menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၃.၂.၂၀၂၀ မှ ၇.၂.၂၀၂၀ )ထိ
ဆန်၊ စပါး
ဒီတစ်ပတ် ပုသိမ်ဈေးကွက်မှာတော့ ဆန်ဈေးရော စပါးဈေးပါ တက်နေပါတယ်။ စပါးတန်ချိန် ၅ သိန်းခန့် ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေကြောင့် ကုန်သည်တွေက အဝယ်အများအပြားရှိနေပြီးဈေးက တက်လာတာဖြစ် ပါတယ်။
ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၇၈၀၀၀ ပေါက်ဈေးရှိပြီး ၄၆၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၃၂၀၀၀ ပေါက်ဈေးရှိပါတယ်။ပုသိမ်ဧည့်မထစပါး က တင်း ၁၀၀ ကို ၅၂၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၀၀၀၀ တက်လာပြီး ဆန်ကတော့ တစ်တင်းခွဲကို ၂၂၅၀၀ ပေါက်ဈေးရှိကာ ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၆၂၀၀၀ ပေါက်ဈေးရှိပြီး ၆၁၀၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲကို ၃၅၀၀၀ ကျပ်ရှိကာ ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။မြောင်းမြဧည့်မထ စပါးက တော့ တင်း ၁၀၀ ကို ၅၁၅၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၆၉၄၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဒေးဒရဲဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၀၀၀၀၀ ရှိပြီးဆန်ကတော့ တစ်တင်းခွဲ ကို ၁၈၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၀၇၀၀၀ ပေါက်ဈေးရှိပြီး ၆၂၀၀၀ ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲ ကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက် လာပါတယ်။ဖျာပုံဧည့်မထ စပါးကတော့ တင်း၁၀၀ ကို ၅၁၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိ ပါဘူး။ဆန်ကတေ့ာ တစ်တင်းခွဲကို ၁၉၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က ငြိမ်ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးက ကျဆင်းသွားပါတယ်။အိန္ဒိယကို မတ်လ အကုန် ပဲတင်သွင်းခွင့် ပြုရမယ်ဆိုတဲ့အတွက်ကြောင့ ်ောတင်သူတွေကလည်း ဈေးအတက်ကို စောင့်ပြီး ထုတ်မရောင်း ကျသေးတဲ့အတွက် ဈေးက အခုလို ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၀ သိန်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန် ကို ၇၀၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၂၂၅၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။
ပြည် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၅၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ပြီး ကျဆင်းသွားပါတယ်။ အသစ်တွေက ဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်နေပြီး ပြည်ပ ဝယ်ယူမှုကလည်း နည်းသွားတဲ့အတွက်ကြောင့် ဈေးက ထပ်ပြီး ကျဆင်း သွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၆၃၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉၅၀၀ ပေါက်ဈေးရှိပြီး ၂၃၀၀ ကျပ် ဈေး ကျဆင်းသွား ပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၈၉၀၀ ပေါက်ဈေးရှိပြီး ၂၇၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ မန္တလေး ဈေးကွက်မှာတော့ ၃တင်းဝင် တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၇ ၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်း ကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိအချိန် ထိ အဝယ်က ရပ်ဆိုင်းနေတာဖြစ်တဲ့အတွက် ပြည်တွင်း ရောင်းဝယ်မှုသာ အနည်းငယ်ရှိပြီးဈေးက ကျဆင်းသွားတာလို့သိရ ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ) တို့က တစ်ပိဿာကို ၁၇၅၀ ကနေ ၂၁၂၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၂၅၀၀ ကနေ ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၄၀၀ ပေါက်ဈေးရှိပြီး ၉၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၇၅၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးကကျဆင်းသွားပါတယ်။ အဟောင်းတွေက မရှိတော့ပဲ အသစ်တွေက လည်း ရက်ခြားသာ အရောင်းအဝယ်ရှိနေပါတယ်။
ထောပတ်ပဲကလည်း ပြည်ပ အဝယ်သိပ်မရှိတဲ့ အတွက် ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိ ပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ငရုတ်
ငရုတ်ဈေးက ဒီတစ်ပတ်မှာလည်း ထပ်ပြီးကျဆင်းသွားခဲ့ပါတယ်။ ငရုတ်အသစ်တွေလည်း ဝင်လာပြီဖြစ်တဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ငရုတ်ပွ(စိမ်းစား)က ၄၅၀၀ ကနေ ၄၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ငရုတ်ပွ(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၄၈၀၀ ကနေ ၅၂၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်၊ပျော်ဘွယ်မိုး ထောင်က တစ်ပိဿာကို ၅၀၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ်၊မိုးထောင်မြစ်ဝက တစ်ပိဿာကို ၃၇၀၀ ကနေ ၃၈၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
နှမ်းမျိုးစုံ
နှမ်းမျိုးစုံကတောလတ်တလော ဈေးကွက်ထဲ အေးနေပြီး အချို့ နှမ်းတွေကတော့ ဈေးက ကျဆင်းသွားခဲ့ ပါတယ်။ အချို့ နှမ်းတွေကတော့ ဈေးကွက်ထဲ အရောင်းအဝယ်ကို မရှိသလောက်ဖြစ်နေပါတယ်။
နှမ်းနက်(စမုံ)ကတော့ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၁၈၀၀၀၀ ကနေ ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ နှမ်းဖြူကတော့ တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်လောက်ဈေးကျဆင်း သွားပါတယ်။ နှမ်းညိုကတော့ တစ်အိတ်ကို ၁၂၀၀၀၀ နဲ့ တစ်ပတ်လုံးဈေးငြိမ်နေပါတယ်။ ပန်းနှမ်းကတော့ တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၃၀၀၀ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။