menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၂၄.၈.၂၀၂၀ မှ ၂၈.၈.၂၀၂၀ )ထိ

တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံစျေးနှုန်းများ
ဝတ်ရည်မွန်(AMIA) ရန်ကုန်

မတ်ပဲ 

မတ်ပဲက ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အနည်းငယ်သာ အပြောင်းအလဲရှိပါတယ်။ လက်ရှိ အခြေအနေကတော့ ပြည်ပကို ပုံမှန်တင်ပို့မှုရှိပေမယ့် စျေးက မတက်လာပဲ ဖြစ်နေပါတယ်။ လက်ရှိပြည်တွင်း ကုန်သည်များအကြားလည်း အငြင်းပွားမှုများ ဖြစ်နေပြီး အချို့ကုန်သည်များက ပဲရောင်းဝယ်မှုကို စောင့်ကြည့်နေတဲ့အခြေအနေဖြစ်နေပါတယ်။ ဒီတစ်ပတ် ရန်ကုန် စျေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၅၀၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ပါတယ်။ မန္တလေး စျေးကွက်မှာတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၆၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ ကျပ်စျေး ကျဆင်းသွားပါတယ်။ 

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာတော့ အနည်းငယ်စျေးက ပြန်တက်လာပါတယ်။ ပြန်တက်လာတယ် ဆိုပေမယ့် လဆန်းပိုင်း နဲ့ ယှဉ်ရင်တော့ စျေးက ကျဆင်းသွားတဲ့အခြေအနေဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိမှာ ပဲ လက်ကျန် တွေ လုံးဝမရှိတော့ပါဘူး။ ပြည်တွင်းငွေလဲလှယ် စျေးနှုန်းပေါ်မူတည်ပြီး စျေးက ပြောင်းလဲ နေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၈၂၂၅၀၀ ကျော်ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၂၀၀၀၀ ကျော်စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ တစ်အိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်စျေးတက်လာပါတယ်။ 

ကြက်သွန်နီ 

ကြက်သွန်နီကတော့ ဒီတစ်ပတ်စျေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက စျေးက ကျဆင်းနေတာ ဖြစ်ပါတယ်။ ကုန်စည်ဒိုင် ကို နေ့စဉ် ဝင်ရောက်မှုများပြားတဲ့အတွက်စျေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ တစ်ပိဿာကို ၄၂၅ ကနေ ၅၀၀ ပေါက်စျေးရှိပြီး ၂၅ ကျပ်စျေး ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၂၅၀ ကနေ ၄၀၀ ပေါက်စျေးရှိပြီး ၂၅ ကျပ်စျေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၄၃၅ ပေါက်စျေးရှိပြီး ၃၅ ကျပ် စျေးကျဆင်းသွားပါတယ်။ 

ကြက်သွန်ဖြူ(ကြူကုတ်) 

ရန်ကုန်စျေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)က ဒီတစ်ပတ် စျေးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ် ကတည်းက စျေးတက်နေတာဖြစ်ပါတယ်. တရုတ်အဝင် မရှိတဲ့အတွက်စျေးက တစ်ဖြေးဖြေး တက်နေတာလည်း ဖြစ်ပါတယ်။ တစ်ပိဿာကို ၁၈၀၀ ကနေ ၁၈၅၀ ပေါက်စျေးရှိပြိး ၅၀ ကျပ်စျေးတက်လာပါတယ်။ 

မြေပဲလုံးဆံ(နီ၊ဖြူ) 

မြေပဲလုံးဆံ(နီ၊ဖြူ)ကတော့ ဆက်တိုက် တက်နေခဲ့ပြိးတော့ ဒီတစ်ပတ်မှာတော့ စျေးက ပြန်ကျဆင်းသွားပါတယ်။ မျိုးပဲတွေသာ အရောင်းအဝယ်ဖြစ်နေပြီး လက်ကျန်ပဲတွေလည်း မရှိတော့ပဲတွေက စျေးကျဆင်းသွား တာဖြစ်ပါတယ်။ အချို့ဒေသတွေမှာတော့ မျိုးပဲတွေ အဝယ်များတဲ့အတွက်စျေးက တက်လာပါတယ်။ မုံရွာစျေးကွက်မှာ မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၂၉၀၀ ကနေ ၃၀၀၀ ပေါက်စျေးရှိပြီး ၁၅၀ ကျပ်စျေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို မြေပဲလုံးဆံနီက တစ်ပိသဿာကို ၃၂၀၀ ပေါက်စျေးရှိပြီး ၁၀၀ ကျပ် စျေးတက်လာပါတယ်။ မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၃၁၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်စျေး တက်လာပါတယ်။ 

နှမ်းမျိုးစုံ 

နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အရောင်းအဝယ်ကပုံမှန်ရှိပေမယ့် အရည်အသွေးညံ့တဲ့အတွက်ကြောင့် စျေးရရှိမှု နည်းတယ်လို့သိရပါတယ်။ 

နှမ်းနက်(စမုံ) 

နှမ်းနက်(စမုံ)(ထိပ်စ)ကတော့ စျေးကွက်အတွင်းအမြင့်စျေးနဲ့အရောင်းအဝယ် ရှိပေမယ့် တစ်ဆင့်နိမ့်တဲ့ နှမ်းတွေကတော့ စျေးကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ််ကို ၁၅၀၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀၀ ပေါက်စျေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၈၀၀၀၀ ပေါက်စျေးရှိပြီး ၄၀၀၀ ကျပ်စျေးကျဆင်း သွားပါတယ်။ 

နှမ်းဖြူ 

နှမ်းဖြူကလည်း ဒီတစ်ပတ်မှာေ စျးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၁၀၈၀၀၀၀ ကနေ ၁၁၃၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၁၆၀၀၀ ကနေ ၁၂၄၀၀၀ ပေါက်စျေးရှိပြီး ၁ဝဝဝကျပ်စျေးကျဆင်းသွားပါတယ်။