menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပက်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၉.၉.၂၀၁၉ မှ .၁၃.၉.၂၀၁၉)ထိ
ဆန်၊ စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်စပါး ဈေးအခြေအနေက အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးအေးနေပါတယ်။ ပုသိမ် ဈေးကွက်မှာတော့ ပေါ်ဆန်းစပါးအချို့ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အဝင်များလာတဲ့အတွက် ဈေးက အနည်းငယ်ကျဆင်းသွားတာလို့သိရပါတယ် ။
ပုသိမ်ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါ တယ်။
ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၈၉၀၀၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ဒေးဒရဲပေါ်ဆန်း ဆန်ကလည်း တစ်အိတ်ကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။
ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၉၀၈၀၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀၀ ကျပ် ဈေးကျဆင်း သွားပြီး ဆန် ကလည်း တစ်အိတ်ကို ၁၀၀၀ ကျပ်ကျဆင်းသွားကာ ၁၀၀၀ ကျပ် ကျဆင်းသွား ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ အိန္ဒိယကို အောက်တိုဘာလကုန်အထိ ပဲတင်သွင်းရမှာဖြစ်တဲ့အတွက်ကြောင့် ဒေသတွင်းကုန်သည်တွေက ပြန်ဝယ်နေကြတဲ့အတွက် ဈေးက တက်လာတာ ဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှတော့ မတ်ပဲက တစ်တန်ကို ၇၆၀၀၀၀ အထိ ဈေးရရှိနေပြီး တစ်ပတ်အတွင်း ၃ သောင်းလောက် ဈေးပြန်တက်လာခဲ့ပါတယ်။
မုံရွာ ဈေးကွက်မှာ မတ်ပဲက တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးတက်လာပါတယ်။
နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။မတ်ပဲက အရောင်းအဝယ်ရှိနေပေမယ့် ပဲစင်းငုံနီ ကတော့ ဈေးကွက်ထဲ အရောင်းအဝယ်မရှိသလောက် ဖြစ်နေတဲ့အတွက် အရောင်းအေး အဝယ်အေး ပြီး ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၈၃၂၅၀၀ ပေါက်ဈေးရှိပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်း ကို ၂၇၄၀၀ပေါက်ဈေးရှိပြီး ၃၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဆက်ပြီး ဈေးက ကျဆင်းသွားခဲ့ပါတယ်။လက်ရှိအချိန်အထိ အရောင်းအဝယ်ကလည်း အေးနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၂၈၀ ကနေ ၁၃၂၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၂၆၅ ကနေ ၁၂၈၀ ပေါက်ဈေးရှိပြီး ၅၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံဈေးကွက်မှာ ကုလားပဲလုံးဝါကြီးက တစ်ပိဿာကို ၁၃၉၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးကျဆင်းကာ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁၃၅၅ ပေါက်ဈေးရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲလုံးဝါသေးက ၂၆၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာကာ ကုလားပဲလုံးဖြူကြီး ကတော့ တစ်တင်းကို ၂၆၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် နည်းတဲ့ အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာ ထောပတ်ပဲက တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၅၀ ကနေ ၁၉၁၅ ပေါကဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး တက်လာပါတယ်။
ထန်းလျက်
ထန်းလျက်က ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ထန်းလျက် က ဈေးငြိမ်နေတာ ကြာပြီဖြစ်တဲ့အတွက် စက်တင်ဘာ လဆန်း ပိုင်းကတည်းက စတက်လာခဲ့တာလည်းဖြစ်ပါတယ်။ ပွဲတော်ရက်ရောက်တော့ မှာဖြစ်တဲ့ အတွက်ဈေးကွက်အတွင်း အဝယ်များလာတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၃၀ လောက်တက်လာပြီး လက်ရှိပေါက်ဈေးက တစ်ပိဿာကို ၁၅၄၀ ကနေ ၁၇၅၀ ပေါက်ဈေးရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ကုန်စည်ဒိုင်တွေကို အဝင်များလာတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ တစ်နေ့ကို ကုန်တန်ချိန် ၉ သောင်းခန့် အဝင်ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၇၅ ကျပ်ကနေ ၈၇၅ ကျပ်ပေါက်ဈေးရှိပြီး ၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ၄၅၀ ကနေ ၇၂၅ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၀၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး ၁၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
ငရုတ်ခြောက်
ငရုတ်ကဒီတစ်ပတ်မှာ ဈေးက တက်လာခဲ့ပါတယ်။ အတော်ကြာ ဈေးငြိမ်နေခဲ့ပေမယ့် ပြည်ပ ဝယ်ယူမှု များလာတဲ့အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ တစ်ပိဿာကို ၂၀၀ လောက်တက်လာခဲ့ပြီး တစ်ပိဿာကို အနိမ့်ဆုံးဈေး ၅၄၀၀ ကနေ ၉၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ဝတ်ရည်မွန်(AMIA)