menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၇.၅.၂၀၂၁ မှ ၂၁.၅.၂၀၂၁) ထိ
🌿🍃🌱🎋🍂🍂🎋🌱🍃🌿
🌿မတ်ပဲ🌿
ဈေးတွေ ဆက်တိုက်တက်နေခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၁ သိန်းနီးပါးအထိ ဈေးတက်လာပါတယ်။ အိန္ဒိယရဲ့ ပြောင်းလဲလိုက်တဲ့မူဝါဒနဲ့ ပဲလိုအပ်ချက်တို့ကြောင့် လာမယ့် အောက်တိုဘာအထိ ပဲတင်သွင်းခွင့်ပြုမယ်ဆိုတဲ့အတွက်ဈေးတွေ တက်လာခဲ့တာဖြစ်ပါတယ်။ပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်မှုနဲ့အတူ ဈေးတွေတက်လာပေမယ့် ရက်ပိုင်းအတွင်းဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၁,၀၈၈,၀၀၀ အထိ တစ်ပတ်အတွင်း ၁၂၀,၀၀၀ ကျော် ဈေးတက်လာခဲ့ပြီး သောကြာနေ့မှာတော့ တစ်တန်ကို ၁,၀၃၇,၅၀၀ အထိ ဈေးပြန် ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၉၈,၀၀၀ ကနေ ၁၀၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေးရှိပြီး ၃,၃၀၀ကျပ် ဈေးတက်လာပြီး ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၅၀၀ပေါက်ဈေး ရှိပြီး ၃,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေး ရှိပြီး တစ်တင်းကို ၄,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
🌱ပဲစင်းငုံနီ🌱
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာပြီး ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၀ သိန်းအထက်ထိ ဈေးတက်လာပါတယ်။ ပဲစင်းငုံနီကတော့ပြည်တွင်းလက်ကျန်လည်းသိပ်မရှိတဲ့အတွက် အချိန်အကြာကြီး ဈေးတက်တာမျိုးမရှိပဲ ရက်ပိုင်းအတွင်း ၁၀ သိန်းအောက်ထိ ဈေးပြန်လည်ကျဆင်း သွားပါတယ်။ လက်ရှိမှာတော့ တောင်သူလက်ထဲ ပဲလုံးဝမရှိတော့ပဲ ကုန်သည်တွေလက်ထဲမှာသာ ပဲတွေ ရှိပြီး ပုံမှန်အရောင်းအဝယ်လုပ်နေတယ်လို့သိရပါတယ်။
ပဲစင်းငုံနီက တစ်တန်ကို ၁,၀၆၀,၀၀၀ကျော်အထိ ဈေးတက်လာခဲ့ပြီး တစ်ပတ်အတွင်း တစ်တန်ကို ၉၇၅,၀၀၀ အထိ ဈေးပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံ ဈေးကွက်မှာ တစ်တင်းကို ၃၀,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည် ဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၅၀၀ ပေါက်ဈေးရှိပါတယ်။
🍃ပဲလွန်းပြာ🍃
ပဲလွန်းပြာဈေးကလည်းဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ပြည်တွင်း ဝယ်ယူမှုများတဲ့အတွက် ဈေးတက်နေတာဖြစ်ပြီးတော့ လက်ကျန်လျော့နည်းနေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၇၀,၀၀၀ ကနေ ၇၂,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🌿ထောပတ်ပဲ🌿
ထောပတ်ပဲကတော့ ရက်အတန်ကြာဈေးငြိမ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ပဲမျိုးစုံဈေးတက်နေတဲ့ အတွက် ထောပတ်ပဲကလည်းဈေးတက်နေပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၉၅၅ကျပ် ကနေ ၁,၃၉၅ကျပ် နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ထောပတ်ပဲ အကြီးက တစ်အိတ်ကို ၇၁,၀၀၀ ကနေ ၇၁,၅၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ်၊အလတ်က တစ်အိတ်ကို ၆၅,၀၀၀ ကနေ ၆၈,၀၀၀ပေါက်ဈေးရှိပြီး ၃,၀၀၀ကျပ်၊ အသေးကတော့တစ်အိတ်ကို ၆၃,၀၀၀ ကနေ ၆၅,၀၀၀ ရှိပြီး ၅,၀၀၀ကျပ် အသီးသီးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၉,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
🎋စားအုန်းဆီ🎋
စားအုန်းဆီကတော့ဒီတစ်ပတ်မှာ ဈေးပြန်ကျဆင်းသွားပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်း ဈေး အနည်းငယ် ကျဆင်းသွားတဲ့အတွက်ဈေးအနည်းငယ်ကျဆင်းသွားတယ်လို့သိရပါတယ်။ လက်ရှိမှာ ဈေးအနည်းငယ်ကျဆင်းတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ၃ လအတွင်းတစ်ပိဿာကို ၁,၅၀၀ လောက် ဈေးတက်လာခဲ့ပါတယ်။ အဓိက တင်သွင်မှုပြုလုပ်တဲ့ မလေးရှားနိုင်ငံ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း ထုတ်လုပ်မှုလျော့နည်းတဲ့အတွက် ကမ္ဘာ့စားအုန်းဆီဈေးကွက်မှာလည်းတက်နေခဲ့တာဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၃,၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၀ကျပ် ဈေးကျဆင်းသွား ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
🍂ဂျင်း🍂
ဈေးကောင်းရနေခဲ့တဲ့ ဂျင်းက ဒီလ မှာတော့ တစ်ဖြေးဖြေးကျဆင်းသွားခဲ့ပါတယ်။ ဝယ်ယူမှုလျော့နည်း တဲ့အပြင် ရာသီဥတုကြောင့် အရည်အသွေးလည်းသိပ်မကောင်းဘူးလို့သိရပါတယ်။အောင်ပန်းဈေးကွက် မှာ တစ်ပိဿာကို ၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ကျပ် လောက်ဈေးကျဆင်းသွားပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၄၀၀ ပေါက်ဈေးရှိပြီး ၁၀၀ လောက်ဈေးကျဆင်းသွား ပါတယ်။ သီရီမင်္ဂလာဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၂၀၀ ကနေ ၂,၀၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA(Farmer Digital TV)