menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၆.၁၂.၂၀၁၉ မှ ၂၀.၁၂.၂၀၁၉)ထိ
ဆန်၊စပါး
ဆန်တွေရော စပါးတွေရော လက်ရှိမှာအသစ်တွေ ထွက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် အဟောင်းဈေး တွေကတော့ ငြိမ်သွားပါတယ်။ စပါးအသစ်တွေကတော့ လတ်တလောမှာ အစို ကျန်နေသေးတဲ့အတွက် ဈေးကတော့ သိပ်မရသေးဘူးလို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဆန်သစ်တွေ လည်းထွက်ရှိလာပြီဖြစ်ပြီး ဈေးကတော့ တက်လာပါတယ်။ ဆန်ကောင်းရင်ဈေးကောင်းတဲ့ အခြေအနေပါ။ ကြားပျံရှယ်သစ်က တစ်အိတ်ကို ၂၆၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်တက်လာပါတယ်။ ပေါ်ဆန်းသစ်ရှယ် ကလည်း တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါး နဲ့ မြောင်းမြ ပေါ်ဆန်းမွှေး စပါး (အသစ်)က တင်း ၁၀၀ ကို ၆၂၂၀၀၀ ပေါက်ဈေးရှိပြီး ဆန် အသစ်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ဧည့်မထ စပါး နဲ့ မြောင်းမြဧည့်မထ စပါး ကလည်း တင်း ၁၀၀ ကို ၄၇၈၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၁၈၀၀၀ ပေါက်ဈေးရှိပါတယ်။
ဒေးဒရဲပေါ်ဆန်းမွှေးစပါး အသစ်ကတော့ တင်း ၁၀၀ ကို ၅၃၈၀၀၀ ပေါက်ဈေးရှိပြီး ဒေးဒရဲဧည့်မထ စပါး အသစ်ကတော့ တစ်အိတ်ကို ၅၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ဖျာပုံပေါ်ဆန်းမွှေးစပါးကလည်း တင်း ၁၀၀ ကို ၅၄၈၀၀၀ ပေါက်ဈေးရှိပြီး ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ လက်ရှိမှာ အစိုကျန်နေသေးပေမယ့် စပါးအခြောက် များလာရင်တော့ ဈေးက ထပ်ပြီးတက်နိုင်မယ်လို့ကုန်သည်တွေက ဆိုပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ၁၁ သိန်းကျော်ထိ တက်လာပြီး ဈေးက ပြန်ပြီး ကျဆင်းသွားခဲ့ပါတယ်။ လက် ရှိမှာ အိန္ဒိယနိုင်ငံရဲ့ ဆက်ပြီး ဝယ်ယူဖို့ မဝယ်ယူဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြား မတ်ပဲဈေးက အတက်အ ကျဖြစ်နေတယ်လို့လည်းသိရပါတယ်။ ဈေးအခြေအနေကိုကြည့်ပြီးတော့ အရောင်းအဝေယ်ရှိနေတာဖြစ်တဲ့အတွက် မတ်ပဲဈေးက လက်ရှိမှာ ခန့်မှန်းရ ခက်တဲ့ အခြေအနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက ယခု တစ်ပတ်အတွင်းကို ၁၂သိန်း အထိ နီးပါး အထိ ပြန် ဈေးတက်လာခဲ့ပြီး ၂ ရက်အတွင်းကို ၅ သောင်းကျော် ပြန်ကျဆင်းသွားပါတယ်။ မန္တလေးကုနစ်ည်ဒိုင်ဈေးကွက်မှာတော့ မတ်ပဲက အသစ်က သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ ၃၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါ်ကဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ တစ်ပတ်လုံးဈေးမဖွင့်ခဲ့ ပဲ ဒီတစ်ပတ်မှာတော့ ပြန်ဈေးဖွင့်ခဲ့ပါတယ်။ အဟောင်း မရှိတော့ အသစ်က အနည်းငယ်ပြန်အဝယ်လိုက်လာတာဖြစ်တဲ့အတွက် ဈေးက ပြန်ဖွင့်လာတာလဲ ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ အသစ်က တစ်တန်ကို ၇၄၀၀၀၀ နဲ့ ဈေးပြန်ဖွင့်ခဲ့ပါတယ်။ပြည်ကုန်စည်ဒိုင် မှာ တော့ တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။
ပြည်ပဝယ်ယူမှု များလာတဲ့အတွက် ဈေးက တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ် ပြုလုပ်နေတာဖြစ်ပါတယ်။ ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ (ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ) တစ်ပိဿာကို ၁၈၆၅ ကနေ ၂၁၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာ ၃၅၀၀၀ ကနေ ၃၆၂၅၀ ပေါက်ဈေးရှိ ပြီး တစ်တင်းကို ၂၂၅၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၃၇၇၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ ကုလားပဲကတော့ ဒီတစ်ပတ်မှာ ထပ်ပြီး ဈေးတက်လာပါတယ်။ လက်တလော အရောင်းသွက်နေတဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ ပုံမှန် နယ်စပ်ဘက်ကနေ တင်သွင်းမှု လုပ်နေပေမယ့် လက်ရှိမှာ အဝင်နည်းတဲ့အတွက် ပြည်တွင်း ပဲဈေးတက်လာတာပါ။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၃၀၀ ကနေ ၁၃၅၀ ပေါ်ကဈေးရှိပြီး တစ်ပိဿာ ကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲလုံးဖြူ(ကြီး၊သေး)က တစ်တင်းကို ၂၇၀၀၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိ ပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ကုလားပဲလုံးဝါ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၅၃၀၀ ကနေ ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၂၀၀ေ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာကာ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၆၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၆၀၀ ပေါက်ဈေးရှိပြီး ၁၉၀ ကျပ်ဈေးတက်လာပေမယ့်ကုလားပဲလုံးဝါကြီးကတော့တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာလည်း ဆက်ပြီးဈေးတက်နေခဲ့ပါတယ်။ လက်ရှိမှာ နှစ်ပတ်ဆက်တက်နေတာဖြစ် ပါတယ်။ အသစ်တွေကလည်း ဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်နေပြီး အရောင်းအဝယ်ကလည်းသွက် နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာပဲလွန်းဖြူက တစ်ပိဿာကို ၁၅၁၅ ကျပ် ကနေ ၁၅၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲလွန်းဖြူက သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲပုတ်
ပဲပုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ အသစ်တွေလည်း ဝင်ရောက်လာပြီဖြစ်တဲ့အတွက် အဟောင်းတွေက လက်ကျန်နည်းလာပြီး ဈေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်က တစ်ပိဿာကို ၁၀၁၅ ကနေ ၁၁၀၀ ပေါက်ဈေးရှိပြီး ၆၅ ကျပ်ဈေးတက်လာ ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၈၄၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည် ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကလည်း တစ်ပတ်အတွင်း အတက်အကျ များပါတယ်။ ဈေးနှုန်းတည်ငြိမ်မှုမရှိပါဘူး။ဈေးကွက် ထဲကို အဝင်များရင် ရုတ်တရက်ဈေးကျဆင်းသွားပြီး အဝင်နည်းရင်တော့ ဈေးက တက်လာခဲ့ပါတယ်။ အဝယ် ကတော့လက်ရှိမှာ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။ အဟောင်းက မရှိသလောက်ဖြစ်နေပြီး အသစ်တွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ အသစ်က တစ်ပိဿာကို ၁၃၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ မိုးကြက်သွန်နီ အသစ်က တစ်ပိဿာကို ၃၀၀ ကနေ ၁၉၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)