menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက်


🌾🌿🥔🥔🌿🌾🌾🌿🥔🥔🌿🌾 
✴️  တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် ✴️ (၂၃.၁၁.၂၀၂၀ မှ ၂၇.၁၁.၂၀၂၀)

🔸 ဆန်၊စပါး🔸 

 ဒီတစ်ပတ် ဧရာဝတီတိုင်း ဈေးကွက်မှာတော့ ဆန်ဈေး စပါးဈေး အနည်းငယ် တက်လာပါတယ်။ အသစ်တွေ ထွက်ရှိလာတာ ဖြစ်လို့ ရန်ကုန် အပြင် အခြား အညာဒေသတွေကပါ ဝယ်ယူမှု ရှိလာတဲ့အတွက်ဈေးတွေ တက်တယ်လို့သိရပါတယ်။ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၆၂,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၈၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၅၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈,၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၀,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေး တက်လာပါတယ်။မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ကို ၅၉၈,၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၃,၅၀၀ နဲ့ ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။လတ်တလောစပါးဈေးနဲ့ ဆန်ဈေးကတော့ အသစ်တွေ ဆက်တိုက် ထွက်ရှိနေပြီးအဝယ်တွေကလည်း နယ်စုံတဲ့အတွက် ထပ်ပီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ 

🔸မတ်ပဲ🔸 

 မတ်ပဲကတော့ နိုဝင်ဘာ ပထမ အပတ်က ဈေးက ကျဆင်းနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယဘက်က လည်း အဝယ်နည်းပြီးဈေးကျဆင်းတဲ့အတွက် ပြည်တွင်းမှာလည်း ကျဆင်းတာဖြစ်လို့ ကုန်သည်တွေက ဆိုပါတယ်။ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁,၀၀၄,၀၀၀ အထိ တစ်ပတ်အတွင်းကို ငွေကျပ် ၄၀,၀၀၀ နီးပါးဈေးကျဆင်း သွားခဲ့ပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၆၀၀ ကျပ် ရှိပြီး ၁,၂၀၀ ကျပ်ဈေးကျဆင်းသွားပြီး ပြည်ကုန်စည်ဒိုင် မုံရွာကုန်စည်ဒိုင် ဈေးကွက်တို့မှာတော့ အရောင်းအဝယ်မရှိပါဘူး။ 

🔸ပဲစင်းငုံနီ🔸 

 ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။နေ့စဉ် ဈေးက ကျဆင်းနေတာဖြစ်ပြီးတော့ နယ်ဈေးကွက်တွေမှာတာ့ အရောင်းအဝယ်က မရှိသလောက် ဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၁၀,၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၂၅,၀၀၀ ကျော် လောက် ဈေးကျဆင်းသွားပါတယ်။တစ်လအတွင်းတစ်တန်ကို ငွေကျပ် တစ်သိန်းနီးပါးဈေး ကျဆင်း သွားပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၆,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀နီးပါး ကျပ်ဈေးကျဆင်းသွားပါတယ်။ 

🔸ကုလားပဲ🔸 

 ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပေမယ့် နယ်ဈေးကွက်တွေမှာတော့ ပဲခွဲစက်တွေက ဝယ်ယူမှုများတဲ့အတွက် ဒီတစ်ပတ်မှာ ဈေးက အနည်းငယ် ပြန်တက်လာပါတယ်။ ပြည်ပတင်ပို့ရောင်းဝယ်မှုကြောင့် မဟုတ်ပဲ ပြည်တွင်း ဝယ်ယူမှုရှိတဲ့အတွက် ဈေးတက်နေတာဖြစ်လို့ ဈေးက ပြန်ကျဆင်းနိုင်ခြေရှိတယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁,၄၆၅ ကနေ ၁,၅၀၀ ကျပ်ရှိပြီး ၅၀ ကျပ် ၊ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၁,၅၆၅ ကနေ ၁,၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၈၁,၀၀၀ ကနေ ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၉၀,၀၀၀ ကျပ်ရှိပြီး ၅,၀၀၀ကျပ် ၊ ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၈၆,၀၀၀ ကနေ ၈၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် သီးသီး ဈေးတက်လာပါတယ်။ ကုလားပဲ v2 ကလည်း တစ်အိတ်ကို ၉၃,၀၀၀ ကနေ ၉၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး ၇၀၀ကျပ်၊ ကုလားပဲ 929 က တစ်တင်းကို ၂၉,၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်၊ ကုလားပဲ v2 ကတော့ တစ်တင်းကို ၃၁,၂၀၀ ကျပ်ရှိပြီး ၁,၂၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 

🔸အာလူး🔸 

အာလူးကတော့ ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အဝင်များတဲ့အတွက် ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ အာလူး(အောင်ပန်း)က တစ်ပိသာကို ၅၅၀ ကနေ ၇၇၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ 

Sources : (AMIA)