menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၈.၃.၂၀၂၁ မှ ၁၂.၃.၂၀၂၁) ထိ
🌾🌿🌽🌾🌿🌽🌿🌾🌽🌿🌾
ဆန် စပါး
--------
ဆန်ဈေးစပါးဈေးကတော့ ဒီတစ်ပတ်မှာဈေးငြိမ်ပါတယ်။အရောင်းအဝယ်ကလည်း ပြည်တွင်းမှာပဲ အရောင်းအဝယ် ရှိနေပြီး စပါးကလည်း ဈေးကွက်အတွင်း မရှိတော့ ဈေးကငြိမ်နေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်း မြောင်းမြမှာတော့ မြောင်းမြပေါ်ဆန်း စပါး နဲ့ ဆန်က အနည်းငယ်အဝယ်လိုက်ပြီး ဒီတစ်ပတ် ဈေးတက်လာပါတယ်။ စပါးက တင်း ၁၀၀ ကို ၈၁၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၉,၀၀၀ ကျပ်ဈေးတက်လာသလို ဆန်ကတော့ တစ်အိတ်ကို ၃၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။မြောင်းမြဧည့်မထ ဆန်ကလည်း တစ်အိတ်ကို ၂၇,၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ
-----
မတ်ပဲကတော့ အိန္ဒိယ ဝယ်ယူမယ်ဆိုတဲ့သတင်းများကြောင့် ဈေးပြန်တက်လာပါတယ်။ဈေးပြန်တက် လာပေမယ့် အရောင်းအဝယ်ကတော့ ဘဏ်တွေပိတ်ထားတဲ့အတွက် အများကြီး အရောင်းအဝယ် မရှိ ဘူးလို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၂၆,၆၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပေါင်းတည် ဈေးကွက်မှာတော့ တစ်တင်းကို ၂၆,၀၀၀ ကျပ်ရှိပြီး အရောင်းအဝယ်ကမရှိဘူးလို့သိရပါတယ်။
ပဲစင်းငုံနီ
--------
ပဲစင်းငုံနီကတော့ ဈေးကွက်စဖွင့်ကတည်းက ဆက်တိုက်ကို ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ အရောင်း အဝယ်ကလည်းပုံမှန်မရှိပဲ လက်ရှိအချိန်ထိ ကုန်သည်ပေးတဲ့ဈေးနဲ့သာ အရောင်းအဝယ်လုပ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပြည်ပတင်ပို့မှုမရှိပေမယ့် ဈေးကအရမ်းကြီးတော့ ကျဆင်းသွားတာမျိုး မရှိတဲ့အတွက် ဈေးကွက်ကတော့ ထိန်းနေတဲ့အနေအထားရှိပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီက သုံးတင်းဝင်တစ်အိတ်ကို ၇၀,၅၀၀ ကနေ ၇၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါ တယ်။
ပဲတီစိမ်း
-------
ကုန်စည်ဒိုင်အများစု ပြန်မဖွင့်သေးတဲ့အတွက် ပဲတီစိမ်းဈေးက ကျဆင်းတယ်လို့ ပြောလို့မရပေမယ့် ကုန်စည်ဒိုင်အချို့မှာတော့ ပဲတီစိမ်းကဈေးကျဆင်းနေပါတယ်။ လက်ရှိ တရုတ် နဲ့ အရောင်းအဝယ်က သိပ်မရှိတဲ့အတွက်ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက အရောင်း မဖွင့်ပါဘူး။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ဈေးကကျဆင်း နေခဲ့တာဖြစ်ပါတယ်။
ပဲယင်း
------
ပဲယင်း ကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ပဲအသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက် ဝင်လာတဲ့အတွက် ဈေးကျဆင်းနေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲယင်း (ကြီး)က တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၅၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ကျပ်၊ ပဲယင်း(သေး)ကတော့ တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၅၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြောင်း(စီပီ)
----------
ပြောင်း(စီပီ)ကတော့ လက်ရှိမှာဈေးတက်နေပါတယ်။ တရုတ်ကိုတင်ပို့မှုမရှိပေမယ့် မြဝတီကို တင်ပို့မှု များနေတဲ့အတွက် အရောင်းအဝယ်လည်းကောင်းပြီးဈေးလည်းမြင့်တက်နေပါတယ်။ မန္တလေးဈေးကွက် မှာ စီပီပြောင်းက သုံးတင်းဝင်တစ်အိတ်ကို ၂၆,၅၀၀ ကနေ ၂၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆီ
---
စားအုန်းဆီကတော့ ပြည်တွင်းငွေလဲလှယ်မှုဈေးနှုန်းပြောင်းလဲခြင်း ကမ္ဘာ့ စားအုန်းဆီဈေးမြင့်တက်ခြင်း တို့ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီလောက်ကတည်းက ဈေးတက်နေခဲ့ပေမယ့် အခြား စားသုံးဆီတွေ ဖြစ်တဲ့ ပဲဆီ ၊နေကြာဆီ တို့ကတော့ ဈေးမတက်ပဲ ရက်အတန်ကြာဈေးငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆီတွေကို ပြည်တွင်းဝယ်ယူမှု များနေတဲ့အပြင် ဆီကြိတ်လုပ်ငန်းတွေလည်းရပ်တန့် ထားမှုကြောင့် ဈေးက တက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ စားအုန်းဆီကတော့ တစ်ပိဿာကို ၃,၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ လောက် ဈေးတက်လာပါတယ်။ ပဲဆီကတော့ တစ်ပိဿာကို ၆,၅၀၀ ကနေ ၇,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊နေကြာဆီကလည်း တစ်ပိဿာကို ၆,၀၀၀ ကနေ ၆,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
Sources : AMIA ( Farmer Digital TV)