menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

(၉.၃.၂၀၂၀ မှ ၁၃.၃.၂၀၂၀ )ထိ  

ဆန်၊စပါး  

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးတွေ ကျဆင်းပြီး ဆန်ချောဈေးကတော့ ဈေးငြိမ်နေပါတယ်။ ထမင်းကောင်းမှ ဆန် ကောင်းမှ ရောင်းရတဲ့ အခြေအနေဖြစ်ပါတယ်။ပုသိမ်ဈေးကွက်မှာတော့ ဆန်ချောစပါးချော ဈေးတွေက ငြိမ်နေပြီး ဆန်ကြမ်းဈေးစပါးဈေးတွေကတော့ တက်လာပါတယ်။ အနိမ့်ဆုံးဈေး ကို ငါးသိန်းနဲ့ အစိုးရ ဝယ်ယူနေတာဖြစ်တဲ့အတွက် ဆန်ကောင်းတွေ့ ဈေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ရန်ကုန်ဈေးကွက်ကနေ အဝယ်များတဲ့အတွက်ဈေးက ဆက်တိုက်တက်နေတယ်လို့ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ် ပါတယ်။ ပေါ်ဆန်းသစ်ရှယ်ကတေယ့ တစ်အိတ်ကို ၃၁၀၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆန်ကြမ်း ဖြစ်တဲ့ ရက် ၉၀ ရှယ်ကတော့ တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ 

ပုသိမ်ဈေးကွက်မှာတော့ ပထတန်းစားဆန်စပါးတွေက ငြိမ်နေပြီး ဒုတိယတန်းစပါးတွေ ဖြစ်တဲ့ ပုသိမ်ဧည့်မထ စပါးက တင်း ၁၀၀ ကို ၅၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅၀၀၀ ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။မြောင်းမြဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၅၆၁၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ် ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

မြောင်းမြဧည့်မထစပါးကတော့ တင်း၁၀၀ ကို ၅၃၃၀၀၀ ပေါက်ဈေးရှိပြီး ၃၃၀၀၀ ကျပ်ဈေးတက်လာကာ ဆန်က တစ်အိတ်ကို ၂၀၀၀ ကျပ်တက်လာပြီး ၂၁၀၀၀ ပေါက်ဈေးရှိပါတယ်။ဖျာပုံဧည့်မထကတော့ တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး ၃၇၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကလည်း တစ်အိတ်ကို ၂၂၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။  

မတ်ပဲ  

မတ်ပဲကတော့ တစ်ပတ်အတွင်း ပြည်တွင်း ငွေလဲလှယ်နှုန်း ကျဆင်းသွားခဲ့တဲ့ အတွက် ဈေးက လည်း မထင်မှတ်အောင် ကျဆင်းသွားပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်က ဒေါ်လာဝယ်ယူမှုတွေပြုလုပ်ပေးခဲ့တဲ့အတွက် နှစ်ရက်အတွင်ပြည်တွင်းငွေလဲလှယ်နှုန်းတက်လာပြီး ပဲး ဈေးကလည်း အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေး မတည်ငြိမ်တဲ့အတွက်ကြောင့် ကုန်သည်တွေက လည်း စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်နေပြီးဒီထက်ဈေးကျဆင်းသွားမှာဆိုလို့ တောင်သူတွေကလည်း ရောင်းထုတ်လာ တဲ့အတွက် ဈေးက ပိုမိုကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၃၇၀၀၀ အထိ ဈေးက ကျဆင်းသွားခဲ့ပေမယ့် နှစ်ရက်အတွင်း ပုံမှန် တစ်တန်ကို ၈၇၅၀၀၀ အထိ ဈေးက ပြန်မြင့်လာပါတယ်။ ဈေးပြန်မြင့်လာတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ဈေးက ကျဆင်းနေဆဲပါပဲ။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၃၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၄၀၀၀လောက်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံးနီးပါးဈေးမဖွင့်ပါဘူး။ဝယ်ယူမရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိဘူးလို့သိရပါတယ်။ နယ်အချို့မှာတော့ အနည်းငယ်အရောင်းအဝယ် သာဖြစ်တယ် လို့သိရပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၀၇၀၀ နဲ့ ၁၀၀၀။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၉၆၀၀ ပေါက်ဈေးရှိပြီး ၁၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးကျ ဆင်းသွား ပါတယ်။

 ပြည်ဈေး ငရုတ်  

ငရုတ်ဈေးကဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးကျဆင်းသွားပါတယ်။ အသစ်တွေဆက်တိုက် ဝင်ရောက်လာတဲ့ အတွက်ထပ်ပြီးဈေးကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ငရုတ်ပွ (ဆင်ဖြူကျွန်း) က တစ်ပိသာကို ၃၈၀၀ ကနေ ၄၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ငရုတ်ပွ (စိမ်းစား)ကတော့ တစ်ပိဿာကို ၃၅၀၀ေ ပါ်ကဈေးရှိပြီး ၅၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။မိုးထောင် (မြစ်ဝ)ကတော့ တစ်ပိဿာကို ၂၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

ထန်းလျက်

ထန်းလျက်ကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ပစ္စည်းအဝင် နည်းတဲ့အတွက်ဈေးက ပိုတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၂၀၀၀ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ကွက်မှာတော့ တစ်တင်းကို ၂၁၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။