menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပက်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၃၀.၃.၂၀၂၀ မှ ၃.၄.၂၀၂၀)ထိ
ဆန်၊စပါး
ဒီတစ်ပတ်ရန်ကုန်ဝါးတန်းစျေးကွက်မှာတော့ ဆန်စျေးတွေက ငြိမ်ပါတယ်။ ဧရာဝတီတိုင်း မှာတော့ ဆန်စျေး ရောစပါးစျေးရော အများစုက တက်နေပြီး အချို့ ဒေသမှာတော့ ဆန်အသစ်တွေ ပြန်ဝင်လာတဲ့ အတွက် စျေးက တက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၀၆၀၀၀ ပေါက်စျေးရှိပြီး ၂၁၀၀၀ ကျပ်စျေးတက်ပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ နဲ့ ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။ မြောင်းမြဧည့်မ စပါးကလည်း တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်စျေးရှိပြီး ၂၈၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် စျေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၉၄၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၃၁ ၀၀၀ စျေးတက်လာပါတယ်.။ဆန်ကတော့ကတော့တစ်အိတ်ကို ၃၆၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ် စျေးတက်လာ ပါတယ်။ ဒေးဒရဲ ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်စျေးနဲ့ စျေးငြိမ်နေပြီး ဆန်ကတော့ တစ်အိတ်ကို ၂၄၀၀၀ ကျပ် နဲ့ ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။
ဖျာပုံပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၇၉၆၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၃၃၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန် ကတော့ တစ်အိတ်ကို ၃၇၀၀၀ ပေါက်စျေးရှိကာ ၃၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၉၈၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ကာ ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ နဲ့ ၂၀၀၀ ကျပ်စျေးတက်လာပါတယ်။
ပုသိမ်ပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၇၆၉၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၂၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၅၀၀၀ ပေါက်စျေးရှိပြီး ၄၀၀၀ ကျပ်စျေးတက်လာပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၄၁၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၃၄၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ဧည့်မထ ဆန်ကတော့ တစ်အိတ်ကို ၂၄၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ် စျေးတက်လာပါတယ်။ ပြီးခဲ့တဲ့ လတွေက မတ်ပဲက တက်နေတဲ့အချိန် ကိုဗစ်ရောဂါကြောင့် ဝယ်ယူတွေလည်း အခြေအနေကြည့် ဝယ်ယူမှုတွေကြောင့် စျေးက ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် မတ်လ နောက်ဆုံးအပတ်မှာတော့ အိန္ဒိယက ပဲဝယ်ယူမှုကို တန်ချိန် ၄ သိန်း ထိ တိုးမြှင့်ဝယ်ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် စျေးက ပြန်ပြီးတက်လာခဲ့ပါတယ်။
လက်ရှိ တောင်သူတွေ လက်ထဲမှာတော့ ပဲလက်ကျန် လျော့နည်းနေပြီး လှောင်သမားတွေကသာ အများအပြား ဝယ်ယူမှုတွေ ပြုလုပ်နေပါတယ်။ ပဲကုန်သည်ကြီးတွေကတော့ မတ်ပဲက လက်ရှိမှာ စျေးက ထပ်ကျနိုင်ချေ မရှိ တော့ပဲ ဆက်တက်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အိန္ဒိယက ပိတ်ရက်အတွင်း ပြည်သူတွေကို အရန်ပဲတွေသာ ထုတ်ရောင်းမှုတွေ ရှိတဲ့အတွက် အရန်ပဲလည်း လျော့နည်းနေပြီး ဝယ်ယူမှု တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။
ရန်ကုန်စျေးကွက်မှာတော့ ဒီတစ်ပတ် မတ်ပဲ တစ်တန်ကို ၉၇၀၀၀၀ အထိ စျေးမြင့်တက်လာပြီး ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်ရင် တစ်သိန်းလောက်တက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၃၀၀၀ ပေါက်စျေးရှိပြီး ၁၂၀၀၀ ကျပ်စျေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်က စျေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာ အတက်စျေးနဲ့ စျေးပြန်ဖွင်ပါတယ်။ အိန္ဒိယရဲ့လိုအပ်ချက်ကြောင့် ပဲဝယ်ယူမှုကို တန်ချိန် ၄ သိန်းထိ တိးဝယ်ယူမယ့် ထုတ်ပြန်ချက် ကြောင့်စျေးက ပြန်လည် ကောင်းမွန်လာတာလဲ ဖြစ်ပါတယ်။
လက်ရှိ အချိန်ကတော့ကုန်သည်တွေကတော့အကျစျေးနဲ့ပဲ ဝယ်ယူမှုတွေ ပြုလုပ် နေပေမယ် ့ တောင်သူတွေကလည်း ထိန်းရောင်းမှုတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ကိုဗစ်ကြောင့် စျေးချဝယ်ယူမှုတွေ များစွာရှိခဲ့ပြီး ေ တာင်သူတွေကလည်း ယခုထက် ပိုကျမှာ စိုးတဲ့အတွက် အကျစျေးနဲ့ပဲ ထုတ်ရောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၈၀၀၀၀ နဲ့ စျေးဖွင့်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်သိန်း ကျော်စျေးတက်လာပါတယ်။ မန္တလေးစျေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၀၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ် စျေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာ စျေးက ထပ်ပြီး တက်လာပါတယ်။စျေးကွက်အတွင်း ဝယ်ယူမှုများလာတဲ့ အတွက် စျေးက တက်လာတာဖြစ်ပါတယ်။ ရှမ်းကြက်သွန်တွေလည်း လက်ရှိမှာ ဝယ်ယူမှု များတဲ့အတွက် လ အတန်ကြာစျေးငြိမ်ပေမယ့် စျေးတက်လာခဲ့ပါတယ်။ ရန်ကုန်စျေးကွက်မှာ ကြူကုတ်က တစ်ပိဿာကို ၂၉၀၀ ကနေ ၂၉၅၀ ပေါက်စျေးရှိပြီး ၂၀၀ ကျပ်စျေးတက်လာ ပါတယ်။ နှစ်ပတ်အတွင်း တစ်ပိသာကို ၅၀၀ နီးပါးစျေးတက်လာပါတယ်။ ရှမ်းကြက်သွန်ကတော့ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၇၀၀ ပေါက်စျေးရှိပြီး ၂၀၀ ကျပ်စျေးတက်လာပါတယ်။
အာလူး
အာလူးကတော့ ဒီတစ်ပတ်မှာစျေးတက်လာသလို အောင်ပန်းအမျိုးအစားအာလူးတွေလည်း စျေးကွက်ထဲကို အတက်စျေးနဲ့ ဝင်လာပါတယ်။ အာလူးကလည်း အခြားကုန်ခြောက်တွေကို အဝယ်များတဲ့ အတွက် စျေးတက် လာတာဖြစ်ပါတယ်။ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၅၅၀ ကနေ ၈၀၀ ပေါက်စျေးရှိပါတယ်။ အာလူး(ဆင်ဖြူကျွန်း)ကတော့ တစ်ပိဿာကို ၇၅၀ ကနေ ၈၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်စျေးတက်လာ ပါတယ်။
ထန်းလျက်
ထန်းလျက်ကတော့ ဒီတစ်ပတ်မှာ စျေးကျဆင်းသွားခဲ့ပါတယ်။ အသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်လာတဲ့ အတွက်စျေးက ကျဆင်းသွားတာဖြစ်ပါတယ်။အသစ်တွေကတော့ လက်ရှိ အတက်စျေးနဲ့ ဝင်ရောက်နေတယ် လို့ ဆိုလို့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက အသစ်စျေးက .ယခုစျေးထက် တစ်ပိဿကို ၅၀၀ ကျော်ကွာဟမှု ရှိခဲ့ ပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၁၃၀၀ ကနေ ၂၂၀၀ ပေါက်စျေးရှိပြီး တစ်ပိဿာ ကို ၄၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
မန်းကျည်းသီး
မန်းကျည်းသီးကလည်း ဒီတစ်ပတ်မှာ စျေးတက်လာခဲ့ပါတယ်။အသစ်တွေ စျေးကွက်အတွင်း ဝင်ပေမယ့် အတက်စျေးနဲ့ ဝင်နေတာဖြစ်ပြီးတော့ ဝယ်ယူမှုများတဲ့အတွက်ကြောင့် စျေးက တက်နေခဲ့ပါတယ်။ မန်းကျည်းသီး တစ်ပိဿာကို ၂၀၀၀ ကနေ ၃၁၀၀ ကျပ်ပေါက်စျေးရှိပြီး ၁၀၀ ကျပ်စျေးတက်လာပါတယ်။