menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၉.၁၁.၂၀၂၀ မှ ၁၃.၁၁.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
ဝတ်ရည်မွန်(AMIA)
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးတွေ ငြိမ်နေပြီး ဆန်ကြမ်းအချို့ ဈေးကျဆင်းပါတယ်။နယ်ဈေးကွက် မှာတော့ အဟောင်းလက်ကျန်တွေမရှိတော့ပဲ အသစ်တွေ ဝင်လာပြီဖြစ်ပါတယ်။
ဝါးတန်းဈေးကွက်မှာ ဧည့်မထဆန်က တစ်အိတ်ကို ၂၄၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မြီးဒုံဆန်ကတော့ တစ်အိတ်ကို ၃၁၅၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အခြားဆန်ချောဈေးတွေကတော့ ငြိမ်ပါတယ်။
ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပထမတန်းစားဆန်တွေက အသစ်မထွက်သေးတဲ့အတွက်ဈေးကလည်း ငြိမ်ပါတယ်။ဒုတိယတန်းစားစပါးတွေကတော့ ဈေးကွက်ထဲကို ဝင်လာပြီ ဖြစ်ပါတယ်။ ပုသိမ်ဧည့်မထစပါး (မိုး၊၂၀၂၀) က တင်း ၁၀၀ ကို ၅၃၃၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပါတယ်။
မြောင်းမြဧည့်မထစပါး(မိုး၊၂၀၂၀) က တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၁၅၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံဧည့်မထစပါး(မိုး၊၂၀၂၀) ကလည်း တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ မထွက်သေးပါဘူး။ မအူပင်ဧည့်မထစပါး(မိုး၊၂၀၂၀) ကလည်းတင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားပါတယ်။ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက တစ်ဖြေးဖြေး ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ပြည်ပတင်ပို့မှုလည်း မရှိတဲ့အပြင် အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးတွေ ကျဆင်းနေတာ ဖြစ်တဲ့အတွက် ပြည်တွင်းမှာလည်း ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။
မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၀ သိန်းကျော်ပေါက်ဈေးရှိပေမယ့် ဈေးကတော့ ထပ်ပြီး တက်နိုင်ခြေရှိ တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ မတ်ပဲက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၀၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅ သောင်းကျော် ဈေးကျဆင်း သွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ်၊ပြည်ဈေးကွက်မှာတော့ ၃၆၃၀၀ ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။အိန္ဒိယက တင်ပို့မှူကို ရက်ထပ်တိုးပေမယ့် မြန်မာပြည်တွင်းမှာ ပဲမရှိတော့ခြင်း၊အိန္ဒိယနိုင်ငံအတွင်း ပဲဈေးကျဆင်းခြင်းတို့ကြောင့် ဈေးက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ သင်္ဘောတင်ပို့မှုကလည်း မရှိတော့တဲ့အတွက် ကုန်သည်တွေက ဈေးအများကြီးပေးဝယ်ယူမှုမရှိတော့ပဲ လက်ကျန်အနည်းငယ်ကိုသာ ဈေးချဝယ်ယူနေခြင်းကြောင့်ဈေးက ဆက်ပြီးကျဆင်းနေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၉၀၇၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၂ သောင်းနီးပါးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၅၅၀၀ ကနေ ၈၆၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၉၀၀၀ကျပ်ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပြီး နယ်ဈေးကွက်တွေမှာတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ပြည်ပတင်ပို့မှုမရှိတဲ့အပြင် ဝယ်ယူမှုလည်း အေးသွားတဲ့အတွက် ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ လက်ရှိမှာ မျိုးပဲတွေက ဈေးကောင်းရနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၅၀၀ ကနေ ၁၅၅၀ကျပ်၊ပေါက်ဈေးရှိပြီး ၃၅ ကျပ် ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁၆၃၀ ကနေ ၁၇၀၀ကျပ် ရှိပြီး ၃၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၁၂၅ ကနေ ၂၂၀၀ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ၊ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၈၃၀၀၀ ကနေ ၈၄၀၀၀ ကျပ်ရှိပြီးတစ်အိတ်ကို ၆၀၀၀ ကျပ်အသီးသီး ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ v2 ကလည်း တစ်အိတ်ကို ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ နီးပါးဈေးကျဆင်းသွား ပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ကျပ်၊ ကုလားပဲ 929 က တစ်တင်းကို ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၂၇၀၀ ကျပ် ၊ကုလားပဲ v2 ကတော့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းတွေ ဆက်တိုက် တက်နေခဲ့တဲ့အတွက်စားအုန်းဆီဈေးတွေလည်း တက်နေတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၂၀၆၀ မှ ၂၀၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်ပိဿာကို ၂၀၈၀ ေ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ လောက်ဈေးတက်လာ ပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၂၀၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက် လာပါတယ်။
နှမ်းမျိုးစုံ
နှမ်းမျိုးစုံကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ထင်သလောက် အတက်အကျမရှိပဲ ဈေးငြိမ်နေတဲ့အခြေအနေမှာ ရှိပါတယ်။ နယ်အချို့မှာ ဆောင်းနှမ်းတွေ ဝင်ရောက်လာပြီဖြစ်တဲ့အတွက် ကြောင့် ဈေးအေးနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။
နှမ်းနက်(စမုံ)ကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၂၀၀၀၀၀ ကြားအရောင်းအဝယ် ရှိ ပါတယ်။အောင်လံမှာတေ့ တစ်အိတ်ကို ၁၆၂၀၀၀ ကနေ ၁၉၀၀၀၀ ကြားအရောင်းအဝယ် ရှိပါတယ်။
နှမ်းဖြူ ကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၂၀၀၀ ကြားအရောင်းအဝယ်ရှိနေပြီး အောင်လံမှာတော့ တစ်အိတ်ကို ၁၁၀၀၀၀ နဲ့အရောင်းအဝယ်ရှိပါတယ်။
နှမ်းညိုကတော့ အနည်းငယ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၀၇၀၀၀ ကနေ ၁၀၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ လောက်တက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
ရက်အတော်ကြာ ဈေးမဖွင့်တဲ့ ပန်းနှမ်း ကတော့ ဒီတစ်ပတ်မှာ အတက်ဈေးနဲ့ ဈေးဖွင့်ပြီး အဓိက မျိုးနှမ်းတွေ အရောင်းအဝယ်ရှိနေပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ကြားအရောင်း အဝယ် ရှိပါတယ်။