menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၅.၄.၂၀၂၁ မှ ၉.၄.၂၀၂၁) ထိ


🌾🌿🥕🥦🌿🌿🥕🥦🌿🌾

🌾ဆန်🌾

ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေထပ်ပြီးကျဆင်းသွားသလို နယ်ဈေးကွက်မှာလည်း အသစ်ဝင်လာတဲ့ စပါးဈေး ဆန်ဈေးတွေကျဆင်းသွားပါတယ်။ အဟောင်းတွေကတော့လက်ရှိဈေးငြိမ်ပါတယ်။ ငွေကြေး လည်ပတ်မှုမရှိတဲ့အတွက် အရောင်းအဝယ်က ထင်သလောက်မရှိပါဘူး။ ကုန်သည်အများစုကလည်း ဈေးချဝယ်ယူမှုတွေကြောင့် ဈေးကျဆင်းနေတာလို့သိရပါတယ်။

ရန်ကုန်ဝါးတန်းဈေးကွက်မှာ ငစိန်(သစ်)က တစ်အိတ်ကို ၂၁,၅၀၀ ကနေ ၂၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ဧည့်မထ ၂၅% က တစ်အိတ်ကို ၂၀,၅၀၀ ကနေ ၂၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊သီးထပ်ဆန် ကလည်းတစ်အိတ်ကို ၂၀,၅၀၀ ကနေ ၂၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

ပုသိမ်ဧည့်မထစပါး(နွေ)က တင်း ၁၀၀ ကို ၅၁၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ဆန်ကတော့ တစ်အိတ်ကို၂၂,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထ စပါး(နွေ)က တင်း ၁၀၀ ကို ၅၀၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၁,၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ဆန်ကတော့တစ်အိတ်ကို ၂၁,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

🌿မတ်ပဲ🌿

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်အနည်းငယ် ရှိနေတဲ့အတွက် ဈေးကတက်နေတာဖြစ်ပါတယ်။ လာမယ့် တစ်ပတ်အတွင်း ပိတ်ရက်တွေကြောင့် ဝယ်ယူမှု အနည်းငယ်ရှိလာတာပါ။ မန္တလေးဈေးကွက်မှာ မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၈၀,၀၀၀ ကနေ ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက် မှာတော့ တစ်တင်းကို ၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀ကျပ်ဈေးတက်လာပါတယ်။

🌿ပဲစင်းငုံနီ🌿

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပြီး ၂ပတ်ဆက်တိုက် ဈေးတက်နေပါတယ်။ ပစ္စည်းလက်ကျန်သိပ်မရှိသလို ငွေဈေးအပြောင်းအလဲကြောင့် ဈေးကတက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၃,၀၀၀ ကနေ ၈၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ 

🌿နှမ်းနက်(စမုံ)🌿

နှမ်းနက်(စမုံ)ကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်လိုက်ရင်ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ အရောင်းအဝယ်ကတော့ ငြိမ်နေတယ်လို့ သိရပါတယ်။ အဝင်ကလည်းနည်းနေပါတယ်။ မန္တလေး ဈေးကွက်မှာ တစ်အိတ်ကို ၁၃၃,၀၀၀ ကနေ ၁၅၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ် လောက်ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

🌿စားအုန်းဆီ🌿

စားအုန်းဆီကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ငွေကြေးဈေးတက်တဲ့အပြင် ပြည်တွင်းကို ဝင်ရောက်မှု နည်းတဲ့အတွက်ဈေးတက်တယ်လို့သိရပါတယ်။ ထို့ပြင်ပြည်တွင်းစားသုံးမှုမြင့်တက် နေတဲ့အတွက်ကြောင့် စားအုန်းဆီဈေးတွေ တက်နေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၃,၁၄၀ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်းတစ်ပိဿာကို ၁၀၀ နီးပါးဈေးတက်လာပါတယ်။

🥕မုံလာဥနီ🥕

မုံလာဥနီဈေးက အောင်ပန်းမှာ ဈေးတက်လာပါတယ်။ မိုးရွာသွန်းမှုကြောင့် ရောင်းသူမရှိတဲ့အတွက် ဈေးတက်လာလို့သိရပါတယ်။ တစ်ပိဿာကို ၄၀၀ ကနေ ၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာ ပါတယ်။ သီရီမင်္ဂလာဈေးမှာတော့ တစ်ပိဿာကို ၁,၃၀၀ ကနေ ၂,၅၀၀ ‌ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။

🥦ဂေါ်ဖီ🥦

အောင်ပန်းဈေးကွက်မှာ ပန်းဂေါ်ဖီ နဲ့ ဂေါ်ဖီထုတ်ဈေးတွေလည်း မြင့်တက်လာပါတယ်။ ရက်အတန်ကြာ ဈေးကွက်အတွင်း ကျဆင်းသွားပြီး ဒီတစ်ပတ်မှာတော့ ရောင်းသူမရှိတဲ့အတွက် ဈေးတက်လာတာလို့ သိရပါတယ်။ ပန်းဂေါ်ဖီတစ်ပွင့်ကို ၃၀၀ ကျပ်ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာသလို ဂေါ်ဖီထုတ် ကလည်း တစ်ထုတ်ကို ၁၅၀ကျပ် ရှိပြီး ၇၀ကျပ်ဈေးတက်လာပါတယ်။ သီရီမင်္ဂလာဈေးကွက်မှာတော့ ပန်းဂေါ်ဖီက တစ်ထုတ်ကို ၄၀၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး တစ်ထုတ်ကို ၁၀၀ ကျပ် ဈေးတက်လာပါ တယ်။ ဂေါ်ဖီထုတ်ကတော တစ်ထုတ်ကို ၃၀၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး ၁၀၀ကျပ်ဈေးတက်လာပါ တယ်။

Sources : AMIA (Farmer Digital TV)