menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပက်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂၃.၃.၂၀၂၀ မှ ၂၇.၃.၂၀၂၀)ထိ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ဆန်ဈေးတွေတက်နေပါတယ်။ ဝယ်လိုအားများတဲ့အတွက်ဈေးက တက်နေတာဖြစ်ပြီး လက်ရှိအချိန်က နွေစပါးထွက်ရှိချိန်ကို စောင့်နေတဲ့အတွက်လက်ကျန်လည်း လျော့နည်းနေတာ ဖြစ်ပါတယ်။
မြောင်းမြပုသိ်မ်ပေါ်ဆန်းဆန်က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်၊ ကြားပျံရှယ် ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွေးက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၅၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၈၅၀၀ ပေါက်ဈေးရှိပြီး ၅၅၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံသစ်က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်၊ မြီးဒုံဆန်သစ်ကတော့ တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ၊ရက် ၉၀ သစ်ကတော့ တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဧည့်မထဆန်သစ်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ငစိန် ဆန်သစ်ကတော့ တစ်အိတ်ကို ၁၈၀၀၀ ကနေ ၁၉၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ပေါ်ဆန်းရှယ်သစ်က တစ်အိတ်ကို ၃၃၅၀၀ ကပနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ဧရာဝတီတိုင်း ဆန်စပါး ဈေးကွက်မှာလည်း ဝယ်လိုအားများပြီး ဈေးတက်နေခဲ့ပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၅၀၀၀ ပေါက်ဈေးရှိပြီး ၁၃၀၀၀ ကျပ်ဈေးတက်ပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၆၃၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆ ၀၀၀ ဈေးတက်လာပြီး ဆန်ကတော့ကတော့တစ်အိတ်ကို ၃၃၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။ဒေးဒရဲ ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၇၆၃၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပြီး ဆန် ကတော့ တစ်အိတ်ကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၉၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီးဈေးငြိမ်ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ဆန်ဈေးတွေ မတက်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပေမယ့် ဈေးတွေကတော့ တက်နေတာတွေ့ရပါတယ်။
မတ်ပဲ
မတ်ပဲကတော့ လက်တလောမှာ အတက်အကျများပါတယ်။ ကိုဗစ်ရောဂါကြောင့် အရောင်းအဝယ်တွေကို စောင့်ကြည့်နေတဲ့အခြေအနေဖြစ်နေတဲ့အတွက် ပြည်တွင်းအရောင်းအဝယ်ရှိရင်တော့ ဈေးက တက်လာပြီး မရှိရင် ဈေးက ကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၈၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ သောင်းကျော် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၄၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တစ်ပတ်မှာ တစ်ရက် ေလာက်သာ ဈေးဖွင့်ပါတယ်။ အရောင်းအဝယ်ကလည်းမရှိသလောက် နည်းပါတယ်။ နယ်ဈေးကွက်တွေမှာတော့ လာရောင်းတဲ့သူရှိရင် အရောင်းအဝယ်ရှိတဲ့အနေအထားဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၆၈၀၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၂၀၀ နဲ့ ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၈၆၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၉၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွးပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းတော့ ဒီတစ်ပတ်မှာလည်းဈေးကကျဆင်းသွားပါတယ်။ အချို့ပဲတွေကတော့ဈေးကွက်ထဲမှာ မရှိတော့သလို အရောင်းအဝယ်လည်း မရှိတော့ပါဘူး။း ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၁၅၀၀ ကျပ်ကနေ ၁၅၇၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်ပိဿကို ၂၀၀ကျော် ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကနေ ၃၁၅၀၀ ပေါက်ဈေးရှိပြီးေ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါ်ကဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။ဈေးကွက်အတွင်း ဝယ်ယူမှုများလာတဲ့ အတွက် ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြူကုတ်က တစ်ပိဿာကို ၂၆၅၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးတက်လာ ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ လတ်တလော ဈေးကွက်မှာ ငြိမ်နေတယ်လို့ပြောလို့ရပါတယ်။ အဝင်ကလည်းများနေတဲ့ အတွက် ဈေးကတော့ လက်ကားဈေးကွက်မှာ မတက်ပါဘူး။ လက်လီဈေးကွက်မှာတော ဝယ်လိုအားများတဲ့အတွက် တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ကနေ ၃၅၀၀ အထိ ဈေးတက်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၆၅၀ ကနေ ၁၀၀၀ ပေါက်ဈေးရှိပြီး အနည်းငယ်သာ အပြောင်းအလဲ ရှိပါတယ်။