menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၀.၂.၂၀၂၀ မှ ၁၄.၂.၂၀၂၀ )ထိ
ဆန်၊စပါး
လက်ရှိမှာတော့ စပါးတွေက ရှားလာပြီဖြစ်တဲ့အတွက် စပါးဈေးတွေက ဆက်တိုက်တက်နေပြီး ဆန်ဈေး နှုန်းကတော့ အရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းရနေပါတယ်။ အရောင်းအဝယ်ကတော့ ငြိမ်နေပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကိ ၂၉၀၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေးတက်လာပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၀၆၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀၀ ကျပ်၊ဈေးတက်လာပြီး ဆန်ကတော့ ဈေးအပြောင်းအလဲ မရှိပါဘူး။ ဧည့်မထ စပါးက တင်း ၁၀၀ ကို ၅၄၀၀၀၀ ကျပ်ရှိပြီး ၁၄၀၀၀ ကျပ်၊ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၀၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ ဈေးမပြောင်းပါ။ မြောင်းမြဧည့်မထ စပါးက တော့ တင်း ၁၀၀ ကို ၅၂၄၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေးတက်လာပါတယ် ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၂၀၀၀၀ ပေါက်ဈေးရှိပြီး ၂၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၀၀၀၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲ ကို ၁၉၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်တင်းခွဲ ကို ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက် လာပါတယ်။ဖျာပုံဧည့်မထ စပါးကတော့ တင်း၁၀၀ ကို ၅၃၃၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတေ့ာ တစ်တင်းခွဲကို ၂၁၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဈေးတက်နိုင်ခြေ ရှိတယ်လို့ ကုန်သည်အများဆုက သုံးသပ်ထားပေမယ့် ဒီတစ်ပတ်မှာ တော့ တစ်တန်ကို ၁၀ သိန်းအောက်ထိ မထင်မှတ်အောင် ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကို တင်ပို့ခွင့်ရရှိထားပေ မယ့် ကိုရိုနာ ဗိုင်းရပ်ကြောင့် ကုန်သွယ်မှုတွေ အနည်းငယ်ရပ်ထားရမှ ဈေးတွေ ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။
ပြည်တွင်းငွေလဲလှယ်နှုန်းကလည်း လတ်တလော ဈေးတွေ ကျဆင်းနေတာဖြစ်တဲ့အတွက် ဈေးရရှိမှုကလည်း နည်းပါးသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၇၃၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၃၀၀၀၀ နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၉၂၅၀ ပေါက်ဈေးရှိပြီး ၁၂၅၀ ကျပ်ဈေးကျဆင်းသွား ပေါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကောတ့ ရန်ကုန်ဈေးကွက်မှာရက်ခြားသာ အရောင်းအဝယ်ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်တက်ပါတယ်။ နယ်ဈေးကွက်တွေမှာလည်း ဈေးက တက်လာခဲ့ပါတယ်။
ပြည်ပ အဝယ်နည်းပေမယ့် ပြည်တွင်းဝယ်လိုအားများလာတဲ့အတွက် ဈေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၆၈၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ ၅၀၀၀၀ လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၀၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင် မှာတော့ တစ်တင်းကို ၁၉၆၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၀၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးတက်လာပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ လက်ရှိမှာတော့ အဝင်များရင် ဈေးကျဆင်း ပြီး အဝင်နည်းရင်တော့ ဈေးတက်နေတဲ့အခြေအနေပါပဲ။ ပုံမှန် အရောင်းအဝယ်ရှိနေပါတယ်။
ရန်ကုန်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၁၂၅၀ ကနေ ၁၅၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၅၀ လောက်ကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှတော့ တစ်ပိဿာကို ၅၀၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၀၀ ကနေ ၁၆၀၀ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ငရုတ်
ငရုတ်ခြောက်ဈေးတွေကလည်း ဒီတစ်ပတ်မှာ ထပ်ပြီး ကျဆင်းသွားပါတယ်။ အဝင်များတဲ့အတွက်ဈေးက ကျဆင်း သွားတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ရှည်(အိန္ဒိယ)က တစ်ပိဿာကို ၃၅၀၀ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မိုးထောင်မြစ်ဝကလည်း ၃၅၀၀ ကနေ ၃၆၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် ၊ကျောက်ရဲရှည်က ၃၅၀၀ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။