menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂.၃.၂၀၂၀ မှ ၆.၂၃.၂၀၂၀ )ထိ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ မထင်မှတ်လောက်အောင်ကို စျေးက ကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်းငွေလဲ လှယ်နှုန်းကလည်း ကျဆင်းသွားတဲ့အပြင် အိန္ဒိယမှာလည်း ပဲစျေးတွေ ကျဆင်းသွားတဲ့အတွက် မြန်မာမတ်ပဲ စျေးက ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။
မတ်ပဲအသစ်တွေကလည်း စျေးကွက်ထဲကိုဝင်ရောက်လာပြီးကုန်သည်တွေကလည်း စျေးချဝယ်ယူမှုေ တွ ပြုလုပ်နေပါတယ်။ လက်ရှိအခြေအနေကတော့ မတ်ပဲစျေးက ဒီထက် ကျဆင်းသွားမှာစိုးတဲ့အတွက် တောင်သူတွေကလည်း ထုတ်ရောင်းနေတဲ့အခြေအနေပါ။
အိန္ဒိယနိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး ထူးခြားမှု မရှိတဲ့အတွက်ကြောင့် ပုံမှန်ရောင်းဝယ်မှု ပြုလုပ်နေပေမယ့် တရုတ်နိုင်ငံကဲ့သို့ ဖြစ်လာပါက ပဲစျေးက ဒီထက်မက ကျဆင်းသွားမည်ကို ကုန်သည်တွေက စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ရန်ကုန်စျေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၅၀၀၀၀ ကျော်ပေါက်စျေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၂၀၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၃၀၅၀၀ နဲ့ စျေးငြိမ်နေပြီး ပြည်စျေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ နဲ့ ၁၀၀၀ ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၁၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လတ်တလော ပြည်တွင်း ဝယ်ယူမှု နဲ့ပဲပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး စျေးကလည်း အတက်အကျ အနည်းငယ်သာ ပြောင်းလဲပါတယ်။ ပြည်ပတင်ပို့မှုကတော့ မရှိသလောက်ဖြစ်နေပြီး ရန်ကုန်စျေးကွက်မှာတော့ စျေးအဖွင့် လည်း မရှိပါဘူး။
ရန်ကုန်စျေးကွက်မှာတော့ တစ်တန်ကို ၇ သိန်း နီးပါးနဲ့ စျေးငြိမ်နေပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၂၇၀၀၀ နဲ့ ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ပေါက်စျေးရှိပြီး ၃၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ပေါက်စျေးရှိပြီး ၃၀၀ ကျပ်စျေးတက်လာ ပါတယ်။ ပြည်စျေး ကွက်မှာတော့ တစ်တင်းကို ၂၁၅၀၀ ပေါက်စျေးရှိပြီး ၅၀၀ ကျပ် စျေး ကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လတ်တလော အဝယ်ရော အရောင်းရော မရှိတဲ့အတွက်ကြောင့် စျေးက ကျဆင်းနေဆဲ ပါပဲ။ ပြည်တွင်း ဝယ်လိုအား အနည်းငယ်ပိုလာမှ သာ စျေးက တက်ပေမယ့် အကျဘက်ကိုပဲ ဦးတည်နေပါတယ်။ ပဲတီစိမ်းကို တရုတ်ကသာ အဓိက ဝယ်ယူတာဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပြဿာနာကြောင့် ဝယ်ယူမှုကရပ်တန့် ထားရတဲ့ အခြေအနေဖြစ်နေပါတယ်။
ရန်ကုန်စျေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ ပဲခူးရွှေဝါ၊ ပခုက္ကူ)က တစ်ပိဿာကို ၁၇၅၀ ကနေ ၂၀၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၁၀ ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကနေ ၃၂၅၀၀ ပေါက်စျေးရှိပြီး ၇၅၀ ကျပ်စျေး တက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၇၅၀ ကျပ်နဲ့ စျေးငြိမ်နေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၇၀၀၀ ပေါ်ကစျေးရှိပြီး ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲကတော့ နယ်ကုန်စည်ဒိုင်အချို့မှာ စျေးတက်ပေမယ့် ရန်ကုန်နဲ့ မန္တလေးစျေးကွက်မှာတော့ ပဲစျေးက ကျဆင်းနေပါတယ်။ နယ်စျေးကွက်တွေမှာကတော့ လာရောင်းမှ သာ အဝယ်ရှိတဲ့အနေအထားဖြစ်ပြီး လက်ရှိ မှာကတော့ အသစ်တွေကလည်း ဝင်နေတာဖြစ်တဲ့အတွက် စျေးကတော့ တည်ငြိမ်မှုမရှိပါဘူး။
ရန်ကုန်စျေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၂၈၀ ကနေ ၁၃ဝဝေ ပါက်စျေးရှိနေပြီး တစ်ပိဿာကို ၃၀ လောက်စျေးကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာတော့ ကုလားပဲလုံးထိုင်ဝမ်က သုံးတင်းဝင် တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၁၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။
မုံရွာစျေးကွက်မှာ ကုလားပဲ လုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၄၀၀၀ ကနေ ၂၆၀၀၀ ပေါက်စျေးရှိပြီး ၇၀၀ ကျပ် ၊ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၅၀၀၀ ကနေ ၂၆၀၀၀ ပေါက်စျေးရှိပြီး ၃၀၀ ကျပ် စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက ၂၆၀၀၀ ပေါကစျေးရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပြီး ကုလား ပဲလုံးဝါကြီးကတော့ ၂၇၀၀၀ ပေါကစျေးရှိပြီး ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။