menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁.၃.၂၀၂၁ မှ ၅.၃.၂၀၂၁) ထိ
🌾🌿🍅🍌🥕🍃🌱
🌾ဆန်🌾
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က ငြိမ်နေပေမယ့် နယ်ဈေးကွက်မှာတော့ စပါးမရှိတော့ တဲ့အတွက် စပါးဈေးရော ဆန်ဈေးပါ ဈေးတက်နေပါတယ်။ဧရာဝတီတိုင်း ဈေးကွက်မှာတော့ လက်တလော ပုံမှန်အရောင်းအဝယ်ရှိနေပြီး စပါးဈေးရော ဆန်ဈေးပါ မြင့်တက်နေပါတယ်။ ပုသိမ် ဈေးကွက်မှာ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၉၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ကျပ်၊ ဆန်ကတော့တစ်အိတ်ကို ၂၇,၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်ပါတယ်။ ဒေးဒရဲ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၆၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆,၀၀၀ ကျပ် ဈေးတက် လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၅,၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၂၇,၅၀၀ ကျပ်ရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၆၉,၀၀၀ ပေါက်ဈေး ရှိပြီး တင်း ၁၀၀ ကို ၂၆,၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၃၅,၀၀၀ကျပ် ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်၊ ဆန်ကတော့တစ်အိတ် ကို ၂၇,၅၀၀ ကျပ် ရှိပြီး ၁,၅၀၀ ကျပ် ဈေးတက်လာတယ်လို့ သိရပါတယ်။ မအူပင်ပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ် ၊ဆန်ကတော့ တစ်အိတ် ကို ၃၃,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။မအူပင်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၃၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၂၅,၀၀၀ ပေါက်ဈေးရှိကာ ၅၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
🌿မတ်ပဲ🌿
မတ်ပဲက နယ်ဈေးကွက် မှာ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။အိန္ဒိယက မတ်ပဲ တန်ချိန် ၄ သိန်းခန့် ဝယ်ယူမယ်လို့ သတင်းများထွက်လာပေမယ့် လက်ရှိအခြေအနေအရ ကုန်ရောင်း ဝယ်မှုက ထင်သလောက်မရှိသေးတဲ့အတွက် ဈေးက မတက်လာသေးတာလည်း ဖြစ်ပါတယ်။ မန္တလေး ဈေးကွက်မှာ မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၇၉,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
🍃ပဲစင်းငုံနီ🍃
ပဲစင်းငုံနီကလည်း ဈေးကျဆင်းသွားပါတယ်။ လက်ရှိ ကုန်သည်များက ဝယ်ယူမှုမရှိပဲ ငွေလိုအပ်သော တောင်သူများကသာ အရောင်းအဝယ်လုပ်ကြတဲ့အတွက် ကုန်သည်ပေးသောဈေးဖြင့်သာ အရောင်း အဝယ် လုပ်နေရတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၀,၀၀၀ ကနေ ၇၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
🌱ကုလားပဲ🌱
ကုလားပဲဈေးတွေကလည်း ဈေးကွက်အတွင်း ဈေးကျဆင်းသွားပါတယ်။ ပြည်ပဝယ်ယူမှု မရှိသလို ပြည်တွင်းမှာလည်း အသစ်တွေ ဆက်တိုက်ထွက်ရှိနေတဲ့အတွက် ဈေးကကျဆင်းနေတာဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ တစ်ပတ်အတွင်း ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၆၆,၀၀၀ ကနေ ၆၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၇၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ကုလားပဲ (v2)က တစ်အိတ်ကို ၇၃,၀၀၀ ကျပ် ရှိပြီး ၅,၀၀၀ ကျပ်၊ကုလားပဲ (V7) က တစ်အိတ်ကို ၄,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
🍃ပဲထောပတ်🍃
ပဲထောပတ်ကလည်း ဒီတစ်ပတ်မှာဈေးကျဆင်းသွားပါတယ်။ လက်ရှိမှာ ပဲမျိုးစုံက ဈေးကွက်ထဲကို အများအပြား ဝင်ရောက်နေတာဖြစ်တဲ့အပြင် အရောင်း အဝယ်ကထင်သလောက်မရှိတဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ပဲထောပတ် (အကြီးက တစ်အိတ်ကို ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ် (အလတ်)က တစ်အိတ်ကို ၆၀,၀၀၀ ကနေ ၆၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
🍌ငှက်ပျောသီး🍌
သီရိမင်္ဂလာဈေး ဈေးကွက်မှာငှက်ပျောသီးများဈေးတက်နေပါတယ်။ ကားအဝင်နည်းတဲ့အတွက်ဈေး တက်နေတယ်လို့သိရပါတယ်။ တောင်ငူငှက်ပျောက တစ်ဖီးကို ၂,၀၀၀ ကနေ ၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ရွှေငှက်ပျောက တစ်ဖီးကို ၃,၀၀၀ မှ ၃,၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ရခိုင်ငှက်ပျောသီးက တစ်ဖီးကို ၂,၀၀၀ ကနေ ၂,၆၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
🍅ခရမ်းချဉ်သီး🍅
ခရမ်းချဉ်သီးက ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ အဝယ်များလာတဲ့အတွက်ဈေးတက်လာတာ လို့သိရပါတယ်။ သီရိမင်္ဂလာဈေးကွက်မှာ တစ်သေတ္တာကို ၅,၀၀၀ ကနေ ၁၄,၀၀၀ ပေါက်ဈေးရှိပြီး ၆,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်ပန်းမှာတော့ တစ်ပိဿာကို ၂၀၀ ကျပ်ရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။
🥕မုန်လာဥနီ🥕
မုန်လာဥနီ ဈေးကတော့ နယ်ဈေးကွက်မှာ တက်ပေမယ့် ရန်ကုန်ဈေးကွက်မှာတော့ ငြိမ်နေပါတယ်။ ဗမာမုန်လာဥနီမှာ ဈေးကွက်အတွင်း ဝယ်ယူရောင်းချမှုများတဲ့အတွက် ဈေးကငြိမ်နေတာဖြစ်ပါတယ်။အောင်ပန်းမှာတော့ တစ်ပိဿာကို ၆၅၀ ပေါက်ဈေးရှိပြီး ၁၀၀ကျပ်ဈေးတက်လာပါတယ်။ သီရိမင်္ဂလာဈေးမှာတော့ တစ်ပိဿကို ၁,၀၀၀ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
Sources : AMIA (Farmer Digital TV)