menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂၄.၂.၂၀၂၀ မှ ၂၈.၂.၂၀၂၀ )ထိ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်သစ်အချို့ ဈေးတက်လာပါတယ်။ ဆန်ကောင်း ရင်ဈေးကောင်းရတဲ့ အနေအထား ပါ။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။ မြောင်းမြပေါ်ဆန်းအသစ်ကတော့ တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၆၀၀၀ေ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပေါ်ဆန်းသစ်ရှယ်ကတော့ တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အကြမ်းသစ်ရှယ်ကလည်း တစ်အိတ်ကို ၂၁၅၀၀ ကနေ ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ဆန်ဈေး စပါးဈေးက ပြီးခဲ့တဲ့ အပတ်က အတိုင်း ဈေးငြိမ်နေခဲ့ပါတယ်။
ပဲခူးတိုင်း ပေါင်းတည် မှာတော့ ရတနာတိုးစပါးက ဈေးကွက်အတွင်းမှာ မရှိတော့ အင်းလယ်စပါးက ဈေးတက်လာပါတယ်။အင်းလယ်စပါးက တင်း ၁၀၀ ကို ၆၃၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းသွားပါတယ်။ လက်ရှိအချိန်ထိ ကုန်သွယ်မှု က မရသေးတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။အိန္ဒိယမှာတော့ မတ်ပဲ ထွက်ရှိမှုက ကျဆင်းသွား တဲ့ အတွက် မြန်မာပြည်က ပဲတွေကို ဝယ်ယူမှုများလာပြီး ဈေးတက်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထား ပါတယ်။ အဲ့ဒီအတွက်လည်း ပဲတွေကို ထုတ်မရောင်းဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၈၃၀၀၀ နဲ့ သုံးရက် ဆက်တိုက်ဈေးငြိမ်နေပြီး ပြီးခဲ့တဲ့ အပတ် နဲ့ နှိုင်းယှဉ်ရင်တော့ တစ်တန်ကို ၃ သောင်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၀၀၀ နဲ့ တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်းအဝယ်ပုံမှန်ရှိနေပေမယ့် ပြည်ပ အဝယ်မရှိတဲ့အတွက်ဈေးက အတက်အကျ အပြောင်းအလဲ အနည်းငယ်သာရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ပဲစင်းငုံနီက တစ်တန်ကို ၇၀၀၀၀၀ ကျော်ပေါက်ဈေးရှိပြီးတစ်တန်ကို ၃၅၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်.။
မြင်းခြံ ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၁၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ။ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၇၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
မန္တေလးကုန်စ ည်ဒိုင်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၆၄၀၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲတီစိမ်
း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ကျဆင်းသွားခဲ့ပါတယ်။ တရုတ်ဝယ်ယူမှု မရှိသေ လာက်ဖြစ်သွားတဲ့အတွက်ဈေးက အတက်အကျ အရမ်းများနေပြီး ပြည်တွင်း ဝယ်ယူမှုနဲ့သာ ဈေးကို အတန်အသင့် ထိန်းထားနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်ပိဿာကို ၁၇၅၀ ကနေ ၂၁၂၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေး ကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း (ကြီး၊သေး)က တစ်တင်း ကို ၃၁၀၀၀ ကနေ ၃၁၇၅၀ ပေါက်ဈေးရှိပြီး ၇၅၀ ကျပ် ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်း အလဲ မရှိပါဘူး။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီး ဈေးက ကျဆင်းသွားခဲ့ပါတယ်။ကြက်သွန်အသစ်တွေက လည်း နယ်အသီးသီးက ဝင်ရောက်နေပြီး ပြည်ပ အဝယ်မရှိတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၇၀၀ ကနေ ၁၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာကို ၈၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှတော့ တစ်ပိဿာကို ၃၀၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၀၀ ကနေ ၁၀၀၀ ပါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။
အာလူး
အာလူးတွေကတော့ ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။အဝင်နည်းပြီး အဝယ်များတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး အောင်ပန်းက တစ်ပိဿာကို ၄၅၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။