menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၃.၂.၂၀၂၁ မှ ၂၆.၂.၂၀၂၁)


🌾🌿🥦🍅🌿🌾🌾🌿🥦🍅🌿🌾

 ဆန်
 ----

 ပြည်ပတင်ပို့ရောင်းဝယ်မှုက အေးနေပေမယ့် ပြည်တွင်း ဝယ်ယူမှု မြင့်တက်လာမှုကြောင့်၎င်း၊ ပို့ဆောင် စရိတ်မြင့်တက်မှုကြောင့် ၎င်း ဆန်ဈေးတွေ စပါးဈေးတွေ မြင့်တက်နေပါတယ်။ ပြီးခဲ့ ရက် ၂၀ အတွင်း ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေ တစ်အိတ်ကို ၂,၀၀၀ ကနေ ၃,၀၀၀ ထိ မြင့်တက်လာခဲ့ပါတယ်။

 ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၅,၀၀၀ ကနေ ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်၊ ဒေးဒရဲ ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၈,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံ(သစ်)က တစ်အိတ်ကို ၃၄,၀၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိ ပြီး ၁,၀၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၂၂,၈၀၀ ကနေ ၂၃,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ မြီးဒုံဆန်က တစ်အိတ် ကို ၂၉,၀၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၆,၀၀၀ ကနေ ၂၇,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ကျပ် အသီးသီးဈေးတက်လာပါတယ်။

 ဧရာဝတီတိုင်း ဈေးကွက်မှာတော့ ရက်ခြားအရောင်းအဝယ်ရှိပြီး စပါးဈေးရော ဆန်ဈေးတွေပါ ပြီးခဲ့တဲ့ ရက် ၂၀ ကျော်အတွင်း မြင့်တက်ခဲ့ပါတယ်။ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၈၇၄,၀၀၀ ပေါက်ဈေးရှိပြီးတင်း ၁၀၀ ကို ၇၀,၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၃,၀၀၀ ကျပ်၊ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၇၂,၀၀၀ ပေါက်ဈေးရှိပြီး ၂၈,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်ပါတယ်။

 မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၀၆,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ နဲ့ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၇၂,၀၀၀ ပေါက်ဈေးရှိပြီး ၂၁,၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ ကျပ် ရှိပြီး ၁,၀၀၀ကျပ် ဈေးတက်လာပါတယ်။

 ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၃၇,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ကျပ်၊ ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ ကျပ်ရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

 ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၄၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ ကျပ် ရှိပြီး ၂,၀၀၀ ကျပ် အသီးသီးဈေးတက်လာတယ်လို့သိရပါတယ်။

 မတ်ပဲ
 ------

 မတ်ပဲကတော့ လက်ရှိမှာ ရန်ကုန်ဈေးကွက် ပိတ်ထားတဲ့ အတွက် ပြည်ပ တင်ပို့ရောင်းချမှု အခြေအနေ ကတော့ မသိရပါဘူး။ နယ်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက် ၂၀ အတွင်း ဈေးက ကျဆင်း သွားခဲ့ပါတယ်။ ကုန်စည်ဒိုင်အများစုကလည်း အရောင်းအဝယ်ကို နားထားရတဲ့အတွက် လိုအပ်မှသာ ရတဲ့ဈေးနဲ့ ထုတ် ရောင်းရတဲ့အခြေအနေဖြစ်နေပါတယ်။ မတ်လ ကုန်ပိုင်း မှာ အိန္ဒိယက ပဲဝယ်ယူမှုသက်တမ်းတိုးမြင့်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဈေးက တက်နိုင်ခြေရှိတယ်လို့လည်း ကုန်သည်တွေကသုံးသပ်ထားပါတယ်။ မန္တလေးဈေးကွက်မှာတော့ လက်တလော သုံးတင်းဝင် တစ်အိတ်ကို ၈၀,၀၀၀ ကနေ ၈၃,၀၀၀ ပေါက်ဈေး ရှိပြီး ရက် ၂၀ အတွင်း တစ်အိတ်ကို ၁၀,၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၂၆,၅၀၀ ပေါက်ဈေးရှိပြီး ရက် ၂၀ အတွင်း တစ်တင်းကို ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

 ပဲစင်းငုံနီ
 --------

 ပဲစင်းငုံနီကလည်း နယ်ဈေးကွက်တွေမှာ ဈေးကျဆင်းနေပါတယ်။ဘဏ်အများစု ပိတ်ထားတဲ့အတွက် ကုန်သည်တွေကလည်း အရောင်းအဝယ် ပြုလုပ်မှုကို ရပ်ထားတဲ့အခြေအနေ ဖြစ်နေပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၄,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ရက် ၂၀ အတွင်း တစ်အိတ်ကို ၅,၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ စားအုန်းဆီ ---------- စားအုန်းဆီကတော့ ပြည်တွင်း ငွေလဲလှယ်နှုန်းမြင့်တက်လာတဲ့အတွက်ဈေးတွေလည်း မြင့်တက်လာ ပါတယ်။ပြည်ပ စားသုံးဆီ မြင့်တက်လာတဲ့အတွက်ကြောင့်ဖြစ်ပြီး ကုန်သွယ်မှုအခြေအနေကြောင့်လည်း ဈေးက မြင့်နေတာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ စားအုန်းဆီက တစ်ပိဿာ ကို ၃,၁၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ နီးပါးဈေးတက်လာပါတယ်။

 ဂေါ်ဖီ
 -----

 သီးနှံကုန်စိမ်းတွေက လက်ရှိမှာ တောင်သူတွေက ရောင်းနေပေမယ့် ဝယ်ယူမယ့်သူမရှိတဲ့အတွက် ဈေးနှုန်းတွေကကျဆင်းနေပါတယ်။ အောင်ပန်းဈေးကွက်မှာ ဂေါ်ဖီ တစ်ထုတ်ကို ငွေကျပ် ၁၀၀ ကျပ် ရှိနေပြီး ဝယ်ယူမယ့် သူမရှိဘူးလို့သိရပါတယ်။ သီရီမင်္ဂလာဈေးမှာတော့ ဂေါ်ဖီထုတ်က တစ်ထုတ်ကို ၂၀၀ ကနေ ၄၀၀ ကျပ်ရှိပြီးတစ်ထုတ်ကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

 ခရမ်းချဉ်သီး
 -----------

 ခရမ်းချဉ်သီးကလည်း လက်ရှိမှာ ဝယ်ယူမယ့်သူမရှိတဲ့အပြင် အသစ်တွေကလည်း ဆက်တိုက်ထွက်ရှိ နေပါတယ်။ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာကို ၁၅၀ ပေါက်ဈေးရှိပါတယ်။သီရိမင်္ဂလာဈေးမှာတော့ တစ်သေတ္တာကို ၅,၀၀၀ ကနေ ၈,၀၀၀ ပေါက်ဈေးရှိပြီး ၈,၀၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။

Sources : AMIA (Farmer Digital TV)