menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၇.၉.၂၀၂၀ မှ ၁၁.၉.၂၀၂၀) ထိ
တစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
ဝတ်ရည်မွန်(AMIA) ရန်ကုန်၊
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေ ငြိမ်နေပေမယ့် ဧရာဝတီတိုင်းမှာတော့ ဈေးက ဆက်တိုက် ကို တက်နေခဲ့ပါတယ်။ ဆန်က လက်ကျန်နည်းတဲ့အပြင် ဆန်စက်ပိုင်ရှင်တွေက အဝယ်များတဲ့အတွက်ကြောင့် ဈေးက တက်နေတာဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ဆန်တွေကို ကြိုတင်ဝယ်ယူသိုလှောင်တာတွေကြောင့်လည်း ဈေးက တက်နေတာပါ။
ဧရာဝတီတိုင်းမှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၈၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပုသိမ်ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆၀၀၀ ကျပ် ဆန်ကတော့ တစ်အိတ်ကို ၂၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀၀ကျပ်ဈေး တက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၈၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တစ်အိတ်ကို ၆၉၅ ၀၀၀ပေါက်ဈေးရှိပြီး ၁၄၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၇၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ကို ၈၃၃၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည်စပါးကတော့ တင်း ၁၀၀ ကို ၆၂၅၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၁၃၀၀၀ပေါက်ဈေးရှိပြီး ၈၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကျပ်ရှိပါတယ်။ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၈၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဆန်နဲ့စပါးတွေကတော့ လက်ရှိမှာ ထပ်ပြီး တက်နိုင်ခြေရှိတယ်လို့သိရပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ပုံမှန်အရောင်းအဝယ်ရှိပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။ ပြည်တွင်းငွေလဲ လှယ်နှုန်းဈေးကြောင့် ပဲဈေးက ပိုကျဆင်းသွားတယ်လို့သိရပါတယ်။ အိန္ဒိယက ပြန်လည်ဝယ် ယူမယ်ဆိုတဲ့သတင်းတွေကြောင့် ပြီးခဲ့တဲ့အပတ်က ကုန်သည်တွေက သုံးသပ်ပေမယ့်လည်း ဈေးက မတက်လာပဲ ကျဆင်းသွားတာတွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၁၄၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅၀၀၀ လောက်ဈေးကကျဆင်းသွာခဲံပါတယ်။
မန္တလေး ဈေးကွက်မှာတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပါတယ်။ ပဲစင်းငုံနီကလည်း ယခုလမှာ ဈေးက တက်နိုင်မယ်လို့သုံးသပ်ပေမယ့် ငွေဈေးကြောင့် ဈေးကမတက်ပဲ ကျဆင်းသွားတယ်လို့ဆိုပါတယ်။ ထို့ပြင် ဈေးချဝယ်ယူမှုတွေ ရှိနေတယ်လို့လည်းသိရပါတယ်။ ပြည်တွင်းမှာ ပဲစင်းငုံနီက လက်ကျန်က တန်ချိန်က တစ်သိန်း နီးပါးသာကျန်ရှိတဲ့အတွက် အတက်ဈေးကို တော့ကုန်သည်တွေက မျှော်လင့်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၀၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်း
နှမ်းကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်ဈေးကျဆင်းသွားပါတယ်။ နှမ်းအသစ်တွေ ဈေးကွက် ထဲကို ဆက်တိုက် ဝင်ရောက်လာခဲ့တဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)က တစ်ပတ်အတွင်းမှာတော့ ဈေးက အတက်အကျအပြောင်းအလဲ မငြိမ်တာတွေ့ရပါတယ်။ ဈေးကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အနည်းငယ်သာ အတက်အကျရှိ့ပါတယ်။
မန္တလေးဈေးကွက်မှာ တော့ သုံးတင်းဝင် တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက် လာပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးက ကျဆင်းသွားပါတယ်။ နှမ်းအသစ်တွေ ဈေးကွက်ထဲ ဆက်တိုက် ဝင်နေခဲ့ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မကွေးကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၄၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။