menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

(၂၁.၁၀.၂၀၁၉ မှ ၂၅.၁၀.၂၀၁၉)ထိ 

ဆန်၊စပါး 

ဒီတစ်ပတ်မှာတော့ ဆန်ဈေးရော စပါးဈေးရော ငြိမ်နေခဲ့ပါတယ်။ ဆန်ကောင်းမှ သာ အရောင်းအဝယ်ကောင်း တဲ့ အနေအထားဖြစ်ပါတယ်။ ဆန်အသစ် စပါးအသစ်တွေ ထွက်လာတော့မှာမို့ လက်ကျန်လည်း မရှိတော့ ပဲ ဈေးက တန့်နေခဲ့တာလည်းဖြစ်ပါတယ်။ မကြာခင် စပါးသစ် ဆန်သစ်တွေ အရောင်း အဝယ်ဖြစ်လာတော့ မှာဖြစ်တဲ့အတွက် ဈေးကတော့ အနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ မြောင်းမြပုသိမ်ပေါ်ဆန်းက တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ် ဆန်းကတေ့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းကတော့တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၈၀၀၀ ကျပ် အသီးသီးရှိပြီး ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၁၈၈၀၀ ကနေ ၁၉၅၀၀ ကျပ်၊ဧည့်မထ ၂၅ မှတ်တန် ဆန်က တစ်အိတ်ကို ၁၈၅၀၀ ကနေ ၁၉၅၀၀ ကျပ် ၊သီးထပ်ရှယ်က တစ်အိကို ၂၀၀၀၀ ကနေ ၂၀၃၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ 

ပုသိမ်ဈေးကွက်မှာ ပုသိမ ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၂၄၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၁၁၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၂၅၀၀၀ ကျပ် နဲ့ ပြိးခဲ့ဲ့တဲ့ အပတ်ကအတိုင်း ဈေးငြိမ်ပါတယ်။ 

မတ်ပဲ (FAQ/RC) 

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ဆက်တိုက် တက်နေပေမယ့်ယခုရက်ပိုင်းမှာတော့ အရောင်းအဝယ်ကို ပြန်ထိန်းနေတဲ့အတွက်ဈေးက အတက်အကျ အနည်းငယ်သာ ဖြစ်နေတာလည်းတွေ့ရပါတယ်။ 

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံက မြန်မာ့ မတ်ပဲကတွေကို ပြန်လည်ဝယ်ယူသွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက် နေပါတယ်။ လတ်တလောမှာတော့ ပြည်ပကို သတ်မှတ်ချက်အတိုင်း ပေးပို့ပေးနေပြီး အရောင်းအဝယ် ကတော့ ပုံမှန်မှာပဲ ရှိနေပါတယ်။ 

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၄၈ ၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပြီး တစ်တန်ကို ၂ ကျော် သောင်းလောက် ကျဆင်းသွားခဲ့ပါတယ်။ 

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၅၀၀ ကျပ်လောက်တက်လာပြီး တစ်တင်းကို ၂၆၂၅၀ ကျပ်ပေါက်ဈေးရှိ ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀ ကျပ်ဈေးတက်လာပါတယ်။ 

ပဲစင်းငုံ(နီ) 

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ် ပြန်ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက် မှာတော့ လက်ကျန် အဟောင်းကိုသာ အရောင်းအဝယ်ရှိနေပြီး ရက်ခြားသာ ဈေးဖွင့်တာကိုလည်း တွေ့ရ ပါတယ်။ 

FOB ဈေးနှုန်းမှာတော့ ပဲစင်းငုံနီ အသစ်ရော အဟောင်းပါ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ 

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ (FAQ) အဟောင်းက တစ်တန်ကို ၈၀၅၀၀၀ နဲ့ အရောင်းအဝယ်ရှိနေပြီး ၄ သောင်းလောက်ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ 

မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၇၇၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ၂၇၇၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်အသီးသီးဈေး ကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့တစ်တင်းကို ၂၇၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ 

စီပီပြောင်း

စီပီပြောင်းကတော့ ဒီတစ်ပတ်မှာ ဈေးက တက်လာခဲ့ပါတယ်။ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းက စီပီပြောင်းတွေက မူဆယ် ကုန်စည်ဒိုင်ကို အဝင်နည်းနေပြီး မြဝတီနယ်စပ်ဘက်မှာ အရောင်းအဝယ် ပိုဖြစ်နေတာဖြစ်တဲ့အတွက် ဈေးကလည်း တက်နေခဲ့ပါတယ်။ 

မန္တလေးဈေးကွက်မှာလည်း စီပီပြောင်းက တစ်အိတ်ကို ၂၁၅၀၀ ကနေ ၂၄၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ လောက်ဈေးတက်လာပါတယ်။ 

လားရှိုးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၅၀၀ ကနေ ၂၂၁၅၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျော်ဈေး တက်လာခဲ့ပါတယ်။ 

မြေပဲဆန်(လုံးဆံ၊ဆီဆံ) 

မြေပဲဆန်(လုံးဆံ နဲ့ ဆီဆံ) ကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အသစ်တွေက ဆက်တိုက် ထွက်နေတဲ့အတွက်ဈေးက ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။  

မုံရွာဈေးကွက်မှာတော့ မြေပဲဆန်(လုံးဆံ)က တစ်ပိဿာကို ၂၇၅၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ၊ ဆီဆံကတော့ တစ်ပိဿာကို ၂၄၅၀ ပေါက်ဈေးရှိပြီး ၇၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ 

မြင်းခြံကုန်စည်ဒိုင်မှာတော့ မြေပဲ(လုံးဆံ)က တစ်ပိဿာကို ၃၁၀၀ ပေါက်ဈေးရှိပြီး ၁၅၀ကျပ်၊ဆီဆံကတော့ တစ်ပိဿာကို ၂၆၀၀ ကျပ်ရှိပြီး ၁၀၀ ကျပ် ကျဆင်းပါတယ်။ 

ပခုက္ကူကုန်စည်ဒိုင်မှာလည်း လုံးဆံက တစ်ပိဿာကို ၂၈၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ်၊ဆီဆံက ၂၆၆၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ လုံးဆံက တစ်ပိဿာကို ၂၉၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ်၊ ဆီဆံက တစ်ပိဿာကို ၂၇၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ 

ကြက်သွန်ဖြူ 

ဒီတစ်ပတ်မှာ မထင်မှတ်အောင် ဈေးတက်တာကတော့ ကြက်သွန်ဖြူ(ရှမ်း)ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကတက်နေတာဖြစ်ပြီးတော့ ဒီတစ်ပတ်မှာ ထပ်ပြီး တက်လာခဲ့ပါတယ်။ အဝင်က နည်းပြိး ဝယ်ယူမှုများတဲ့အတွက် ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၇၀၀ လောက်ဈေးတက်လာခဲ့ပြီး လက်ရှိပေါက်ဈေးက ၂၈၀၀ ကနေ ၄၂၀၀ ပေါက်ဈေးရှိပါတယ်။

ကြူကုတ်ကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ဝယ်ယူမှုများနေပြီး အဝင်နည်းတဲ့အတွက်‌ေကြာင့် ဈေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၇၀၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး ၂၀၀ လောက်ဈေးတ က်လာခဲ့ပါတယ်။ 

စားအုန်းဆီ 

စားအုန်းဆီဈေးကလည်း ဒီတစ်ပတ်မှာ ဈေးက တက်လာခဲ့ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေး အနည်းငယ်မြင့်သလို ကမ္ဘာ့စားအုန်းဆီပေါက်ဈေးကလည်း တက်နေတဲ့အတွက် ပြည်တွင်းစားအုန်း ဆီဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၁၆၅၀ ပေါက်ဈေးရှိပြီး ၃၀ လောက်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၇၀၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်လောက် ဈေးတက်လာခဲ့ပါတယ်။

ဝတ်ရည်မွန်(AMIA)