menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၂.၁၀.၂၀၂၀ မှ ၁၆.၁၀.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံစျေးနှုန်းများ
ဝတ်ရည်မွန်(AMIA) ရန်ကုန်
ဆန်၊ စပါး
ရန်ကုန်စျေးကွက်မှာတော့ ဆန်စျေးတွေက ငြိမ်နေပါတယ်။ ဧရာဝတီတိုင်းစျေးကွက်မှာတော့ အချို့ နယ်က စပါးတွေက စျေးတက်နေပြီး အချို့ နယ်တွေမှာတော့ စပါးနဲ့ ဆန်တွေ လက်ကျန်မရှိတော့တဲ့အတွက်စျေးက ငြိမ်ပါတယ်။ ပုသိမ်စျေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၅၈၀၀၀ ပေါက်စျေးရှိပြီး ဆန်ကတော့တစ်အိတ်ကို ၃၉၀၀၀ နဲ့ စျေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထစပါးကလည်း တင်း ၁၀၀ ကို၆၉၀၀၀၀ ပေါက်စျေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ နဲ့ စျေးငြိမ်ပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၂၃၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်စျေး တက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၂၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၇၃၆၀၀၀ ပေါက်စျေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ နဲ့ စျေးငြိမ် ပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးကတော့ လက်ကျန်မရှိတော့ တဲ့ အတွက် တင်း ၁၀၀ ကို ၈၁၀၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၂၃၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ပါတယ်။ဒေးဒရဲဧည့်မထစပါးကတော့ ရန်ကုန်အဝယ်များတဲ့အတွက် တင်း ၁၀၀ ကို ၄၆၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ နဲ့ ငြိမ်ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကနေစပြီး ဆက်တိုက် စျေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ စျေးက ပြန်ကျ ဆင်းသွားပါတယ်။ ပြည်တွင်းကုန်သည်တွေက စျေးဆွဲတင်မှုတွေကြောင့် အဝယ်နည်းပြီးစျေးကျဆင်းသွား တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေကိုပါ ရောင်းချနေတာဖြစ်တဲ့အတွက်ကြောင့် အနည်းငယ်တင်းခံနေတဲ့ သဘောလည်း ရှိပါတယ်။
မတ်ပဲက လက်ရှိစျေးထက်တော့ ထပ်ပြီး တက်နိုင်ခြေမရှိတော့ပဲ တစ်တန်ကို ၁၀ သိန်း ကနေ ၁၁သိန်းကြားပေါက်စျေးနဲ့ စျေးက ငြိမ်နေမယ့် အနေအထားရှိတယ်လို့လည်း ကုန်သည်တွေက သုံးသပ်ပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ လက်ရှိပေါက်စျေးက တစ်တန်ကို ၁၁၃၅၀၀၀ ကျော်ပေါက်စျေးရှိပြီးပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၈၀၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။
မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်စျေးတက်လာပါတယ်။ မော်လမြိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၉၅၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်စျေးတက်လာ ပါတယ်။ မတ်ပဲက တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၂၅၀၀၀၀ နီးပါးစျေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တစ်ပတ်အတွင်းစျေးတက်လာပြီး ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက တစ်ဖြေးဖြေးတက်လာခဲ့ပြီး တင်ပို့ခွင့်လိုင်စင်ချပေးပြီးတော့ ပိုတက်လာခဲ့ပါတယ်။ တစ်တန်ကို ၉၆၀၀၀၀ ကျော်အထိ ပေါက်စျေးရှိပါတယ်။ တင်ပို့ခွင့် လိုင်စင်က တစ်လသာ ခွင့်ပြုပေးခဲ့တဲ့အတွက် ရောင်းချမှုများပြားပြီး ပဲတွေကို စျေးချဝယ်ယူတာကြောင့် တစ်ပတ်အတွင်းမှာတင် စျေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ကုန်သည်တွေကလည်း လာမယ့် နိုဝင်ဘာ ၁၅ ရက်အမှီတင်ပို့ရမှာဖြစ်တဲ့အတွက် အများအပြားဝယ်ယူပြီးအများအပြားရောင်းချမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ တင်ပို့မှုနဲ့ပတ်သတ်ပြီး ရက်ထပ်တိုးပေးရန် တောင်းဆိုမှုတွေကြောင့် ပဲစင်းငုံနီက စျေး ထပ်ပြီးတက်နိုင်ခြေရှိသေးတယ်လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ တစ်တန်ကို ၉၁၅၀၀၀ ပေပါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၅၀၀၀ လောက်စျေးကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာတော့ တစ်အိတ်ကို ၈၉၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။
ဘိုကိတ်ပဲ
ဘိုကိတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း စျေးတက်လာပါတယ်။ လက်ကျန်လျော့နည်းပြီး ပြည်တွင်း ဝယ်ယူမှုများတဲ့အတွက်စျေးတက်လာတာလို့သိရပါတယ်။ ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၁၉၁၅ ကနေ ၂၀၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်စျေး တက်လာပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲက ရန်ကုန်စျေးကွက်မှာအေးပေမယ့် နယ်စျေးကွက်မှာတော့ တက်လာပါတယ်။ ထောပတ်ပဲက ပြည်တွင်းစားသုံးမှုများတဲ့ပဲဖြစ်တဲ့အတွက် ပြည်တွင်း ဝယ်ယူမှုများပြီး စျေးတက်နေတာဖြစ်တယ်လို့သိရပါတယ်။ မန္တလေစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၅၃၀၀၀ ကနေ ၆၃၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် စျေးတက်လာပါတယ်။ ကြက်သွန်ဖြူ ပြီးခဲ့တဲ့အပတ်က စျေးတက်လာခဲ့တဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က ဒီတစ်ပတ်မှာတော့ ပြန်ပြီးစျေးကျဆင်း သွားပါတယ်။ တရုတ်က အဝင်များတဲ့အတွက်ကြောင့်စျေးက ကျဆင်းသွားတာလို့သိရပါတယ်။ ရှမ်းကြက်သွန်တွေကတော့ ပြည်တွင်း ဝယ်ယူမှုမြင့်တက်တဲ့အတွက်စျေးက တက်နေပါတယ်။
ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၁၇၅၀ ပေါက်စျေးရှိပြီး ၂၅၀ ကျပ်စျေးကျဆင်းသွားပါတယ်။ ရှမး်ကြက်သွန်ကတော့ တစ်ပိဿာကို ၁၆၀၀ ကနေ ၂၄၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်စျေး တက်လာပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကတော့ ပြည်ပ ဝယ်ယူမှုမရှိတဲ့အပြင် အဝင်များတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ အပတ်ကနေ စပြီး စျေးက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၇၅၀ ကနေ ၁၀၀၀ ပေါက်စျေးရှိပြီး ၁၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။ မော်လမြိုင်မှာတော့ တစ်ပိဿာကို ၈၅၀ ကနေ ၁၀၅၀ ပေါက်စျေးရှိပြီး ၅၀ ကျပ်စျေးကျဆင်းသွားပါတယ်။