menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၆.၄.၂၀၂၁ မှ ၃၀.၄.၂၀၂၁) ထိ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
မတ်ပဲ
-----
မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှုရှိတဲ့အတွက်ကြောင့် သင်္ကြန်အပြီးမှာ ဈေးတက်လာခဲ့ပေမယ့် လက်ရှိမှာတော့ ဝယ်ယူမှုပြီးဆုံးသွားတဲ့အတွက်ဈေးက ပြန်ကျဆင်းသွားပါတယ်။ တောင်သူတွေကတော့ ဈေးပြန်တက်နိုင်ခြေရှိတယ်လို့မျှော်လင့်မှုတွေ ရှိပေမယ့် ကုန်သည်တွေက ဈေးပြန်တက်နိုင်ခြေမရှိဘူးလို့သုံးသပ်ထားပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၈၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၀,၀၀၀ ကနေ ၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀ကျပ် ဈေးကျဆင်း သွားပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ၂၇,၃၀၀ ပေါက်ဈေးရှိပြီး ပဲခူးတိုင်းပေါင်းတည်ဈေးကွက် မှာတော့ တစ်တင်းကို ၂၉,၅၀၀ နဲ့ ဈေးငြိမ်ပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ် မရှိပေမယ့်လည်း ဈေးကပြန်ကျ ဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းက တစ်တန်ကို ၉၂၂,၅၀၀ ပေါက်ဈေး ရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၂၇,၅၀၀ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် ပဲစင်းငုံနီက တစ်အိတ်ကို ၈၂,၅၀၀ ကနေ ၈၃,၅၀၀ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇,၇၀၀ ပေါက်ဈေးရှိပါတယ်။
ကုလားပဲ
--------
ပြည်ပဝယ်ယူမှုပြီးတဲ့အချိန်မှာတော့ ကုလားပဲက ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ လက်ရှိမှာ ဈေးပြန်အတက်ကို မျှော်နေမှုတွေကြောင့် အများကြီးဈေးမကျဆင်းပေမယ့် ဈေးက ထပ်ပြီးကျဆင်း နိုင်ခြေရှိသေးတယ်လို့ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁,၄၃၀ ကနေ ၁,၄၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁,၄၈၀ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီး ၈၅ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၇၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၈၀,၅၀၀ ကနေ ၈၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ကုလားပဲ (V2)က တစ်အိတ်ကို ၈၆,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ ကုလားပဲ (V7) က တစ်အိတ်ကို ၉၀,၀၀၀ ကျပ်ရှိပြီး ၅,၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းသွားပါတယ်။
ပဲခူးပေါင်းတည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ(V2) က တစ်တင်းကို ၂၉,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ ကုလားပဲ ဟော်လန်က တစ်တင်းကို ၂၉,၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းပြီး ကုလားပဲ 929 က တစ်တင်းကို ၂၉,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က ၂၆,၄၀၀ ကျပ်၊ ၉၂၉ က တစ်အိတ်ကို ၂၆,၈၀၀ ကျပ်၊ကုလားပဲ (V2) ကတော့ တစ်တင်းကို ၂၇,၇၀၀ ကနေ ၂၈,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ထောပတ်ပဲ
----------
ထောပတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ပြည်တွင်းမှာပဲ အရောင်းအဝယ် ရှိနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၂၁၅ ကနေ ၁,၃၉၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ထောပတ်ပဲ(ကြီး)က တစ်အိတ်ကို ၆၅,၀၀၀ ကနေ ၆၈,၀၀၀ ပေါက်ဈေးရှိပြီး ၈,၀၀၀ ကျပ်၊အလတ်က တစ်အိတ်ကို ၅၈,၀၀၀ ကနေ ၆၀,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ အသေး ကတော့ တစ်အိတ်ကို ၅၁,၀၀၀ ကနေ ၅၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၇,၀၀၀ ကနေ ၁၇,၅၀၀ ပေါက်ဈေးရှိပါတယ်။
ပဲကြီး
-----
ပဲကြီးကတော့ ဒီတစ်ပတ်မှာလည်းဈေးကတက်နေခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှုများနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဈေးပြန်ဖွင့်တဲ့အချိန်မှာ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၁,၈၅၅ ကနေ ၁,၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၅ ကျပ်ဈေးတက်လာပါတယ်။ ပဲကြီး(ကုန်း)ကတော့ ၁,၆၅၀ ကနေ ၁,၇၄၀ ပေါက်ဈေးရှိပြီး ၃၄၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ ပဲကြီး(ကြီး)က တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်၊ ပဲကြီး(လတ်) ကတော့ တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်၊ပဲကြီး (သေး)ကတော့ တစ်အိတ်ကို ၉၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၅,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၀၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။
Sources : AMIA (Farmer Digital TV)