menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

(၁၉.၁၀.၂၀၂၀ မှ ၂၃.၁၀.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံစျေးနှုန်းများ ဝတ်ရည်မွန်(AMIA) ရန်ကုန်

ဆန်၊စပါး  

ဒီတစ်ပတ်မှာတော့ ရန်ကုန်စျေးကွက်မှာ ဆန်စျေးတွေ တက်လာပါတယ်။ဧရာဝတီတိုင်းစျေးကွက်မှာတော့ စပါးတွေ ဆန်တွေမရှိတော့တဲ့အတွက်စျေးက ငြိမ်နေပါတယ်။  

ရန်ကုန်စျေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးဆန် နဲ့ ဒေးဒရဲပေါ်ဆန်းဆန်တို့က တစ်အိတ်ကို ၃၈၀၀၀ ကနေ ၃၉၅၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၃၆၅၀၀ ကနေ ၃၈၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ဧည့်မထဆန်က တစ်အိတ် ကို ၂၆ဝဝဝကနေ ၂၇၅၀၀ ပေါက်စျေးရှိ ပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊မြီးဒုံဆန်က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ ကျပ်၊ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၈၀၀၀ ကနေ ၂၉၅၀၀ ပေါက်စျေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးစျေးတက်လာပါတယ်။  

မတ်ပဲ  

မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးက အတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ ပြီးခဲ့တဲ့ အပတ်ကတည်းက စျေးက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။တစ်ပတ်အတွင်းမှာတော့ အဝယ်အနည်းငယ်တက်နေတဲ့အတွက် စျေးက အများကြီး ထင်သလောက် ကျဆင်းသွားတာမျိုးမရှိတာလည်းတွေ့ရပါတယ်။  

ရန်ကုန်စျေးကွက်မှာ တစ်ပိတ်အတွင်း တစ်တန်ကို ၁၁၃၀၀၀၀ ကနေ ၁၁၅၀၀၀၀ ကြားအရောင်းအဝယ်ဖြစ်နေ ပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၆၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၆၀၀၀ လောက်စျေးတက်လာပါတယ်။

မျိုးပဲတွေလည်း အရောင်းအဝယ်ရှိတဲ့အတွက် နယ်စျေးကွက်မှာတော့ အတက်အကျက သိပ်ပြောင်းလဲမှုမရှိပါဘူး မော်လမြိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၈၀၀၀ ကျော်ပေါက်စျေးရှိပြီး တစ်တင်းကို ငွေကျပ် ၁၅ဝဝေ လာက်စျေးကျဆင်းသွားပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ တစ်တန်ကိုငွေကျပ် ၁၀ သိန်းကျော်အထိ စျေးက တက်သွားခဲ့ပါတယ်။ အိန္ဒိယ အပြင် အခြား နိုင်ငံတွေကပါ ဝယ်ယူမှုတွေကြောင့် စျေးက အခုလို တက်လာတာဖြစ်ပြီး ထပ်ပြီး တက်နိုင်ခြေ ရှိ တယ်လို့ကုန်သည်အချို့က ဆိုထားပါတယ်။  

ပဲစင်းငုံနီက ပြီးခဲ့တဲ့ တစ်လ အတွင်း တစ်တန်ကို ငွေကျပ် နှစ်သိန်းနီးပါးစျေးတက်လာခဲ့ပါတယ်။ ၂၀၁၉ ကတည်းက ပြီးခဲ့တဲ့ နှစ်လလောက် အထိ တစ်တန်ကို ငွေကျပ် ၇ သိန်း ကနေ ၈ သိန်းကြားသာ အရောင်းအဝယ် ရှိနေခဲ့တဲ့ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျံကြောင့်၊ရာသီဥတု ဆိုးရွားမှု စတဲ့ ဆိုးကျိုးတွေကြောင့် မြန်မာ့ပဲတွေက အဝယ်ပြန် လိုက်လာပြီး စျေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။  

ရန်ကုန်စျေးကွက်မှာ လက်ရှိ တစ်တန်ကို ငွေကျပ် ၁၀ သိန်းကျော်ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၅၀၀၀ လောက်စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၈၀၀၀ လောက်စျေးတက်လာပါတယ်။  

ပဲတီစိမ်း  

ပဲတီစိမး်က ဒီတစ်ပတ်မှာတော့ တရုတ်က အဝယ်များတဲ့အတွက်ကြောင့် စျေးတွေ ပြန်တက်လာပါတယ်။ လ အတော်ကြာ စျေးကွက်ထဲ စျေးငြိမ်နေခဲ့ပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ ပဲတီစိမ်း (ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊) တို့က တစ်ပိဿာကို ၁၉၅၀ ကနေ ၂၂၂၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်စျေးတက်လာပါတယ်။  

မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၇၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်စျေးတက်လာပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၃၈၅၀၀ ကျပ်ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ြ့ပီးခဲ့တဲ့ အပတ်က သုံးသပ်ချက် အတိုင်း စျေးက ပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။ ပြည်ပ တင်ပို့မှုရော ပြည်တွင်း တပ်ရိက္ခာဝယ်ယူမှုကြောင့် ပြီးခဲ့တဲ့ နှစ်လ နီးပါးစျေးတွေ က ဆက်တိုက်တက်နေခဲ့ပေ မယ့် လက်ရှိမှာ ပြည်ပ တင်ပို့မှု လည်းမရှိတော့တဲ့အတွက် အရောင်းအဝယ်က တန့်သွားပြီး စျေးက တစ်ဖြေးဖြေး ပြန်ကျဆင်းနေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ ကုလားပဲစျေးကွက်က ငြိမ်ပါတယ်။  

မန္တလေးစျေကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၈၅၀၀၀ ကနေ ၈၅၅၀၀ ပါက်စျေးရှိပြီး တစ်အိတ်ကို ၄၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၉၁၀၀၀ ကနေ ၉၂၀၀၀ ကျပ်ရှိပြီးတစ်အိတ်ကို ၄၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၉၅၅၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။

 မုံရွာစျေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်တင်းကို ၂၈၅၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ ကျပ်၊ကုလားပဲ 929 ကတော့ တစ်တင်းကို ၃၀၅၀၀ ပေါက်စျေးရှိပြီး ၁၃၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။  

ပဲကြီး  

ပဲကြီးကတော့ ဒီတစ်ပတ် မှာ စျေးတက်လာပါတယ်။ပြည်တွင်း ဝယ်ယူမှုများတဲ့အတွက်ကြောင့် စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၁၁၅ဝဝဝပေါက်စျေးရှိပြီးတစ်အိတ်ကို ၅ဝဝဝကျပ်လောက်စျေးတက်လာပါတယ်။ မုံရွာစျေးကွက်မှာလည်း တစ်တင်းကို ၃၃၀၀၀ ကနေ ၃၆၅ဝဝပေါက်စျေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်စျေး တက်လာပါတယ်။  

ပဲပုတ်  

ပဲပုတ်ကလည်း ဒီတစ်ပတ်မှာ စျေးကွက်ထဲ အဝင်နည်းပြီ အရောင်းအဝယ်များတဲ့အတွက်စျေးက တက်လာပါတယ်။ ပဲပုတ်က ရက်အတော်ကြာ စျေးငြိမ်နေပြီး တစ်ပတ်အတွင်းစျေးက တက်လာခဲ့တာ ဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၄၀၀၀ ကနေ ၅၇၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်စျေးတက်လာပါတယ်။

ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၆၃၀၀၀ ကနေ ၆၅၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၂၂၅ဝဝပေါက်စျေးရှိပြီးတစ်တင်းကို ၁ဝဝဝကျပ်စျေးတက်လာပါတယ်။  

ပဲယင်း  

ပဲယင်းက စျေးကွက်ထဲ သိပ်မကျန်တော့တဲ့အတွက်စျေးက တက်လာတာဖြစ်သလို လက်ရှိမှာ ပြည်တွင်း ပြည်ပ အဝယ်တွေကြောင့် ပဲမျိုးစုံလည်းစျေးတက်နေတာဖြစ်လို့ ပဲယင်းကလည်း လိုက်တက်နေတာဖြစ် ပါတယ်။

ပဲယင်းက အခြားပဲတွေလိုမဟုတ်ပဲ အရောင်းအဝယ် ငြိမ်ပါတယ်။ မန္တလေးစျေးကွက်မှာ ပဲယင်း(အကြီး၊အသေး)က တစ်အိတ်ကို ၆၅၀၀၀ ကနေ ၇၂၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်စျေးတက်လာပါတယ်။