menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၃.၁.၂၀၂၀ မှ ၁၇.၁.၂၀၂၀ )ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ပုသိမ်ဈေးကွက်မှာ ဆန်ဈေးရောစပါးဈေးတွေရော တက်ပါတယ်။ ရန်ကုန်ဘက်ကနေ မိုးစပါးတွေကို အဝယ်များတဲ့အတွက်ကြောင့် ဈေးတက်လာတာလို့သိရပါတယ်။ဆန်ဈေးကတော့ ဆက်ပြီး တက်နိုင်ခြေရှိသေးတယ်လို့လည်း သုံးသပ်ထားပါတယ်။
ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေး စပါးက တင်း ၁၀၀ ကို ၆၆၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀၀၀၀ ကျော်ဈေးတက်လာကာ ပုသိမ်ပေါ်ဆန်း ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၄၈၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးတက်လာကာ ဆန် ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၁၈၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးက တော့ တင်း ၁၀၀ ကို ၆၅၇၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၉၀၀၀ ကျပ်ရှိပြီး ၄၀၀၀ ကျပ်၊ မြောင်းမြဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၀၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၆၂၈၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ် ၊ဆန်က တစ်အိတ်ကို ၂၇၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ကြားပျံသစ်ရှယ် ကတော့ တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊အသီးသီးဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်းဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ ပုံမှန်အတိုင်း ဝယ်ယူနေပြီး အရောင်းအဝယ်အေး ဈေးအေးသွားတာဖြစ်တယ်လို့သိရပါတယ်။တစ်ပတ်အတွင်း အတက်အကျ အနည်းငယ် နဲ့သာ အရောင်းအဝယ်ဖြစ်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၁၂၁၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် ၉၀၀၀ လောက်သာ ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးှရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲစင်းငုံနီ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ အသစ်(၂၀၂၀) ကို ဈေးစဖွင့်ပါတ ယ်။ အရောင်းအဝယ်ပါးပေမယ့် မနိမ့် တဲ့ ဈေးနဲ့ စဖွင့်ခဲ့ပါတယ်။ အဟောင်းလက်ကျန်တွေကတော့ မရှိသလောက် ဖြစ်နေပြီး ဈေးကလည်း နည်းပါတယ်။
အသစ်ကတော့ လက်ရှိမှာ ပြည်တွင်း အဝယ်လိုက်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၂၂၀၀၀ ပေါက်ဈေးရှိနေပါတယ်။မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၂၂၆၀၀ ပေါက်ဈေးရှိပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာလည်း တင်းတင်းကို ၂၂၃၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၂၅၅၀၀ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ထန်းလျက်
ထန်းလျက်က တော့ ပြီးခဲ့တဲ့ နှစ်လယ်ကတည်းက ဈေးက တက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အတက်ဈေး နဲ့ပဲ ဆက်သွားနေပါတယ်။ ထန်းရည် ရှားပါးချိန်ဖြစ်တဲ့အတွက်ကြောင့် ထန်းလျက်က မထွက်တော့ပဲ လက်ကျန် ထန်းလျက်တွေက ဈေးတက်နေတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို အနိမ့်ဆုံးဈေးက ၁၉၅၀ ပေါက်ဈေးရှိပြီး အမြင့်ဆုံးဈေးက ၂၁၀၀ ရှိကာ တစ်ပိဿာကို ၁၂၅ ကျပ်ဈေးတက်လာပါတယ်။ မန်းကျည်းသီး မန်းကျည်းသီးကလည်း ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းလို့ဈေးတက်တ ယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မန်းကျည်းသီးက တစ်ပိဿာကို ၂၀၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက် လာပါတယ်။ ပြောင်းဆံ ဈေးငြိမ်နေတာကြာပြီဖြစ်တဲ့ ပြောင်းဆံက ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၈၀ ကနေ ၄၉၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေးတက်လာပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကလည်း ဈေးကျဆင်းနေပါတယ်။ နယ်မျိုးစုံကနေ အဝင်ရှိနေတဲ့ဈေးကကျဆင်းသွား တာဖြစ်တ ယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ခရမ်းချဉ်သီးက တစ်ပိဿာကို ၁၅၀ ကနေ ၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ လောက်ကျဆင်းသွားပါတယ်။ သီရိမင်္ဂလာဈေးမှာတော့ တစ်သေတ္တာကို ၁၈၀၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိပြီးဈေးအပြောင်းအလဲမရှိပါဘူး။