menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂.၁၁.၂၀၂၀ မှ ၆.၁၁.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
ဝတ်ရည်မွန်(AMIA)
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချော ဈေးအချို့ ဈေးကျဆင်းသွားပါတယ်။ အသစ်တွေ ထွက်ရှိတော့မှာဖြစ်ပြီး အဟောင်းလက်ကျန်လည်း မရှိတော့တဲ့အတွက် အရောင်းအဝယ်ပါးပြီးဈေးကျဆင်းသွားတာဖြစ်တယ်လို့သိရ ပါတယ်။
ဝါးတန်းဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးနဲ့ဒေးဒရဲပေါ်ဆန်းမွှေးဆန်တို့က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၇၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပေါ်ဆန်းနယ်စုံ က လည်း တစ်အိတ်ကို ၃၄၅၀၀ ကနေ ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။မြီးဒုံဆန်ကလည်း တစ်အိတ်ကို ၃၂၅၀၀ ကနေ ၃၃၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာတော့ ဒုတိယတန်းစား စပါးတွေ ဖြစ်တဲ့ ဧည့်မထ စပါး၊ဆန်တို့က အသစ်ထွက်ရှိလာ ပါတယ်။ ပုသိမ်ဧည့်မထ(မိုး)က တင်း ၁၀၀ ကို ၅၃၃၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိ ပါတယ်။ မြောင်းမြဧည့်မထ(မိုး)ကလည်း တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ကျပ် ရှိပါတယ်။
မတ်ပဲ
မတ်ပဲကတော့ လက်ရှိမှာ အတက်အကျ အနည်းငယ်နဲ့သာ ဈေးငြိမ်နေတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။ ပြည်ပတင်ပို့မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ကျဆင်းသွားပြီး လက်ရှိမှာတော့ အကျဈေးနဲ့ပဲ ဈေးက ငြိမ်နေတာဖြစ်ပါတယ်။
မတ်ပဲကတော့ လတ်တလော ဈေးတက်နိုင်ခြေမရှိဘူးလို့ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၂၀၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၉၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေး တက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၉၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတေ့ာ ဒီတစ်ပတ်မှာလည်း ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပိတ်ရက် များနဲ့ရွေးကောက်ပွဲကြောင့် အရောင်းဝယ်ကို ထိန်း နေတဲ့အခြေအနေကြောင့် ဈေးက မတက်လာတာဖြစ်ပါတယ်။ အချို့ဒေသတွေမှာလည်း ပဲစင်းငုံနီက လက်ကျန်မရှိတော့ပါဘူး။ ပြည်ပတင်ပို့မှုရှိမှာသာ ဈေးက အနည်းငယ်အပြောင်းအလဲ ရှိတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၉၂၂၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၂၅၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၈၆၅၀၀ မှ ၈၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျော် ဈေးကျဆင်း သွားပါတယ်။
မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၂၈၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၃၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၉၀၀၀ကျပ်ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။တရုတ်ဝယ်ယူမှုများနေတဲ့အတွက်ဈေးတက်လာတာဖြစ် ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ) တို့က တစ်ပိဿာကို ၁၉၅၀ ကနေ ၂၂၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျော်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတေ့ာ တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဈေးက ဆက်တိုက်တက်နေပါတယ်။အသစ်တွေကလည်းက ဈေးကွက်ထဲ ဆက်တိုက်ဝင်ရောက် နေတာဖြစ်တဲ့အတွက် အဝယ်ကလည်း ကောင်းနေပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၁၁၅၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ကျပ်လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၂၅၀၀ ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။
စွန်တာပဲ
စွန်တာပဲကတော့ ရန်ကုန်ဈေးကွက်မှာဈေးငြိမ်ပေမယ့် နယ်ဈေးကွက်မှာတော့ ဈေးက တက်လာပါတယ်။လက်ကျန်လျော့နည်းပြီးအဝင်နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ စွန်တာ(ရိုးရိုး)က သုံးတင်းဝင် တစ်အိတ်ကို ၇၉၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်၊စွန်တာ (ကသဲ)က တစ်အိတ်ကို ၈၂၀၀၀ ကနေ ၈၃၀၀၀ ပေါ်ကဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၃၂၀ ကနေ ၁၃၉၅ ကျပ်ပေါက်ဈေးရှိပါတယ်။
ပဲယင်း
ပဲယင်းကလည် းဈေးတက်နေတာ ၂ ပတ် ဆက်တိုက်ရှိနေပါပြီ။ ဈေးကွက်ထဲ လက်ကျန်လျော့နည်းနေတဲ့ အတွက်ဈေးတက်နေတာလို့သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲယင်းက တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကိ ၅၀၀၀ နီးပါးဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်) က ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။ တရုတ်ဝင်ရောက်မှု နည်းတဲ့အတွက် နှစ်ပတ်ဆက်တိုက် ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၉၀၀ ကျပ်ပေါက်ဈေးရှိပြီး ၇၅ ကျပ်ဈေး တက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်တက်လာပါတယ်။ပိတ်ရက်တွေကြောင့် တင်ပို့မှုနည်းပြီး ဈေး တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၈၀၀ ကနေ ၁၀၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာပါ
တယ်။