menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၅.၁၀.၂၀၁၉ မှ ၁၈.၁၀.၂၀၁၉)ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဆန်ဈေးရော စပါးဈေးရော ငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကောင်းရင် ဈေးကောင်းရနေပြီး အနည်းငယ် အရည်အသွေးညံ့တာနဲ့ ဈေးမရတဲ့အခြေအနေလည်းဖြစ်နေပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာလည်း ဒီတစ်ပတ်က ဈေးငြိမ်နေပါတယ်။ ဆက်တိုက်ကို ကျဆင်းသွားခဲ့ပေမယ့် မကြာခင် အသစ်တွေ အရောင်းအဝယ်လုပ်တော့မှာဖြစ်တဲ့အတွက် အဟောင်းက ဈေးငြိမ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
၁၆ ရက်နေ့က အစိုးရမှာ စပါးဈေးကို အကြမ်းဖျင်းဈေး ငွေကျပ် ၅ သိန်းကျပ် သတ်မှတ်ခဲ့ပေမယ့် မြေပြင်မှာ သတ်မှတ်ချက်အတိုင်း မရတဲ့အတွက် တောင်သူများအကြား အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။
ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၂၄၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၁၁၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၂၅၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်နေခဲ့ပါတယ်။ မြောင်းမြပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၇၄၅၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀၀ ကျော် ဈေး ကျဆင်းသွားပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ပြီး တက်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မထင်မှတ်အောင် ပြန်တက်လာခဲ့ပါတယ်။ ယခု ၂၅ ရက်နေ့ အိန္ဒိယသို့ အပြီးတင်သွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် အခုလို အဝယ်ပြန်လိုက်လာပြီး ဈေးတက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို တစ်ပတ်အတွင်း တစ်သိန်းကျော်ဈေးက တက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲ တစ်တင်းကို ၂၅၇၅၀ ပေါက်ဈေးရှိပြီး ၂၇၅၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၂၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးကုန်စည်ဒိုဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၆၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲကတော့ လတ်တလော ဈေးက ဆက်တက်နိုင်ခြေတွေရှိပါတယ်။ အိန္ဒိယရဲ့ လာမယ့် ပဲဝယ်ယူမှု မူဝါဒ အပြောင်းအလဲမှာတော့ စောင့်ကြည့်ရမယ့် အခြေအနေလည်းဖြစ်ပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်တက်လာပါတယ်။ လက်ရှိမှာ မတ်ပဲ ရောင်းဝယ်မှုနဲ့အတူ ပဲစင်းငုံနီပါ အရောင်းအဝယ်ပြန်သွက်လာတဲ့အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဈေးတက် ပေမယ့်လည်း ထင်သလောက် များများစားစားတက်လာတာ မဟုတ်ပဲ ဈေးက ထိန်းထားတဲ့အခြေအနေလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂ သောင်းဈေးက ပြန်တက်လာခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန် စည်ဒိုင်မှာတော့ ၂၈၃၀၀ ပေါက်ဈေးရှိပြီး ၁၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၆၀၀၀ ကနေ ၈၇၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းသွားခဲ့တဲ့ ကုလားပဲကတော့ ဒီတစ်ပတ်မှာဈေးက တက်လာခဲ့ပါတယ်။ ပွဲတော် ကာလ ဖြစ်တဲ့အတွက် ကုန်စည်ဒိုင်အတွင်း အဝင်နည်းပြီး ဈေးက တက်လာခဲ့တာလာည်း ဖြစ်ပါတယ်။ ပြည်တွင်း ဝယ်လိုအားကလည်း အနည်းငယ်တက်လာခဲ့တဲ့အတွက် ဈေးက အနည်းငယ်တက်လာတာပါ။
(ကုလားပဲလုံးဝါ)
မုံရွာဈေးကွက်မှာတေ့ာ ကုလားပဲလုံဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၅၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၅၁၀၀ ပေါက် ဈေးရှိပြီး ၄၅၀ လောက်ဈေးတက်ာလခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၆၅၀ ပေါက် ဈေး ရှိပြီး ၁၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
(ကုလားပဲလုံးဖြူ)
ကုလားပဲလုံးဝါက ဈေးတက်လာခဲ့ပေမယ့် ကုလားပဲလုံးဖြူကတော့ ဈေးက ကျဆင်းသွားတာ တွေ့ရပါတယ်။ အချို့နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ငြိမ်နေပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲလုံးဖြူ(ကြီး၊သေး)က တစ်တင်းကို ၂၅၆၀၀ ကနေ ၂၆၇၀၀ ပေါက်ဈေး ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။ ကုန်စည်ဒိုင်တွေကို တစ်နေ့ အဝင် တန်ချိန် ၁သိန်းကနေ ၁ သိန်းခွဲ ကြား ရှိပေမယ့် ပွင့်လင်းရာသီဖြစ်လာတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ပြီး ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုကလည်း ပုံမှန်ရှိနေတဲ့အတွက် ဈေးက ဒီတစ်ပတ်မှာလည်း တက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၇၅၀ ကနေ ၁၄၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၉၀၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဒီတစ်ပတ်မှာထပ်ပြီး ဈေးက တက်လာခဲ့ပါတယ်။ ကုန်အဝင်ပုံမှန်အရောင်းအဝယ်ပုံမှန်ရှိတဲ့အတွက် ဈေးကတော့ အများအားဖြင့် ငြိမ်နေပေမယ့် ဒီတစ်ပတ်မှာတော့ အဝင်နည်းပြီး အရောင်းသွက်လာတဲ့အတွက် ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ် ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(အောင်ပန်း)က တစ်ပိဿာကို ၂၂၀၀ ကနေ ၃၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်လောက်ဈေးတက်လာခဲ့ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးက ပြန်ကျဆင်းသွားပါတယ်။ လတ်တလောမှာတော့ ကြက်သွန်အဝင်ပေါ်မူတည်ပြီးဈေးက အတက်အကျအနည်းငယ်ရှိကာ လက်ရှိပေါက်ဈေးက တစ်ပိဿာကို ၂၅၀၀ ကနေ ၂၅၅၀ ဖြစ်ပါတယ်.။
အသီးဈေးကွက်
ဒီတစ်ပတ်မှာတော့ သီရိမင်္ဂလာဈေးကွက်မှာ အသီးဈေးတွေ တက်လာခဲ့ပါတယ်။ သီတင်းကျွတ်ကာ လ ဖြစ်တဲ့အတွက် အဝယ်များအရောင်းသွက်ပြီး ဈေးကတက်လာတာဖြစ်ပါတယ်။ အသီးတွေက ဈေးတက်လာပေမယ့် ကုန်စိမ်းသီးနှံတွေကတော့ ဈေးက ကျဆင်းသွားခဲ့ပါတယ်။
သရက်သီးက တစ်လုံးကို ၁၀၀၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
နာနတ်သီးကတော့ တစ်လုံးကို ၇၀၀ ကနေ ၉၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
ငှက်ပျောသီး ကတော့ တစ်ဖီးကို ၂၀၀၀ ကနေ ၃၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပန်းသီးကတော့ တစ်သေတ္တာကို ၂၀၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပန်းဂေါ်ဖီကတော့ တစ်ပွင်းကို ၄၀၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
နံနံပင်က တစ်ပိဿာကို ၁၃၀၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဂေါ်ဖီထုပ်ကတော့ တစ်ထုပ်ကို ၃၀၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)