menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၉.၁၂.၂၀၁၉ မှ ၁၃.၁၂.၂၀၁၉)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်တက်လာခဲ့ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးအနည်းငယ်ပြန် တက်လာခဲ့ပြီး ပဲကလည်း အိန္ဒိယက အဝယ်အနည်းငယ်ရှိလာတဲ့အတွက်ကြောင့် ဈေးက ပြန်တက်လာခဲ့ပါ တယ်။
ပြီးခဲ့တဲ့ အပတ်ကရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၅၀၀၀၀ အထိ ဈေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာ တော့ တစ်တန်ကို ၁၀ သိန်းခွဲထိ ေပေါက်ဈေးရှိပြီး တစ်တန်ကို တစ်သိန်းခွဲ လော က်ဈေးပြန်တက်လာ ခဲ့ပါ တယ်။
မုံရွာဈေးကွက်မှာတော့ မတ်ပဲကတစ်တင်းကို ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး ကျဆင်းပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ သုံးတင်းဝင် တစ်အိတ်ကိ ၈၆၀၀၀ ကနေ ၉၄၀၀၀ပေါက်ဈေးရှိပြီး တစ်ထောက် လောက်ဈေး ကျဆင်းသွားပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာတော့ နယ်အချို့ ကုန်စည်ဒိုင်တွေမှာပါ ဈေးက မဖွင့်ပါဘူး။ အဝင်လည်းမရှိသလို အဝယ်လည်းမရှိတဲ့အတွက်ကြောင့် ဈေးက တော့ ကျဆင်းနေပါတယ်။
ဒါပေမယ့် လာမယ့် လအတွင်းဈေးပြန်တက်နိုင်ခြေရှိတယ်လို့ေတော့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။ တပ်ရိက္ခာအတွက် တိရိစ္ဆာန်အစာအတွက် အဝယ်ပြန်လိုက်လာနိုင်တဲ့အတွက်ကြောင့် ပြည်တွင်းဈေးကွက်မှာ ဈေးက ပြန်တက်လာနိုင်တယ်လို့ဆိုပါတယ်။
ရန်ကုန် မှာလည်းဈေးမဖွင့်သလို မုံရွာဈေးကွက်မှာလည်း ဈေးမဖွင့်ပါဘူး။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်း ကို ၂၄၀၀၀ နဲ့ဈေးငြိမ်နေပြီးပြည်ကုနစ်ညဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးက မထင်မှတ်လောက်အောင်ကို တက်လာခဲ့ပါတယ်။ အသစ်တွေ ဆက်တိုက် ထွက်ရှိနေပြီး အရောင်းအဝယ်သွက်နေတဲ့အတွက်ကြောင့် ဈေးက တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူ(မင်းလှ၊မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၁၄၈၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းတစ်ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။
ဘိုကိတ်ပဲ
ဘိုကိတ်ပဲက ဒီတစ်ပတ်မှာလည်းဈေးကွက်မှာ အနည်းငယ်တက်လာတာကိုတွေ့ရပါတယ်။ ပြည်တွင်းပဲတွေ အဝယ်သွက်လာတဲ့အတွက်ဈေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ အခြားပဲအသစ်တွေကလည်း ဈေးကွက်မှာ ဝင်ရောက်နေပြီး ဈေးတွေက အပြိုင်အဆိုင် တက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဘိုကိတ်ပဲက တစ်ပိဿာကို ၁၃၃၀ ကနေ ၁၃၇၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်း ဘိုကိတ်ပဲ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ လက်ရှိမှာ အဟောင်းတွေက ကုန်ပြီး မိုးကြက်သွန်အသစ်တွေသာ ဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်နေပါတယ်။ အချို့ဒေသတွေမှာတော့ အဝင်များတဲ့အတွက်ဈေးတက်ပေမယ့် အချို့ဒေသ တွေမှာတော့ အဝင်ရှိသလောက်အရောင်းအဝယ်သွက်တဲ့အတွက်ဈေးက တက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ အသစ်က တစ်ပိဿာကို ၂၀၀၀ ကနေ ၃၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေး တက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၅၀ ကနေ ၁၉၅၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁၃၀၀ ကနေ ၂၆၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ဒီတစ်ပတ်မှာ ရုတ်တရက်ဈေးကကျဆင်းသွားခဲ့ပါတယ်။ အဝင်များလာတဲ့အတွက်ဈေးကျဆင်း သွားတာဖြစ်တယ်လို့သိရပါတယ်။ ကြက်သွန်ဖြူ (ကြူကုတ်)က တစ်ပိဿာကို ၃၀၅၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရက်အတော်ကြာ အတက်ဈေးနဲ့ ရှိခဲ့တဲ့ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၂၂၀၀ ကနေ ၃၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ် ကျဆင်းသွားပါတယ်။
ဝတ်ရည်မွန် (AMIA)