကတော့ အနည်းသာ အပြောင်းအလဲ ရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၄၀၀ ကနေ ၄၇၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေး တက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၂၅၀ ကနေ ၄၁၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ်ဈေးကျဆင်း သွားပါတယ်။ မြင်းခြံမှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၄၂၅ ကျပ်ရှိပြီး ၁၅ ကျပ်ဈေးတက်လာပါတယ်။