menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
၂၅.၁၁.၂၀၁၉ မှ ၂၉.၁၁.၂၀၁၉)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ထပ်ပြီးဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဘက်မှာ ပဲဈေးတွေ ကျဆင်း သွား ပြီး အိန္ဒိယကုန်သည်တွေ ပဲအဝယ်ရပ်တဲ့ အတွက် မြန်မာပြည်တွင်းမှာပါ ပဲဈေးတွေက ကျဆင်း သွား တာ ဖြစ်တယ်လို့သိရပါတယ်။ ၂ ပတ်အတွင်း ပဲဈေးက တစ်တန်ကို ငွေကျပ် ၄ သိန်းကျော်အထိ တက်လာ ခဲ့ပြီး လက်ရှိမှာတော့ ၃ သိန်းလောက်ပြန်ကျဆင်းသွားခဲ့ပါတယ်။
အိန္ဒိယဘက်ကတော့ မြန်မာ့မတ်ပဲကို ထပ်ပြီး ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပေမယ့် တိကျတဲ့ ထုတ်ပြန်မှုတော့ မရှိသေးပါဘူး။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၀ သိန်း ၅ ထောင် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၆ သောင်းကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက က တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ထပ်ပြီး ဈေးက ကျဆင်းသွားခဲ့ပါတယ်။လက်ရှိမှာ ပြည်ပ ဝယ်ယူမှုကလည်း နည်းတဲ့အတွက် ရက်ခြားရောင်းဝယ်မှုသာ ရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၇ သိန်းခွဲအထိ ဈေးကကျဆင်းသွားပါတယ်။တစ်ပတ်အတွင်း ၅ သောင်ေးလာက်ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၇၇၅၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
ပခုက္ကူကုန်စည်ဒိုင် မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ကျန်တွေကလည်း လျော့နည်းနေပြီး လက်ရှိမှာ မျိုးပဲတွေသာ အဝယ်များနေတဲ့အတွက်ကြောင့် ဈေးကွက်ထဲ ငြိမ်ပြီးဈေးကျဆင်းသွားတာဖြစ်ပါ တယ်။ အချို့ဒေသတွေမှာတော့ ဈေးက ငြိမ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်းက တစ်ပိဿာကို ၁၈၆၅ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ လောက်ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။ မြင်းခြံကု န်စည်ဒိုင်မှာလည်း တစ်ပိဿကို ၁၆၂၅ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ကုလားပဲ
ကုလားပဲကတော့ လတ်တလော ဈေးက မငြိမ်ပါဘူး။ အချို့ ဒေသတွေမှာ ဈေးငြိမ်နေပြီး အချို့ဒေသတွေ မှာတော့ ဈေးက ကျဆင်းနေခဲ့ပါတယ်။ ကုလားပဲကို ပြည်ပကနေ တင်သွင်းမှုတွေ ရှိတဲ့အတွက် တင်သွင်းမှု များရင် ဈေးက အနည်းငယ်လျော့ကျသွားပါတယ်။
မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံး(ကြီး၊သေး)က တစ်တင်းကို ၂၆၈၀၀ ကနေ ၂၇၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဝါ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၅၀၀၀ ကနေ ၂၆၇၀၀ ပေါက် ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၅၂၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ကုလားပဲလုံး ဝါကြီးကတော့ ၂၅၄၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းကာ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအနည်းငယ်ပြန်တက်လာ ပြီး နယ်ဈေးကွက်တွေမှာတော့ ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ မိုးကြက်သွန်တွေကလည်း ဆက်တိုက် တက်နေခဲ့တဲ့အတွက် နိုဝင်ဘာ လ အစနဲ့ယှဉ်ရင်တော့ ဈေးက ကျဆင်းသွားတယ်လို့ ပြောလို့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်က အများအပြားဝယ်ယူတဲ့အတွက်ကြောင့် ပြည်တွင်း ကြက်သွန်ဈေးက မထင်မှတ်လောက်အောင် တက်သွားပေမယ့် ပြည်တွင်းကုန်သည်တွေရဲ့ အဆမတန် ဈေးမြှင့်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ဝယ်ယူမှု ကို လျော့ချလိုက်တယ်လို့သိရပါတယ်။ ထို့သို့ လျော့ချမှုက ပြည်တွင်း ကြက်သွန်ဈေးကို ပြန်ပြီး ကျဆင်းသွားခဲ့ပါတယ်။
လက်ရှိမှာတော့ တစ်နေ့ကို တန်ချိန် တစ်သိန်းကျော်လောက်ကုန်စည်ဒိုင်ကို အဝင်ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၈၀၀ ကနေ ၃၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်လောက်ဈေး တက်လာပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ နွေကြက်သွန်က တစ်ပိဿာကို ၂၂၀၀ ကနေ ၂၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ လောက်ဈေးတက်လာပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ နွေကြက်သွန်က တစ်ပိဿာကို ၁၇၀၀ ကနေ ၂၇၀၀ ပေါက်ဈေးှရိပြီး ၂၀၀ ကျပ်ဈေးတက်လာကာ မိုးကြက်သွန်နီကတော့ တစ်ပိဿာကို ၅၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
အာလူး
အာလူးကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ကျဆင်းသွားပါတယ်။ကုန်စည်ဒိုင်တွေကို အဝင်တွေ ဆက်တိုက်ရှိ နေတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အာလူး(အောင်ပန်း)က တစ်ပိဿကို ၃၅၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးက ကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)