menu

♦တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက်♦ (၇.၁၂.၂၀၂၀ မှ ၁၁.၁၂.၂၀၂၀) ထိ

 
ဆန်၊စပါး
-------  

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။ဆန်စက်တွေက အဝယ်များသလို နယ်တွေကလည်း အဝယ်များတဲ့အတွက်ဈေးက မြင့်တက်နေတယ်လို့သိရပါတယ်။ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ကို ၇၈၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၃,၀၀၀ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထစပါး ကတော့ တင်း ၁၀၀ ကို ၆၂၁,၀၀၀ ပေါက်ဈေးရှိပြီး ၃၃,၀၀၀ ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်ဈေးတက်ကာ ဆန်ကတော့ တစ်အိတ်ကို ၃၂,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။မြောင်းမြ ဧည့်မထ စပါး ကလည်း တင်း ၁၀၀ ကို ၆၃၅,၀၀၀ ရှိပြီး ၂၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ကျပ်ရှိပြီး ၅၀၀ကျပ်ဈေးကျဆင်းပါတယ်။မအူပင်ပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၆၉၀,၀၀၀ ပေါက်ဈေးရှိပြီး ၂၃,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၇,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီးအရည်အသွေးပေါ် မူတည် ပြီး အရောင်းအဝယ် ကျဆင်းသွားတာမျိုးပဲ ရှိပါတယ်။ရန်ကုန်မှာ ဈေးကွက်ငြိမ်နေတာ ၂လနီးပါးရှိနေ ပြီး နယ်ဈေးကွက်တွေ မှာတော့ မထင်မှတ်အောင် ဈေးတွေ တက်နေခဲ့ပါတယ်။  

မတ်ပဲ  
-----  

မတ်ပဲကတော့ ဈေးက ဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ အိန္ဒိယမတ်ပဲ အဓိက ထွက်တဲ့ဒေသမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့အတွက် လာမယ့် နှစ်သစ်မှာ အမှန်တကယ်ဈေးကောင်းရနိုင် မလားဆိုတာ စောင့်ကြည့်နေတဲ့အနေအထားဖြစ်နေပါတယ်။လက်ရှိမှာတော့ မတ်ပဲက တစ်တန်ကို ၁,၀၁၁,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၃၅,၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။  

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၀၅,၀၀၀ ကနေ ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး အရည်အသွေးကောင်းတဲ့ပဲက ဈေးပိုရနေပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၅၀၀ ကျပ် ရှိပြီး ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၈၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ပဲစင်းငုံနီ  
--------  

ပဲစင်းငုံနီကတော့ ကုန်သည်တွေ ခန့်မှန်းထားတဲ့အတိုင်း ဈေးကတော့ အတက်မရှိပဲ တစ်ဖြေးဖြေး ကျဆင်း နေပါတယ်။အသစ်တွေကလည်း ဈေးကွက်ထဲကို ဝင်နေတဲ့အတွက်ကြောင့် လက်ရှိမှာ တစ်တန်ကို ငွေကျပ် ၈ သိန်းအောက်ကို ရောက်ရှိနေပါတယ်။ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၈၅,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ ၅၀,၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၂,၀၀၀ ကနေ ၇၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။  

နှမ်းမျိုးစုံ  
--------  

နှမ်းမျိုးစုံကတော့ ပြီးခဲ့တဲ့ အပတ်က ဈေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကကျဆင်းသွားပါ တယ်။အရောင်းအဝယ်ပုံမှန် ပြန်ဖြစ်သွားပြီးတော့ နယ် ကနေ နှမ်းသစ်တွေ ဆက်တိုက် ဝင်ရောက်နေမှု ကြောင့် ဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။  

နှမ်းနက်(စမုံ)  
----------  

မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ဈေးကျဆင်းသွားပါတယ်။အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၅,၀၀၀ ‌ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဆင်ဖြူကျွန်းမှာလည်းတစ်တင်းကို ၅၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ပခုက္ကူဈေးကွက်မှာလည်း တစ်တင်း ကို ၄၀,၀၀၀ ကနေ ၅၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

နှမ်းဖြူ  
------  

ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့တဲ့နှမ်းဖြူကလည်း ဒီတစ်ပတ်မှာအဝင်များပြီးဈေးကျဆင်းသွား ပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၁၂၁,၀၀၀ ကနေ ၁၂၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၃၈,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။  

နှမ်းညို  
------  

နှမ်းညိုကတော့ တောက်လျှောက်ဈေးတက်လာပြီး လတ်တလောမှာတော့ အရည်အသွေးကောင်းတဲ့ နှမ်းဈေးတွေက ဈေးပိုကောင်းရနေပါတယ်။ ဈေးကတော့ အနည်းငယ်ကျဆင်းသွားပါတယ်။မန္တလေး ဈေးကွက်မှာ တစ်အိတ်ကို ၁၀၅,၀၀၀ ကနေ ၁၀၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ လောက်ဈေးကျဆင်း သွားပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၅၀၀ နဲ့ဈေးငြိမ်နေပါတယ်။  

Sources : AMIA (Farmer Digital TV)