menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

(၄.၁၁.၂၀၁၉ မှ ၈.၁၁.၂၀၁၉)ထိ   

မတ်ပဲ (FAQ/RC)  

မတ်ပဲကတော့ ဒီတစ်ပတ်မှာ အမြင့်ဆုံး တက်ခဲ့ပြီးတော့ ရက်ပိုင်းအတွင်း ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယက ကိုတာ သတ်မှတ်သည့် ကာလကို သက်တမ်းတိုးခဲ့တဲ့ အတွက်ကြောင့် ဈေးက တက်လာခဲ့တာဖြစ် တယ်လို့ ကုန်သည်အချို့က သုံးသပ်ခဲ့ပေမယ့် တောင်သူတွေအာကြား ရောင်းစရာ ပဲ မရှိတော့တဲ့အတွက်ဈေး က တက်လာခဲ့တာလို့လည်း သုံးသပ်ထားပါသေးတယ်။  

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်က အိန္ဒိယနိုင်ငံ အခွန်ဌာနက ထုတ်ပြန်တဲ့ မတ်ပဲ တင်သွင်းမှုကို ရက်သက်တမ်းမတိုးေ ပးဘူးဆိုတဲ့သတင် းကြောင့်ရန်ကုန်ဈေးကွက်မှာ မတ်ပဲက က တစ်တန်ကို အမြင့်ဆုံးဈေး ၁၃ သိန်း ခွဲကျော်လောက်တက်လာခဲ့ပြီး ၂ ရက်အတွင်း တစ်တန်ကို ၂ သိန်းကျော်လောက် ဈေး က ပြန်ကျဆင်းသွား ခဲ့ပါတယ်။  

လက်ရှိတက်နေတဲ့အချိန်မှာ အမြန်ဆုံးရောင်းထုတ်ဖို့ကိုလည်း ကုန်သည်ကြီတွေက တိုက်တွန်းနေပြီး မြန်မာ့ ပဲထွက်ချိန်ကို ကြည့်ပြီး ပြောင်းလဲနေတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကြောင့် တောင်သူ အကြား ဝေခွဲမရတဲ့အခြေအေ နတွေလည်းဖြစ်နေပါတယ်။  

ပဲစင်းငုံ(နီ)  

ပြီးခဲ့တဲ့ နှစ်တွေက မတ်ပဲဈေးတက်ရင် ပဲစင်းငုံနီဈေးလည်းတက်ခဲ့ပေမယ့် ဒီနှစ်ကတော့ မတ်ပဲကဈေးတက် ပေမယ့် ပဲစင်းငုံနီကတော့ ပုံမှန်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ အိန္ဒိယက ပဲဝယ်ယူမှုရက်ကို နိုဝင်ဘာ ၁၅ ရက်နေ့အထိ သက်တမ်းတိုးပေးလိုက်တဲ့အတွက်ကြောင့် အနည်းငယ်ဈေးပြန် တက်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

ဒါပေမယ့် လက်ရှိမှာ ပဲစင်းငုံနီက ဖြည်းဖြည်း နဲ့ ပုံမှန်သွားနေပြီး ဈေးကလည်း ၈ သိန်း ဝန်းကျင်ပေါက်ဈေးရှိ နေပါတယ်။  

နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇၇၅၀ ပေါက်ဈေးရှိပြီး ၃၅၀ ကျပ်၊ပခုက္ကူ ကုန်စည်ဒိုင၈်မှာတော့ တစ်တင်းကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင် မှာတော့ တစ်တင်းကို ၂၆၃၀၀ နဲ့ ၇၀၀ လောက်ဈေး ကျဆင်းသွားပါတယ်။  

ကုလားပဲ  

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။အောက်တိုဘာ လ အလည်လောက်ကတည်းက ဈေး အကျဈေးနဲ့ ငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာ အနည်းငယ်ပြန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်ပ ဝယ်ယူမှု တိုး လာတဲ့အတွက် ဈေးက အနည်းငယ်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းပဲခွဲစက်တွေကလည်း ဝယ်ယူမှုများတယ်လို့သိရပါတယ်။  

မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲဝါ(ကြီး၊သေး)က တစ်တင်းကို ၂၄၃၀၀ ကနေ ၂၆၃၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး) ကတော့ တစ်တင်းကို ၂၆၅၀၀ ကနေ ၂၇၅၀၀ ပေါက် ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။  

မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုာလးပဲလုံးဝါကြီးက ၂၆၈၀၀ ပေါက်ဈေးရှိပြီါ် ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ကု လားပဲလုံးဖြူကြီးကတော့ ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၉၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။  

ထန်းလျက်  

ထန်းလျက်ကတော့ ဒီတစ်ပတ်မှာ ဈေးက ထပ်ပြီးတက်လာခဲ့ပါတယ်။ ပွဲတော်ရက်ရာသီဖြစ်တဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။  

ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၆၇၅ ကျပ်ကနေ ၁၉၅၀ ပေါက်ဈေးရှိပြီး ၅၀ လောက်ဈေးထပ်တက် လာပါတယ်။  

မန်းကျည်းသီး  

ဈေးငြိမ်နေခဲ့တဲ့ မန်းကျဉ်းသီးက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရုတ်တရက် ဈေးတက်လာခဲ့ပြီး ဒီလမှာတော့ နည်းငယ်ပြန်ကျဆင်းသွာခဲ့ပါတယ်။ အသစ်တွေ ပေါ်လာတဲ့အတွက် အဟောင်းဈေးတွေ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၉၀၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်လောက်ဈေး ကျဆင်း သွားခဲ့ပါတယ်။  

နှမ်းမျိုးစုံ  

နှမ်းမျိုးစုံဈေးကွက်မှာတော့ နှမ်းတွေက အတက်အကျအပြောင်းအလဲ အနည်းငယ်နဲ့သာ အရောင်းအဝယ်ဖြစ် နေပါတယ်။ ဈေးကွက်ထဲကို အဝင်များရင် ဈေးက အနည်းငယ်ကျဆင်းသွားပြီးအဝင်နည်းရင် တော့ ဈေး က ပြန်တ က်လာခဲ့ ပါတယ်။ ပြည်ပ ဝယ်ယူမှုကတော့ ပုံမှန်အတိုင်းရှိနေပြီး တရုတ် နဲ့ ဂျပန်ဝယ်ယူမှုက ပိုများ တယ်လို့သိရပါတယ်။  

နှမ်းနက်(စမုံ)  

နှမ်းနက်(စမုံ)ကိုတော့ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံက အဓိကဝယ်ယူနေတာဖြစ်ပြီးတော့ ဈေးအမြင့်ဆုံး နှမ်း လည်းဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ၃ တင်းဝင် တစ်အိတ်ကို ၂၃၅၀၀၀ ကနေ ၂၅၈၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။  

နှမ်းနက်  

နှမ်းနက်ကလည်းဒီတစ်ပတ်မှာ အနည်းငယ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ ၃ တင်းဝင် တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ဝတ်ရည်မွန်(AMIA)