menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂၆.၁၀.၂၀၂၀ မှ ၃၀.၁၀.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံစျေးနှုန်းများ
ဝတ်ရည်မွန်(AMIA)
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာတော့ ဆန်စျေးတွေ ငြိမ်ပါတယ်။ ဧရာဝတီတိုင်း စျေးကွက်မှာတော့ စပါးတွေ မရှိတော့တဲ့အတွက် စျေးတွေက ငြိမ်နေပြီး ဆန်တွေကတော့ ကုန်သည်တွေ အဝယ်များနေတဲ့အတွက် စျေးတွေ တက်လာပါတယ်။ မြောင်းမြစျေးကွက်မှာတော့ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၂၃၀၀၀ ပေါက်စျေးရှိပြီး စျေး ငြိမ်ကာ ဆန်ကတော့ တစ်အိတ်ကို ၄၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ မြောင်းမြဧည့််မထ စပါးက တင်း ၁၀၀ ကို ၇၃၆၀၀၀ ပေါက်စျေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၁၅၀၀ ကျပ် ရှိကာ ၂၅၀၀ ကျပ် စျေး ကျတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၃၃၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၂၃၀၀၀ ကျပ်စျေးတက်လာပြီဆန်စျေးကတော့ တစ်အိတ်ကို ၃၆၀၀၀ နဲ့ စျေးငြိမ်ပါတယ်။ လပွတ္တာပေါ်ဆန်းစပါးကတာ့ တင်း ၁၀၀ ကို ၈၁၀၀၀၀ ပေါက်စျေးရှိပြီး ဆန်ကတော့ ၄၁၀၀၀ ကျပ်ရှိကာ ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ လပွတ္တာဧည့်မထ စပါးကတော့ ၇၀၈၀၀၀ ပေါက်စျေးရှိပြီး ဆန်ကတော့ တစ်အိတ် ကို ၃၀၅ဝဝပေါက်စျေးရှိပြီး ၂၅၀၀ ကျပ်စျေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲက လက်ရှိမှာ ပြည်ပ တင်ပို့မှု မရှိသေးတဲ့အတွက် စျေးက ပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။ တစ်ပတ် အတွင်းလည်း အတက်အကျတွေက တည်ငြိမ်မှုမရှိတာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ရန်ကုန်စျေးကွက်က ပွဲတော်ပိတ်ရက် ဖြစ်တဲ့အတွက် သုံးရက်သာ စျေးဖွင့်ပါတယ်။ ရန်ကုန်စျေးကွက်မှာ တစ်တန်ကို ၁၁၂၅၀၀၀ ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို တစ်သောင်ေးကျာ် လောက်စျေးကျဆင်းသွားပါတယ်။ လက်တလော စျေးကျဆင်းနေပေမယ့် တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၅ သောင်းကျော်စျေးတက်လာ ပါတယ်။
မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်အိတ်ကို ၃၀၀၀ လောက်စျေးကျဆင်းသွားပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၃၉၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ပါတယ်။ မော်လမြိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၇၅၀၀ ကျော်ပေါက်စျေးရှိပြီး တစ်တင်းကို ငွေကျပ် ၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပြီးခဲ့တဲ့ အပတ်က စျေးတက်လာခဲ့တဲ့ ပဲစင်းငုံနီက လက်ရှိမှာ စျေးက ပြန်ကျဆင်းသွားပါတယ်။ ပွဲတော်ပိတ်ရက် ကြောင့် အရောင်းအဝယ်တွေကလည်း နားထားတဲ့အတွက်စျေးက ပြန်ပြီးငြိမ်သွားတဲ့ အခြေအနေရှိပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ တစ်တန်ကို ၉၅၀၀၀၀ ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၅ သောင်းလောက် စျေးပြန်ကျဆင်းသွားပါတယ်။ တစ်လအတွင်း ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ငွေကျပ် ၁ သိန်းခွဲ နီးပါးစျေးတက်လာပါတယ်။
မန္တလေးစျေးကွက်မှာတော့ တစ်အိတ်ကို ၉၂၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်စျေးကျဆင်းသွား ပါတယ်။ မုံရွာစျေးကွက် မှာ တစ်တင်းကို ၃၀၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
ငရုတ်
ငရုတ် စျေးကတော့ ဒီတစ်ပတ်မှာစျေးတက်လာပါတယ်။အဝယ်များတဲ့အတွက်စျေး တက်လာတာဖြစ်ပါတယ်။ ငရုတ်ပွ(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁၀၀၀၀ ကနေ ၁၁၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ မိုးထောင်(မြစ်ဝ)က တစ်ပိဿာကို ၅၀၀၀ ကနေ ၅၂၀၀ ပေါက်စျေးရှိပြီး ၂၀၀ ကျပ်စျေးတက်လာပါတယ်။ ငရုတ်ရှည်(ပန်းတနော်)ကလည်း တစ်ပိဿာကို ၄၇၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် အသီးသီးစျေးတက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဆက်တိုက်စျေးကျဆင်းနေရာမှ ဒီတစ်ပတ်မှာတော့ စျေးက တက်လာပါတယ်။ ပိတ်ရက် ဆီလှောင်ကန်တွေ ပိတ်တဲ့အပြင် အဝယ်များတဲ့အတွက်ကြောင့်စျေးတက်လာတာလို့လည်းသိရပါတယ်။ မန္တလေးစျေးကွက်မှာတော့ တစ်ပိဿာကို ၁၉၃၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၆၀ လောက်စျေးတက်လာ ပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်ပိဿာကို ၁၉၂၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၄၀ လောက်စျေးတက်လာ ပါတယ်။
နှမ်းနက်(စမုံ)
စမုံနှမ်းနက်ကတော့ ဒီတစ်ပတ် မှာ အနည်းငယ် တက်လာပေမယ့် ဝယ်လိုအားပေါ်မူတည်ပြီး စျေးအတက်အကျ အပြောင်းအလဲ ရှိနေပါတယ်။ ထူးခြားစွာပြောင်းလဲမှုမျိုးတော့ မရှိပါဘူး။ မန္တလေးစျေးကွက်မှာ နှမ်းနက်(စမုံ)က သုံးတင်းဝင် တစ်အိတ်ကို ၁၅၃၀၀၀ ကနေ ၂၀၃၀၀၀ ပေါက်စျေးရှိပြီး စျေးအပြောင်းအလဲ သိပ်မရှိပါဘူး။ အောင်လံစျေးကွက်မှာလည်း တစ်အိတ်ကို ၁၆၂၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၂၀၀၀ လောက်စျေးတက်လာပါတယ်။