menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၃၁.၅.၂၀၂၁ မှ ၄.၆.၂၀၂၁) ထိ
🌾🌿🧄🌿🌾🌾🌿🧄🌿🌾
🔸ဆန်စပါး🔸
ဒီတစ်ပတ်မှာလည်း အချို့ဆန်စပါးဈေးတွေက ဆက်ပြီးတက်လာနေပါတယ်။ဈေးကွက်အတွင်း တင်ပို့မှု များနေတဲ့အတွက် ကုန်သည်တွေအဝယ်လိုက်လာပြီးဈေးတက်လာတာဖြစ်ပါတယ်။ လက်ကျန်တွေမရှိ တော့တာကလည်း ဆက်တိုက်ဈေးတက်နေခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်း မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၃၉,၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ မြောင်းမြ ဧည့်မထ(မိုး)စပါး ကတော့ တင်း ၁၀၀ ကို ၆၇၂,၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်အိတ်ကို ၂၉,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။မြောင်းမြဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၆၁၀၀၀ ပေါက်ဈေးရှိပြီး ဆန်တစ်အိတ် ကို ၃၇,၀၀၀ ကျပ် နဲ့ဈေးငြိမ်ပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၉၈,၀၀၀ ပေါက်ဈေးရှိပြီး ၁၇,၀၀၀ကျပ်ဈေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၃၈,၀၀၀ ကျပ်ရှိကာ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲဧည့်မထ (နွေ)ကတော့ တင်း ၁၀၀ ကို ၅၈၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ကို ၈၀၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၃၈,၀၀၀ နဲ့ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဧည်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၈၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၂,၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ လပ္ပတ္တာပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၂၄,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲခူးတိုင်း ပေါင်းတည် ဈေးကွက်မှာတော့ ရတနာတိုး(အစို)က တင်း ၁၀၀ ကို ၅၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၃၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။အင်းလယ်စပါးကတော့ တင်း ၁၀၀ ကို ၇၀၀,၀၀၀ ပေါက်ဈေးရှိပြီး ၃၀,၀၀၀ကျပ်ဈေးတက်လာပါတယ်။
🔸မတ်ပဲ🔸
ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းနေတဲ့မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ ပဲတွေကတော့ အိန္ဒိယ တင်ပို့ဖို့အတွက် အောက်တိုဘာလအထိ ခွင့်ရရှိထားတဲ့အပြင် အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ အတွက်ကြောင့် ဈေးကတက်နေခဲ့ပါတယ်။ ဒါပေမယ့် ပဲက တောင်သူလက်ထဲမှာမရှိတော့ပဲ ကုန်သည်များအကြား စာချုပ်အချင်းချင်းသာ အရောင်း အဝယ်ရှိနေတဲ့အခြေအနေမို့ဈေးကတော့ တစ်ပတ်အတွင်းတည်ငြိမ်မှုမရှိပါဘူး။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးကလည်း အတက်အကျ တည်ငြိမ်မှု မရှိပါဘူး။ ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၀၈၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၃၀,၀၀၀ လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၃,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ် ၁,၀၀၀ ကျပ်သာ ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ကနေ ၃၅,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၇၀၀ ကျပ်ဈေးတက်လာပါတယ်။
🔸ပဲစင်းငုံနီ🔸
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်က အထိ အကျဈေးနဲ့ ဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ်မှာတော့ ဈေးပြန်တက်လာပါတယ်။ ပြည်ပတင်ပို့မှုရှိတဲ့အတွက် ပစ္စည်းထုတ်ရောင်းမှုတွေကြောင့်ဈေးတက်လာ တာလို့သိရပါတယ်။ မတ်ပဲလောက်လက်ကျန်မရှိတဲ့အတွက် ဈေးကတည်ငြိမ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁,၀၅၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ၉၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့တစ်တင်းကို ၃၂,၃၀၀ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေး တက်လာပါတယ်။ပြည်ဈေးကွက်နဲ့အောင်လံဈေးကွက်မှာ တော့ တစ်တင်းကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🔸ပဲတီစိမ်း🔸
ပဲတီစိမ်းက ပြီးခဲ့တဲ့ အပတ်ကအထိ ဈေးကျဆင်းပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ် ဈေးပြန် တက်လာပါတယ်။ တရုတ်ဘက်က ဝယ်ယူမှုများလာတဲ့အတွက်ဈေးတက်လာတာလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁,၇၅၀ ကနေ ၂,၀၈၅ ကျပ် ပေါက်ဈေးရှိပြီး ၁၃၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ဝါးခယ်မ)က တစ်ပိဿာကို ၁,၉၁၅ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၁၈,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် ဈေးတက်လာပါ တယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၅၀၀ မှ ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။
🔸ကြက်သွန်ဖြူ(ကြူကုတ်)၊ရှမ်းကြက်သွန်ဖြူ🔸
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ပြည်တွင်း ဝယ်ယူမှုများတဲ့အပြင် တင်သွင်းမှုလျော့နည်းတဲ့အတွက် ကြောင့် ဈေးက ၂ ရက်အတွင်းမြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၈၅၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးတက်လာပါတယ်။ ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးငြိမ်နေပါတယ်။ မိုးရွာသွန်းမှုကြောင့် အရည်အသွေးပိုင်း အားနည်းပြီး ဈေးကောင်းရရှိမှုနည်းနေတာ လည်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်(အောင်ပန်း)က တစ်ပိဿာကို ၁,၂၀၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ မော်လမြိုင်မှာလည်း တစ်ပိဿာကို ၁,၆၀၀ ကနေ ၁,၉၀၀ ရှိပြီးဈေးငြိမ်နေပါတယ်။
🔸စားအုန်းဆီ🔸
စားအုန်းဆီကတော့ဆက်တိုက်ကို ဈေးကျဆင်းနေပါတယ်။တင်ပို့မှုပုံမှန်ပြန်ဖြစ်နေပြီး ငွေလဲလှယ်နှုန်း ထားကလည်း လျော့နည်းသွားပါတယ်။ ထို့ပြင် အခြားဆီတွေထွက်ရှိမှုကြောင့် ဝယ်ယူမှုလျော့နည်းပြီး ဈေးနည်းသွားတာလို့လည်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၃,၂၈၀ ကနေ ၃,၂၉၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)