menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၄.၁.၂၀၂၁ မှ ၈.၁.၂၀၂၁) ထိ

 
🌾ဆန်၊စပါး🌾  

ရန်ကုန်ဈေးကွက်မှာတော့ ဆန်အသစ်တွေ ဆက်တိုက် ဝင်လာတဲ့အတွက် ဆန်ဈေးတွေ ကျဆင်းသွား ပါတယ်။ နယ်ဈေးကွက်မှာတော့ စပါးဈေးက ဈေးကွက်အတွင်း ရှားပါးလာပြီဖြစ်တဲ့အတွက်ဈေးတက် လာပေမယ့် ဆန်ဈေးတွေကတော့ အချို့ က ကျဆင်းပြီး အချို့ကတော့ ဈေးငြိမ်ပါတယ်။ ဝါးတန်းဈေး ကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးသစ် နဲ့ ဒေးဒရဲပေါ်ဆန်းသစ်တို့က တစ်အိတ်ကို ၃၃,၀၀၀ ကနေ ၃၄,၅၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။မြောင်းမြပေါ်ဆန်းစပါးသစ်တို့က တစ်အိတ်ကို ၃၄,၀၀၀ ကနေ ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

ပေါ်ဆန်းနယ်စုံသစ်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ ကနေ ၃၂,၅၀၀ ပေါက်ဈေးရှိပြီး ၄,၅၀၀ကျပ် ဈေးကျ ဆင်းပါတယ်။ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၈,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေး စပါးက တင်း ၁၀၀ကို ၈၀၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၀,၀၀၀ ကျပ် ဈေး တက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၃,၀၀၀ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထစပါး ကတော့ တင်း ၁၀၀ ကို ၆၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၄,၀၀၀ ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၅,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။  

မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၉၇,၀၀၀ ပေါက်ဈေးရှိပြီး ၁၃,၀၀၀ ကျပ်ဈေးတက်ကာ ဆန်ကတော့ တစ်အိတ်ကို ၃၄,၀၀၀ ကျပ်ရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။မြောင်းမြဧည့်မထ စပါး ကလည်း တင်း ၁၀၀ ကို ၆၄၄,၀၀၀ ရှိပြီး ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၆၈၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၅,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၂၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ဆန်ကလည်း တစ်အိတ်ကို ၂၄,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၇၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၃၅,၀၀၀ ကျပ်ဈေးတက်ကာ ဆန်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၂၅,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကလည်းတစ်အိတ်ကို ၂၄,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။  

🌿မတ်ပဲ🌿  

မတ်ပဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဈေးက တက်လာတယ်လို့ ဆိုလို့ ရပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးက အတက်အကျ တည်ငြိမ်မှုမရှိတာတွေ့ရပါတယ်။ လက်ရှိအခြေအနေက ပဲဈေးနဲ့ပတ်သတ်ပြီး အေးနေတယ်လို့ပြောလို့ရပါတယ်။ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၆၇,၀၀၀ ပေါက်ဈေးရှိနေပြီး ဒီဇင်ဘာ နောက်ဆုံးအပတ်နဲ့ ယှဉ်ရင်တော့ ၂၀,၀၀၀ ကျော်ဈေးတက်လာပါတယ်။မန္တလေးဈေးကွက်မှာတောာ့ သုံးတင်းဝင် တစ်အိတ်ကို ၉၄,၀၀၀ ကနေ ၉၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၁၀၀ကျပ် ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၁,၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

🍃ပဲစင်းငုံနီ🍃  

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ မှာ တောက်လျှောက်ဈေးကျဆင်းလာခဲ့ပေမယ့် ဇန်နဝါရီလ ပထမအပတ်မှာတော့ ဈေးက တစ်ဖြေးဖြေး ပြန်တက်လာပါတယ်။အချို့ ဒေသတွေမှာ ပဲရောင်းချမှု နည်းတဲ့အတွက်ကြောင့် ဈေးက တက်လာတာဖြစ်ပါတယ်။ပဲအဟောင်းတွေကတော့ လက်ကျန် မရှိတော့ပဲ ပဲအသစ်တွေက အချို့ ဒေသတွေ မှာ အတက်ဈေးနဲ့ ဈေးကွက်ဝင်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၇၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀,၀၀၀ နီးပါးဈေးပြန် တက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃,၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ကျပ်ဈေးတက်လာပါတယ်။ ပြည် ဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၀၀၀ ကျပ် ရှိပါတယ်။အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ် အသီးသီး ဈေးတက်လာပါတယ်။  

🌱ပဲတီစိမ်း🌱  

ပဲတီစိမ်းကတော့ ဈေးက ကျဆင်းသွားပါတယ်။ ပြည်ပကအဓိက ဝယ်ယူပေမယ့် ပိတ်ရက်တွေကြောင့် တင်ပို့မှု နည်းသွားပြီး ဈေးက အနည်းငယ်ကျဆင်းသွားတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၂,၁၃၅ ကနေ ၂,၂၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၂၂,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉,၈၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၇,၅၀၀ ကနေ ၃၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

🌱ပဲပုတ်🌱  

ပဲပုတ်ကတော့ ဈေးကွက်ထဲ အဝင်များပြီး အရောင်းအဝယ်အေးတဲ့အတွက်ဈေးကအနည်းငယ်ကျဆင်း သွားပါတယ်။ရန်ကုန်ဈေးကွက်မှာ ပဲပုတ်က တစ်ပိဿကို ၁,၀၀၀ ကနေ ၁,၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ)က တစ်အိတ် ကို ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။မုံရွာဈေးကွက်မှာ တော့ တစ်တင်းကို ၂၂,၅၀၀ ကနေ ၂၂,၈၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးတက်လာပါတယ်။  

🧅ကြက်သွန်နီ🧅  

ကြက်သွန်နီကတော့ လက်ရှိမှာ ဈေးတက်လာတယ်လို့ ဆိုလို့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ က တစ်ပိဿာကို ၃၀၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါ တယ်။ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီ (ဂျွန်)က မထွက်တော့ပဲ ယောနယ်က အသစ်တွေဈေး ကွက်ထဲကို ဝင်ရောက်နေပြီးတစ်ပိဿာကို ၁၀၀ ကနေ ၄၃၀ ကျပ်ပေါက်ဈေးရှိပါတယ်။ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ ၅၀ ခန့် ဈေးကျဆင်းသွားပါတယ်။  

🧄ကြက်သွန်ဖြူ🧄  

ဈေးပြန်ကျဆင်းသွားတဲ့ ကြက်သွန်ဖြူက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်တက်လာပါတယ်။ ဈေးကွက် ထဲကို အဝင်နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ အောင်ပန်း ထူး ၂ က တစ်ပိဿာကို ၂,၂၇၅ ပေါက်ဈေးရှိပြီး ၂၇၅ ကျပ်၊ ထူး ၃ က တစ်ပိဿာကို ၂,၄၇၅ ပေါက်ဈေးရှိပြီး ၁၇၅ ကျပ်၊ထူး ၄ က တစ်ပိဿာကို ၂,၆၀၀ ရှိပြီး ၁၀၀ ကျပ်၊ထူး ၅ က တစ်ပိဿာကို ၂,၇၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၂,၁၇၅ ကျပ်ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။  

Sources : AMIA (Farmer Digital TV)