menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်
(၁၆.၉.၂၀၁၉ မှ .၂၀.၉.၂၀၁၉)ထိ


ဆန်၊စပါး  

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝါးတန်းဈေးကွက်မှာလည်း ပထမတန်းစား ဆန်တွေ ဖြစ်တဲ့ ပေါ်ဆန်းတွေက ဈေးကျဆင်းသွား ခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။  

ဧရာဝတီဆန်စပါးဈေးကွက်မှာလည်း စပါးဈေးတွေရော ဆန်ဈေးတွေ ရော ဈေးက ကျဆင်းသွားပါတယ်။ အသစ်တွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် အရောင်းအဝယ်နည်းပြီး ဈေး ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။  

ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ပေါ်ဆန်းဖျာပုံက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ရှိပြီး ၂၀၀၀ ကျပ်၊မော်ကျွန်းပေါ်ဆန်းက တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၈၀၀၀ ကျပ်ရှိပြီး ၂၅၀၀ ကျပ်၊ဘိုကလေး ပေါ်ဆန်းက တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်းက ၄၀၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းကတော့ ၅၇၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။  

ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်း စပါးက တင်း ၁၀၀ ကို ၉၁၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၃၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ၊မြောင်းမြပေါ်ဆန်း စပါးက တင်း ၁၀၀ ကို ၈၇၆၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၄၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ဒေးဒရဲ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၈၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၀၂၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။  
လက်ရှိမှာတော့ စပါးအသစ်တွေထွက်ရှိတော့မှာဖြစ်တဲ့အတွက် ထွက်ရှိလာတဲ့ စပါးတွေကို ဈေးနှုန်းသတ်မှတ် ဝယ်ယူပေးရန် တောင်သူများက တောင်းဆိုမှုတွေပြုလုပ်နေပါတယ်။  

မတ်ပဲ(FAQ/RC)  

မတ်ပဲကတော့ ဈေးကွက်အတွင်း အနည်းငယ်လှုပ်ခတ်ခဲ့ပါတယ်။အောက်တိုဘာလအတွင်း အိန္ဒိယကို ပဲအပြီး တင်သွင်းမှု ပြုလုပ်ရမှာဖြစ်တဲ့အတွက် ကုန်သည်တွေက ပြန်အဝယ်လိုက်လာပြိးဈေးက အနည်းငယ်ပြန်တက်လာခဲ့တာလည်းဖြစ်ပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၇၇၉၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။

မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၁၅၀၀ ကျပ် နဲ့ ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေးတက်လာပါတယ်။ လက်ရှိမှာတော့ ပဲဈေးကွက်အတွင်း ဈေးတက်မယ် ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲဈေးကွက်အတွင်း လှုပ်ခတ်နေပြီး ချင့်ချိန် ဝယ်ယူမှုတွေ ပြုလုပ်ရန် ကုန်သည်ကြီးတွေက ပြောဆိုထားပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံး အရောင်းအဝယ်မရှိပဲ ငြိမ်နေခဲ့ပါတယ်။ဈေးကွက်အတွင်း မှာလည်း အကျဈေးနဲ့ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်ဈေးတက်လာပြီး ၈၅၅၀၀၀ နဲ့ ဈေးပြန်ဖွင့် ခဲ့ပါတယ်။

မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၂၇၆၀၀ နဲ့ ၂၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။

ပခုက္ကူကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၂၉၀၀၀ ကျပ် နဲ့ ၅၀၀ ကျပ်ဈေးတက်လာ ပြီး ပြည်ကုန်စည်ဒိုင်မှာ လည်း တစ်တင်းကို ၂၇၀၀၀ ကျပ်နဲ့ ၅၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။  

ထောပတ်ပဲ  

ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပါတယ်။ ပဲအဝင်လည်းမ/ရှိတော့သလို အရောင်းအဝယ်လည်း မရှိတော့ အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ အချို့ နယ်ကုန်စည်ဒိုင်တွေမှာ အရောင်းအဝယ်များပိတ်ထားရတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ထောပတ်ပဲက တစ်ပိဿာကို ၁၆၅၀ ကနေ ၁၈၃၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ဈေးကျဆင်းသွားပါတယ်။ အခြား ကုန်စည်ဒိုင်တွေမှာတော့ ဈေးငြိမ်နေပါတယ်။  

မြေပဲလုံးဆံနီ၊မြေပဲလုံးဆံဖြူ  

ဒီတစ်ပတ်မှာတော့ မြေပဲလုံး ဆံနီ၊ဆံဖြူ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက် ဝင်လာနေပြီဖြစ်တဲ့အတွက်ဈေးက ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်.  

မန္တလေးဈေးကွက်မှာတော့ အနီလုံးဆံက တစ်ပိဿာကို ၃၇၀၀ ကနေ ၄၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ မြေပဲလုံးဆံနီက ၄၅၀၀ ကျပ်ရှိပြီး မြေပဲလုံးဆံဖြူကတေ့ တစ်ပိဿာကို ၂၉၅၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး ၆၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာလည်း မြေပဲလုံးဆံနီက တစ်ပိဿာကို ၃၆၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေး ကျဆင်းပြီး မြေပဲလုံးဆံဖြူကတော့ တစ်ပိဿာကို ၃၁၀၀ ကျပ်ရှိကာ ၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။  

အာလူး  

အာလူးဈေးကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲရှိနေပါတယ်။  

ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂၇၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး ၂၀ လောက်ဈေး ပြန်တက်လာပါတယ်။  

နှမ်းမျိုးစုံ  

နှမ်းနက်(စမုံ) နှမ်းနက်(စမုံ)က ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်နည်းတဲ့ အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၅၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး အောင်လံကုန်စည်ဒိုင်မှာတော့ ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်တက်လာပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းတဲ့ အတွက် ဈေးက တက်လာတာဖြစ်ပါတယ်။  

မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၅၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ နီးပါးဈေးတက် လာပါတယ်။

ဝတ်ရည်မွန်(AMIA)