menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်(၃.၈.၂၀၂၀ မှ ၇.၈.၂၀၂၀) ထိ

ဆန်စပါး
 
ဒီတစ်ပတ် ဆန်စပါးကတော့ စျေးငြိမ်နေပါတယ်။ပြီးခဲ့တဲ့ အပတ် ကတည်းက စျေးငြိမ်နေတာဖြစ်ပြီးတော့ ဆန်ကောင်း မှ စျေးကောင်းရတဲ့ အခြေအနေဖြစ်ပါတယ်။ ရန်ကုန်ဝါးတန်းစျေးကွက်မှာ မြောင်းမြပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်ကို ၃၈၅၀၀ ကနေ ၄၁၀၀၀ ပေါက်စျေးရှိပါတယ်။ဖျာပုံပေါ်ဆန်းဆန်က တစ်အိတ်ကို ၃၅၅၀၀ ကနေ ၃၈၀၀၀ ပေါက်စျေးရှိပါတယ်။ဒေးဒရဲ ပေါ်ဆန်းစပါးကတော့ တစ်အိတ် ကို၃၅၅၀၀ ကနေ ၃၈၀၀၀ ပေါက်စျေးရှိပါတယ်။ 

ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်ကတော့ တစ််အိတ်ကို၂၉၀၀၀ ကနေ ၃၀၀၀၀ ပေါက်စျေးရှိပါတယ်။ဧည့် မထဆန်ကတော့ တစ်အိတ်ကို၂၂၅၀၀ ကနေ ၂၃၂၀၀ ပေါက်စျေးရှိပါတယ်။ဧည့်မထ ၂၅ % ကတော့ တစ်အိတ်ကို ၁၉၀၀၀ ကနေ ၂၀၀၀၀ ပေါက်စျေးရှိပါတယ်။ 

ပေါင်းတည် မှာတော့ အင်းလယ် စပါးက တင်း ၁၀၀ ကို ၆၈၀၀၀၀ ကနေ ၇၀၀၀၀၀ ပေါက်စျေးရှိပြီး တစ်သောင်း ကျော်စျေးတက်လာပါတယ်။ ဧရာဝတီတိုင်းမှာတော့ ဆန်စျေးရောစပါး စျေး က ငြိမ်နေပါတယ်။

 မတ်ပဲ

 မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက စျေးငြိမ်နေခဲ့ပါတယ်။ကုန်သည်တွေ အနေနဲ့စောင့်ကြည့် နေပြီးပဲ ဝင်ရောက်မှုကလည်း မရှိတဲ့အတွက် စျေးက အတက်အကျ သိပ်မရှိပဲ ငြိမ်နေတာ ဖြစ်ပါတယ်။ ကုန်သည်တွေကတော့ ပဲစျေးက လာမယ့် ရွေးကောက်ပွဲ ပြီး မှသာ စျေးက ပြန် တက်နိုင်မယ်လို့ သုံး သပ်ထားပါ တယ်။ 

ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၄၅၀၀၀ ပေါက်စျေးရှိပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၅၀၀၀ ပေါက်စျေးရှိပါတယ်။ 

ပဲစင်းငုံနီ 

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာတော့ စျေးက ကျဆင်းသွားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကတည်းက စျေးက တစ်ဖြေးဖြေး ကျဆင်းနေတာဖြစ်ပါတယ်။စျေးကွက်ထဲမှာတော့ ပဲတွေလည်း မရှိတော့ဘူးလို့သိရပါတယ်။ အိန္ဒိယဝယ်ယူမှုကတော့ လတ်တလော ငြိမ်နေတယ်လို့ သိရပါတယ်။ 

ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၈၀၅၀၀၀ ပေါက်စျေးပြီး ပြီးခဲ့တဲ့ အပတ်က အတိုင်း စျေးက ငြိမ်နေပါတယ်။ မန္တလေးစျေးကွက်မှာတော့ တစ်အိတ်ကို ၇၅၀၀၀ ကနေ ၇၅၅၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ပါတယ်။ 

ပဲတီစိမ်း

 ပဲတီစိမ်း ကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲတွေ ပုံမှန် ပြန်ဝင်လာပါတယ်။ ရက်အတော်ကြာ အရောင်းအဝယ် မရှိပေမယ့် ဒီတစ်ပတ်မှာတော့ အတက်စျေး နဲ့ တက်လာတာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊၀ါးခယ်မ) တို့က တစ်ပိဿာကို ၁၈၆၅ ကနေ ၂၁၇၀ ပေါက်စျေးရှိပါတယ်။ မန္တလေးစျေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်စျေးတက်လာပါတယ်။ 

စားတော်ပဲလုံး 

စားတော်ပဲလုံးကတော့ ဒီတစ်ပတ်မှာ စျေးက တက်လာပါတယ်။ပြည်တွင်း ဝယ်ယူမှု ပိုလာတဲ့အတွက်ကြောင့် စျေး တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်စျေးကွက်မှာ စားတော်ပဲလုံးက တစ်ပိဿာကို ၁၇၅၀ ကနေ ၂၅၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်စျေးရှိပါတယ်။

 ကြက်သွန်နီ

 ကြက်သွန်နီက ဒီတစ်ပတ်မှာ စျေးက တက်လာပါတယ်။စျေးကွက်ထဲကို ကားဝင်တဲ့ စီးရေ လျော့နည်းတဲ့အတွက် စျေးက တက်လာတာဖြစ်ပြီး ရာသီဥတုကြောင့် ကြက်သွန်နီတွေ စျေးကွက်ထဲကို ထိန်းဝင်နေလို့ စျေးက တက်နေခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ)တို့က တစ်ပိဿာကို ၄၂၅ ကနေ ၅၇၅ပေါက်စျေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်လောက်စျေးတက်လာပါတယ်။ 

ပခုက္ကူကုန်စည်ဒိုင်စျေးကွက်မှာလည်း တစ်ပိဿာကို ၃၀၀ ကနေ ၄၇၅ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ် စျေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၄၃၅ ပေါက်စျေးရှိပြီး ၁၅ ကျပ်လောက်စျေးတက်လာပါတယ်။ 

ငရုတ်ပွ 

ဒီတစ်ပတ်မှာတော့ငရုတ်စျေးတွေက မထင်မှတ်အောင် ပြန် တက်လာခဲ့ပါတယ်။ ပြည်တွင်း ဝယ်ယူမှု များပြီး စျေးကွက်အတွင်း ဝင်ရောက်မှု နည်းတဲ့အတွက်စျေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။ 

ရန်ကုန်စျေးကွက်မှာငရုတ်ပွ(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၇၅၀၀ ကနေ ၈၀၀၀ ပေါက်စျေးရှိပြီးတစ်ပိဿာ ကို ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ ငရုတ်ပွ(မြစ်ဝကျွန်းပေါ်)ကတော့တစ်ပိဿာကို ၆၀၀၀ ကနေ ရဝဝဝေ ပါက်စျေးရြှိပီး တစ်ပိဿာကို ၂၅၀၀ ကျပ်စျေးတက်လာပါတယ်။ 

အာလူး 

အာလူးစျေးကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီး တက်လာပါတယ်။ အဝင်နည်းတဲ့အတွက်စျေးတက် လာတာဖြစ်ပါတယ်။ အာလူး(အောင်ပန်း)က တစ်ပိဿာကို၅၅၀ ကနေ ၈၈၀ ပေါက်စျေးရှိပြီးတစ်ပိဿာကို ၈၀ ကျပ်စျေး တက်လာပါတယ်။ 

နှမ်းနက်(စမုံ)

 ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံရှိတဲ့အနက် နှမ်းနက်(စမုံ)ကတော့ေ စျးအနည်းငယ် ထပ်ပြီး တက်လာပါတယ်။ တရုတ်ဘက်က ဝယ်ယူမှု များလာတဲ့အတွက်စျေးက တက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးစျေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၂၁၃ဝဝဝပေါက်စျေးရှိပြီး ၁၀၀၀၀ ကျော်စျေးတက်လာပါတယ်။