menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
၅.၁၀.၂၀၂၀ မှ ၉.၁၀.၂၀၂၀) ထိ
တစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံစျေးနှုန်းများ
ဝတ်ရည်မွန်(AMIA) ရန်ကုန်
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ လည်း ထပ်ပြီးစျေးတွေ တက်လာပါတယ်။ အိန္ဒိယကနေ ပဲတွေဆက်တိုက် ဝယ်ယူမှုတွေကြောင့် စျေးက တက်နေခဲ့တာဖြစ်ပါတယ်။ပဲတွေကတော့ လက်ရှိတောင်သူတွေ လက်ထဲ မှာတော့ မရှိပါဘူး။ ကုန်သည်များအကြားသာ အရောင်းအဝယ်ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်စျေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၂၀၀၀၀၀ ပေါက်စျေးရှိပြီးတစ်ပတ်အတွင်း တစ်တန်ကို ၇၀၀၀၀ ကျော်စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၂၀၀၀ နီးပါးစျေးတက်လာခဲ့ပါတယ်။
မော်လမြိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၉၀၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၂၄၀၀ ကျပ်စျေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာစျေးတက်လာပါတယ်။ မတ်ပဲ နည်းတူ အိန္ဒိယက ဝယ်ယူမှုတွေ ပြုလုပ်လာတဲ့ အတွက် စျေးတက် လာတာဖြစ်ပါတယ်။ လက်ရှိနယ်စျေးကွက်တွေမှာ ပဲအသစ်တွေ စဝင်ရောက်လာတာတွေ့ ရပါတယ်။
ရန်ကုန်စျေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၉၂၀၀၀ ဝပေါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၁ သိန်းနီးပါး စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၈၇၀၀၀ မှ ၈၈၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၁၅၀၀ ကျပ်စျေးတက်လာပါတယ်။
အောင်လံစျေးကွက်မှာတော့ တစ်တင်းကို ၂၇၅၀၀ မှ ၂၈၅၀၀ ပေါက်စျေးရှိပြီးတစ်တင်းကို ၂၅၀၀ ကျပ်စျေး တက်လာပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း စျေးက တက်နေပါတယ်။ ပြည်ပ ဝယ်ယူမှုရော ပြည်တွင်း ဝယ်ယူမှုရော ရှိနေတဲ့အတွက်စျေးက တက်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဟောင်းတွေ မရှိတော့ပဲ ပဲအသစ်တွေကထွက်ရှိပြီး အရောင်းအဝယ် ကောင်းနေပါတယ်။
ရန်ကုန်စျေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၅၃၀ ကနေ ၁၆၃၅ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၀၀ နီးပါး ကျပ်စျေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကလည်း တစ်ပိဿာကို ၁၅၃၀ ကနေ ၁၆၃၅ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်စျေးတက်လာပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၀၅၀ ကျပ်ကနေ ၂၂၀၀ ပေါက်စျေးရှိပြိး ၃၅၀ ကျပ်စျေးတက်လာပါတယ်။ မန္တလေးစျေကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၈၅၀၀၀ ကနေ ၈၈၂၀၀၀ ပါက်စျေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်စျေးတက်လာပါတယ်။
ကုလားပဲ V2 ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၅၀၀၀ ပေါက်စျေးရှိပြီး ၅၀၀၀ ကျပ်စျေးတက်လာပါတယ်။ ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ကျပ်ရှိပြီးတစ်အိတ်ကို ၆၀၀၀ ကျပ်စျေးတက်လာပါတယ်။
ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၉၂၀၀၀ ကနေ ၉၃၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်အသီးသီး စျေးတက်လာပါတယ်။ ကုလားပဲကတော့ စျေးက ထပ်ပြီး တက်နိုင်ခြေရှိပါတယ်။
စွန်တာပဲ
စွန်တာပဲက နယ်စျေးကွက်မှာ စျေးတက်နေခဲ့ပါတယ်။ ဝယ်ယူမှုများပြားပြီး လက်ကျန်လျော့နည်းတဲ့ အတွက် ကြောင့် စျေးတက်နေတာလို့သိရပါတယ်။ ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၁၀၂၅ ကနေ ၁၁၅ဝေ ပါက်စျေးရှိပြီး တစ်ပိဿာကိုရ၀ ကျပ်စျေးတက်လာ ပါတယ်။ မန္တလေးစျေးကွက်မှာ စွန်တာပဲ (ရိုးရိုး)က တစ်အိတ်ကို ၅၉၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅ဝဝဝကျပ် စွန်တာ(ကသဲ) ကတော့ တစ်အိတ်ကို ၆၅၀၀၀ ကနေ ၆၆၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ် စျေးတက်လာပါတယ်။
ကြက်သွန်ဖြူ
ပြီးခဲ့တဲ့ အပတ်က စျေးကျဆင်းသွားခဲ့တဲ့ ကြက်သွန်ဖြူတွေက ဒီတစ်ပတ်မှာတော့ စျေးက တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူမှု များပြားလာတဲ့အတွက်ကြောင့် စျေးက တက်နေတယ်လို့သိရပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၁၄၀၀ ကနေ ၂၂ဝဝပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်စျေးတက် လာပါတယ်။ ကြူကုတ်ကတော့ တစ်ပိသာကို ၂၀၀၀ ပေါက်စျေးရှိပြီး ၂၅၀ ကျပ်စျေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ကျဆင်းသွားပါတယ်။ အဝင်တွေက များလာတဲ့အပြင် ပြည်ပ တင်ပို့မှု အနည်းငယ်အေးသွားတဲ့အတွက်ကြောင့် စျေးက ပြန်ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းလက်ကျန်တွေကလည်း များတဲ့အတွက်ကြောင့် စျေးက ကျဆင်းနိုင်ခြေရှိသေးတယ်လို့ကုန်သည် တွေ ဆိုပါတယ်။
ရန်ကုန်စျေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၈၀၀ ကနေ ၁၁၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်စျေးပြန်ကျဆင်းသွားပါတယ်။ အာလူး အာလူးက ဒီတစ်ပတ်မှာတော့ စျေးက တက်လာပါတယ်။ ကုန်အဝင်နည်းပြီးပြည်တွင်း ဝယ်ယူမှုများတဲ့အတွက် စျေးက တက်လာတာဖြစ်ပါတယ်။ အောင်ပန်စျေးကွက်မှာ အာလူးက တစ်ပိဿာကို ၈၀၀ ကနေ ၁၃၅၀ ပေါက်စျေးရှိပြီးတစ်ပိဿာကို ၃၅၀ လောက်စျေးတက်လာပါတယ်။