menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပက်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၃၀.၉.၂၀၁၉ မှ .၄.၁၀.၂၀၁၉)ထိ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ တော့ ဆန်ဈေးက ငြိမ်နေပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ဆန်ဈေးရော စပါးဈေးရော က ဆက်ပြီးကျဆင်းသွားပါတယ်။ ဆန်တွေရော စပါးတွေရော အသစ်တွေ ဆက်တိုက်ဝင်လာ နေ ပြီဖြစ်တဲ့အတွက် ဈေးက ဆက်တိုက် ကျဆင်းတာ ဖြစ်ပါတယ်။
ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေး စပါးက တင်း ၁၀၀ ကို ၈၇၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပုသိမ်ဧည့်မထ စပါးကလည်း တင်း ၁၀၀ ကို ၅၃၃၀၀၀ ပေါက်ဈေးရှိပြီး ၂၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၈၃၂၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ်ဈေးကျဆင်း ကာ ဆန်က တစ်အိတ်ကို ၁၀၀၀ ကျပ်ကျဆင်းပြီး ၄၁၀၀၀ ကျပ်ရှိပါတယ်။ မြောင်းမြဧည့်မထဆန်ကလည်း တင်း ၁၀၀ ကို ၅၆၁၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကျပ်ရှိပြိး ၁၀၀၀ ကျပ်၊ဈေးကျဆင်း ပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၇၆၀၀၀ ပေါက်ဈေးရှိပြီး ၁၄၈၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၃၉၀၀၀ ကျပ် ၂၀၀၀ ကျပ်၊ဒေးဒရဲဧည့်မထစပါးက တင်း ၁၀၀ ကို ၅၃၁၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ၊ဖျာပုံပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၅၁၀၀၀ ပေါက်ဈေးရှိပြီး ၁၅၁၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၃၉၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ဖျာပုံဧည့်မထစပါးက တင်း ၁၀၀ ကို ၅၃၁၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီး သီး ဈေးကျဆင်းသွားခဲ့ပါတယ်။
ထပ်ပြီးတော့ လည်း မိုးစပါးတွေက ဝင်မှာဖြစ်တဲ့ အတွက် ထပ်ပြီး ကျဆင်းနိုင်မယ်လို့ သုံးသပ်မှုတွေရှိပါတယ်။
မတ်ပဲ(FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။ပြီးခဲ့တဲ့ နှစ်လအတွင်းဈေးက ကျဆင်းခဲ့ပေမယ့် စက်တင်ဘာ နောက်ဆုံးအပတ်ကနေစပြီး တစ်ဖြေးဖြေး ဈေးတက်လာခဲ့တာ လက်ရှိမှာ တစ်တန်ကို ၈ သိန်း ကျော် အထိ ပေါက်ဈေးရှိလာပါတယ်။ အိန္ဒိယနိုင်ငံက အောက်တိုဘာလအတွင်း အပြီးဝယ်ယူမယ်ဆိုတဲ့ အတွက်ကြောင့် နေ့စဉ် ဈေးကွက်ထဲ အတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အရမ်းကြီး ဈေးတက်တာ မဖြစ်အောင် ကုန်သည်တွေအနေနဲ့လည်း ထိန်းပြီး ဝယ်ယူနေတာလည်း တွေ့ရပါတယ်။ ဈေးက ပုံမှန်နဲ့တစ်ဖြေးဖြေး တက်နေခဲ့တာပါ။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၈၆၉၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းတစ်တန်ကို ၈ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၈၀၀ နဲ့ ၂၀၀ ကျပ်ဈေးကျဆင်းသွားပြီး နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၃၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လက်တလော ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်လုံး ဈေးအဖွင့်မရှိတာကို တွေ့ရပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ဈေးက အနည်းငယ်တက်လာခဲ့ပါတယ်။ အဟောင်းလက်ကျန်က မရှိသလောက် နည်းနေပြီး အသစ်တွေကိုသာ အရောင်းအဝယ်ပြုလုပ်နေတာလည်း တွေ့ရပါတယ်။လက်ရှိမှာ မတ်ပဲကိုသာ အာရုံစိုက်နေပြီး ပဲစင်းငုံနီကတော့ ဖြေးဖြေးနဲ့ ပုံမှန်သွားနေတာတွေ့ရပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၂၇၆၅၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်ဈေးကွက်မှာတော့ ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတေ့ာ တစ်တင်းကို ၂၇၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးက တက်လာခဲ့ပါတယ်။ ဈေးကွက်ထဲမှာ အဝယ်များလာတဲ့အတွက် ဈေးက တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူက သုံးတင်းဝင် တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်လောက်ဈေးတက်လာခဲ့ပါတယ်။
ပဲထောပတ်
ပဲထောပတ်ကတော့ ဈေးက ကျဆင်းသွားပါတယ်။ရက်ခြားသာ အရောင်းအဝယ်ဖြစ်နေပြီး အဝင်ကလည်း မရှိသလောက်ဖြစ်သွားတာ တွေ့ရပါတယ်။
မန္တလေးဈေးကွက်မှာ ပဲထောပတ်က သုံးတင်း ဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ တစ်ပတ်အတွင်း ခြုံကြည့်ရင်တော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးတက်လာခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ တရုတ် နဲ့ ဘင်္ဂလား ဒေ့ရှ်တို့က ဝယ်ယူမှုကြောင့် ဈေးက တက်လာခဲ့ပြီး ဈေးတက်လာတဲ့အတွက် အဝင်များလာပြီး ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၇၀၀ ကနေ ၁၃၅၀ ပေါက်ဈေးရှိပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၉၀၀ ကနေ ၁၂၀၀ အထိ ဈေးတက်လာခဲ့ပြီး တစ်ပတ်အတွင်း ၂၀၀ လောက်ဈေးက ပြန်ကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၉၀၀ ကနေ ၁၁၀၀ အထိ ဈေးတက်လာခဲ့ပြီး လက်ရှိမှာ ၁၀၀ လောက်ဈေးကပြန်ကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ပြည်တွင်း ဝယ်ယူမှု များလာတဲ့အတွက် ဈေးက မြင့်လာတာဖြစ်တယ်လို့သိရပါတယ်။ကြက်သွန်ဖြူ(ရှမ်း) တွေကတော့ ပုံမှန် အရောင်းအဝယ်ဖြစ်နေပြီး ဈေးကလည်း ငြိမ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)ဈေးက တစ်ပိဿာကို ၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)တွေကတော့ တစ်ပိဿာကို ၁၉၀၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။