menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁.၂.၂၀၂၁ မှ ၅.၂.၂၀၂၁) ထိ


ဆန်
---

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်မှာဆန်ဈေးအနည်းငယ်တက်လာပါတယ်။ စစ်တပ် အာဏာသိမ်းမှုကြောင့် လူအများအပြား ဆန်ဝယ်ယူခြင်းကြောင့် ဈေးတက်လာတာဖြစ်သလိုရုတ်တရက် ကုန်စည်လမ်းကြောင်း ပို့ဆောင်မှုများရပ်တန့်သွားခြင်းကြောင့် ကုန်စည်ပို့ဆောင်ခများဈေးတက်လာ ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၃,၅၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဒေးဒရဲ ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၄,၀၀၀ ကနေ ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်၊ မြောင်းမြပုသိမ် ပေါ်ဆန်းမွှေးက ၃၆,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံ(သစ်)က တစ်အိတ်ကို ၃၃,၀၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိ ပြီး ၂,၅၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၂၂,၀၀၀ ကနေ ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ မြီးဒုံဆန်က တစ်အိတ် ကို ၂၆,၈၀၀ ကနေ ၂၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၄,၀၀၀ ကနေ ၂၆,၀၀၀ ကျပ်ရှိပြီး ၂,၀၀၀ ကျပ်၊ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ ကနေ ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မတ်ပဲ
-----

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ပြည်ပအဝယ် အနည်းငယ်ရှိတဲ့ အတွက် ဈေးကပြန်တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၉၆၇,၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၀,၀၀၀ လောက်ဈေးတက်လာပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁,၁၅၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၄၀,၀၀၀ ကျပ်လောက်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၉၀,၀၀၀ ကနေ ၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၀,၄၀၀ ပေါက်ဈေး ရှိပြီး တစ်တင်းကို ၈၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့တစ်တင်းကို ၃၀,၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
-------

ပဲစင်းငုံနီကလည် ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်နေတာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း လက်ကျန်တွေ ရှိနေသေးပေမယ့် အသစ်ပဲတွေက အိန္ဒိယဝယ်ယူမှု ရှိနေတဲ့အတွက် အသစ်တွေက ဈေးကောင်းရရှိနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၃၇,၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၀,၀၀၀ နီးပါး ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၇၇,၀၀၀ ကနေ ၇၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။အောင်လံဈေးကွက်မှာတော့ ပဲစင်းငုံနီ အသစ်က တစ်တင်းကို ၂၆,၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက် မှာတော့ တစ်တင်းကို ၂၅,၃၀၀ ကနေ ၂၅,၄၀၀ ပေါက်ဈေးရှိပြီး ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း
-------

ပဲတီစိမ်းကတော့ လတ်တလောပြည်ပက အဝယ်များနေပြီး ပဲအဟောင်းလက်ကျန်နည်းနေတဲ့အတွက် ဆက်တိုက်ဈေးတက်နေပါတယ်။နယ်ဈေးကွက်တွေမှာတော့ အသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာပြီ ဖြစ်တဲ့အတွက်အနည်းငယ်ဈေးအေးပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပခုက္ကူ၊ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၂,၃၃၀ ကျပ်ကနေ ၂,၃၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တော့ ပဲတီစိမ်း(ကြီး ၁.၂.၃) က တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၂,၀၀၀ ပေါက်ဈေးရှိ ပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာလည်းပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၃၉,၅၀၀ ကနေ ၄၂,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းနက်(စမုံ)
-----------

နှမ်းနက်(စမုံ)ကတော့ ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားပါတယ်။ ပြည်ပဝယ်ယူမှုက မရှိတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အရောင်းအဝယ်က ထင်သလောက်လည်း မရှိတာတွေ့ရပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံ ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။

နှမ်းဖြူ
------ 

နှမ်းဖြူကလည်း ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၂,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၇,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပန်းနှမ်း
-------

ပြီးခဲ့တဲ့ အပတ်ကအထိ ဈေးမြင့်နေတဲ့ ပန်းနှမ်းက ဒီတစ်ပတ်မှာတော့ အရောင်းအဝယ်အေးတဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ ပန်းနှမ်းက တစ်အိတ်ကို ၇၉,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)