menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၅.၁.၂၀၂၁ မှ ၂၉.၁.၂၀၂၁) ထိ
🌿မတ်ပဲ🌿
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်ဈေးပြန်ကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်းမှာလည်း ဈေးတည်ငြိမ်မှုမရှိတာတွေ့ရပါတယ်။အိန္ဒိယဝယ်ယူမှုနည်းတဲ့အတွက် ပြည်တွင်း ဝယ်ယူမှုကလည်း လျော့နည်းပြီး ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ အသစ်တွေကလည်း ဆက်တိုက်ဝင်နေတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၉၄၇,၅၀၀ ပေါက်ဈေးရှိပြီး ၄၀,၀၀၀ ကျော်ဈေးကျဆင်းသွား ပါတယ်။
မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁,၁၁၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။မန္တလေးမှာတော့ပဲအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၉၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၁,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၃၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည် ဈေးကွက်မှာတော့ တစ်တင်းကို၃၂,၀၀၀ပေါက်ဈေးရှိပြီးတစ်တင်းကို၁,၁၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီက ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။အိန္ဒိယက ပဲအသစ်ဝယ်ယူမှုတွေ ဆက်တိုက် ရှိနေတဲ့ အတွက်ဈေးတက်နေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၂၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃၀,၀၀၀ ကျော်ဈေးတက်လာပါတယ်။ မန္တလေး ဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၇၆,၅၀၀ ကနေ ၇၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅,၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၂၀၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၅,၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၄၀၀ ကျပ်ဈေးတက်လာပါတယ်။
🌿ပဲတီစိမ်း🌿
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်းဈေးကတက်လာပါတယ်။ပြည်ပဝယ်ယူမှုများနေပြီး လက်ကျန် လျော့နည်း နေတဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပခုက္ကူ၊ ပဲခူးရွှေဝါ၊ ခရမ်းရွှေဝါ၊ ဝါးခယ်မ)တို့က တစ်ပိဿာကို ၂,၂၅၀ ကျပ်ကနေ ၂,၃၅၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး ၁.၂.၃) က တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၄,၀၀၀ ပေါက်ဈေးရှိ ပြီး ၄,၀၀၀ ကျပ် ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာလည်း ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၃၉,၀၀၀ ကနေ ၄၂,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🌿ကုလားပဲ🌿
ကုလားပဲ ကတော့ အသစ်တွေ ဈေးကွက်ထဲကိုဝင်လာတဲ့အတွက်ဈေးအနည်းငယ်ကျဆင်းသွား ပါတယ်။ နယ်စုံမှ ဆက်တိုက်ဝင်ရောက်လာတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပြီး ပြည်ပဝယ်ယူမှုလည်း လျော့နည်းပါတယ်။ လာမယ့်လမှာ ပဲမျိုးစုံဈေးကွက်ထဲကို ဝင်လာနိုင်တဲ့အတွက်ဈေးက ထပ်ပြီးကျဆင်း နိုင်ခြေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁,၄၁၅ ကနေ ၁,၄၇၀ ပေါက်ဈေးရှိပြီး ကုလားပဲဖြူလုံးကြီးကတော့ တစ်ပိဿာကို ၁,၄၅၀ ကနေ ၁,၄၈၅ ရှိပြီး ဈေးငြိမ်ပါတယ်။ကုလားပဲခြမ်း ကတော့ တစ်ပိဿာကို ၁,၈၀၀ ကနေ ၁,၈၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင်တစ်အိတ်ကို ၇၂,၀၀၀ ကနေ ၇၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၇၇,၀၀၀ ကနေ ၇၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ V2 ကတော့ တစ်အိတ်ကို ၈၁,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်၊ ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၇၈,၀၀၀ ကနေ၇၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလးပဲ 929 က တစ်တင်းကို ၂၆,၁၀၀ ကနေ ၂၆,၂၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်တင်းကို ၂၅,၁၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ ကုလားပဲ V2 ကတော့ ၂၇,၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
🎋ကြက်သွန်နီ🎋
ကြက်သွန်နီကတော့ ဈေးကျဆင်းနေပါတယ်။ အသစ်တွေ ဆက်တိုက်ထွက်ရှိနေပြီး ပြည်ပ ဝယ်ယူမှု မရှိတဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၅၀ ကနေ ၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက် မှာတော့ ကြက်သွန်နီ (ယော)က တစ်ပိဿာကို ၁၀၀ ကနေ ၃၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀ကျပ်ဈေးကျ ဆင်းသွားပါတယ်။
🎋ကြက်သွန်ဖြူ🎋
ရှမ်းကြက်သွန်ဖြူ တွေကတော့ လတ်တလော ဈေးငြိမ်နေပေမယ့် အတက်အကျကတော့ မတည်ငြိမ်ပါ ဘူး။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ လက်ရှိ အဝင်နည်းတဲ့အတွက်ဈေးက တက်နေပါတယ်။ ရန်ကုန် ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၂,၁၀၀ ကနေ ၂,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၂၅ ကျပ်ဈေးတက်လာပါတယ်။
🎋ထန်းလျက်🎋
ထန်းလျက်က ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ အသစ်တွေ ဈေးကွက်ထဲ ဆက်တိုက်ဝင်နေ တဲ့အတွက်ဈေးကျဆင်းနေတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၁,၆၀၀ ကနေ ၂,၂၀၀ ပေါက်ဈေးရှိပီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources – AMIA (FARMER DIGITAL TV)