menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂.၁၂.၂၀၁၉ မှ ၆.၁၂.၂၀၁၉)ထိ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းသစ် တွေက ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ဆန် အဟောင်းတွေကတော့ ဆန်ကောင်းရင် ဈေးကောင်းရပြီး အဝါပါရင် ဈေးကောင်းမရတဲ့အနေ အထားပါ။
ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ပေါ်ဆန်းသစ်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။
ဧရာဝတီတိုင်း ဆန်စပါးဈေးကွက်မှာတော့ စပါးက မရှိသလောက်ဖြစ်တဲ့အတွက်ဈေးက ကျဆင်းသွား ခဲ့ပြီး ဆန်ဈေးတွေလည်း ကျဆင်းသွားခဲ့ပါတယ်။ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၄၅၀၀၀ နဲ့ဈေးငြိမ်နေပြီး ဆန်ကတော့ တစ်အိတ်ကို ၄၁၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၄၈၃၀၀၀ ပေါက်ဈေးရှိပြီး ၁၃၀၀၀ ကျပ်ဈေးကျဆင်းသွားပေမယ့် ဧည့်မထ ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၆၆၀၀၀၀ ပေါကဈေးရှိပြီး တင်း ၁၀၀ ကို ၅၁၀၀၀ ကျပ်ကျဆင်းသွားပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂ ထောင်ကျပ် ကျဆင်းပြီး ၃၆၀၀၀ ကျပ်ရှိပါတယ်။ဒေးဒရဲဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၂၄၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ် ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်း သွားပါတယ်။
ဖျာပုံပေါ်ဆန်းစပါးက လည်း တင်း ၁၀၀ ကို ၆၆၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၀၀၀၀ ဈေးကျဆင်းသွားပါတယ်။ဆန်က တစ်အိတ်ကို ၃၆၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၃၃၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ် ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၀၀၀၀ ကျပ်နဲ့ ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၀ သိန်းအောက်ထိ ရောက်သွားပါတယ်။ပြည်တွင်းငွေလဲလှယ်နှုန်း ဈေး ကျဆင်းသွားတာကလည်း ပဲဈေးကို ပိုနည်းသွာ းစေပါတယ်။ လက်ရှိအချိန်မှာတော့ တောင်သူတွေကလည်း စောင့်ကြည့်နေပြီး ကုန်သည်တွေကလည်း စောင့်ကြည့်နေတဲ့အနေအထားဖြစ်ပါတယ်။ ပုံမှန်လောက်သာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲကက တစ်တန်ကို ၉၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပတ်အတွင်း တစ်တန် ကို တစ်သိန်းလောက်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာ မတ်ပဲက တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပြည် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၅၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း သုံးတင်း ဝင် တစ်အိတ်ကို ၈၅၀၀၀ ကနေ ၉၄၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံးနီးပါး ဈေးမဖွင့်ပါဘူး။ နယ်အချို့မှာလည်းအရောင်းအဝယ် မရှိပါဘူး။ပစ္စည်းမရှိတဲ့အတွက် အရောင်းအဝယ်လည်းမရှိပဲ ဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ ရန်ကုန် နဲ့ မန္တလေးမှာတော့ ဈေးမဖွင့်ပါဘူး။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ငြိမ်နေပေမယ့် နယ်ဈေးကွက်မှတော့ အနည်းငယ် အပြောင်း အလဲရှိပါတယ်။လက်ရှိမှာ မျိုးပဲသာ အရောင်းအဝယ်ဖြစ်နေပြီး လက်ကျန်လည်း မရှိသလောက်ဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ )တို့က တစ်ပိဿာကို ၁၈၆၅ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကိ ၃၃၅၀၀ ကနေ ၃၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
အာလူး
အာလူးကတော့ဒီတစ်ပတ်မှာ အနည်းငယ်ပြန်ပြီး ဈေးတက်လာပါတယ်။ အတက်ဈေးနဲ့လည်း တစ်ပတ်လုံး ဈေးငြိမ်နေတာဖြစ်တဲ့အတွက်ကြောင့် အရောင်းရော အဝယ်ပါ ပုံမှန်ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အာလူး(အောင်ပန်း)က တစ်ပိဿကို ၃၅၀ ကနေ ၇၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ လောက်ဈေး တက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကလည်း ဒီတစ်ပတ်မှာလည်း ဈေးက ကျဆင်းသွားခဲ့ပြီး ၃ ပတ်ဆက်တို က် ဈေးကျဆင် းနေတာလည်း ဖြစ်ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ကျဆင်းသွားတာဖြစ်တဲ့ အတွက် ဈေးက ပိုကျဆင်းသွားတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၇၇၅ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးမှာတော့ တ်စပိဿာကို ၁၈၄၀ ပေါက်ဈေးရှိပြီး ၄၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ စားအုန်းဆီက ဈေးက လက်လီဈေးက ၁၈၂၅ ကျပ်ရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။လက်ကားဈေးကတော့ တစ်ပိဿာကို ၁၇၇၅ ကျပ်ရှိပြီး ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)