menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၄.၅.၂၀၂၁ မှ ၂၈.၅.၂၀၂၁) ထိ


🌾🌿🍃🌿🌾🌾🌿🍃🌿🌾 

🌾ဆန်စပါး🌾

 ဒီတစ်ပတ်မှာတော့ ဧရာဝတီတိုင်းမှာ ဆန်ရောစပါးရော ဈေးတက်လာပါတယ်။နွေစပါးရော မိုးစပါးရော လက်ကျန်လျော့နည်းနေတဲ့အပြင်တင်ပို့မှုပုံမှန် ပြန်ဖြစ်သွားတဲ့အတွက် အဝယ်လိုက်ပြီး ဈေးတက်လာတာဖြစ်ပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၈၆၇,၀၀၀ ပေါက်ဈေးရှိပြီး ၁၇,၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပုသိမ်ဧည့်မထ(မိုး) ကတော့ တင်း ၁၀၀ကို ၆၄၄,၀၀၀ နဲ့ ဈေးငြိမ်နေပြီး ဆန်ကလည်း တစ်အိတ်ကို ၂၇,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၅၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၃၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၇,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၃၉,၀၀၀ ကျပ်ရှိပြီး ၂,၀၀၀ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထ(မိုး)စပါး ကတော့ တင်း ၁၀၀ ကို ၆၇၂,၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်အိတ်ကို ၂၉,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။မြောင်းမြဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၆၁,၀၀၀ ပေါက်ဈေးရှိပြီး ၃၇,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၁,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၃၇,၀၀၀ နဲ့ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲဧည့်မထ(မိုး)စပါးက တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၇,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၅၇၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၂၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့တစ်အိတ်ကို ၂၂,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ကို ၇၈၇,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၃၇,၀၀၀ နဲ့ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထ(မိုး)စပါး ကတော့ တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေး ရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့တစ်အိတ်ကို ၂၇,၀၀၀ ကျပ်ရှိပါတယ်။ဖျာပုံဧည်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၇၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၂,၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿မတ်ပဲ🌿

မတ်ပဲက ပြီးခဲ့တဲ့ အပတ်က ဈေးတက်လာပေမယ့် တစ်ပတ်အတွင်းမှာ ဈေးပြန်ကျဆင်းသွားပါတယ်။အိန္ဒိယ ဝယ်ယူမှု မူဝါဒပြောင်းလဲလိုက်သော်လည်း ပြည်တွင်းဈေးချဝယ်ယူမှုတွေကြောင့်ဈေးက ပြန်ကျဆင်းသွားတာလို့ ကုန်သည်အများစုထံကနေသိရပါတယ်။ ငွေကြေးစီဆင်းမှုကလည်း အများကြီးမရှိတဲ့အတွက် ကုန်သည်ကြီးတွေ အနေနဲ့ဈေးကွက်ကို တင်းနေတယ်လို့လည်းဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၀၅၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၃၀,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၀၂,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပေမယ့် တစ်ပတ်အတွင်းမှာတော့ အပြောင်းအလဲ များဖြစ်ခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🍃ပဲစင်းငုံနီ🍃

ပဲစင်းငုံနီက ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့ပြီး ရက်ပိုင်းအတွင်း တစ်တန်ကို ၁၀ သိန်းအောက် ထိ ဈေးပြန် ကျဆင်းသွားခဲ့ပါတယ်။လက်ကျန်မရှိတဲ့အတွက်ကြောင့် အကျဈေးနဲ့ ဈေးပြန်ငြိမ်နေခဲ့ပြီး သောကြာနေ့မှာတော့ တစ်တန်ကို ၁၀ သိန်းကျော်အထိ ဈေးပြန်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်လိုက်ရင်တော့ ဈေးကကျဆင်းနေဆဲဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ပြန်ကျဆင်းနေတာဖြစ်တဲ့အတွက် ပဲဈေးတွေလည်းပြန်ကျဆင်း နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁,၀၂၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၄၀,၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ၈၉,၀၀၀ ကနေ ၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၀၀၀ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်နဲ့ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၃၂,၀၀၀ ကျပ်ရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿ပဲတီစိမ်း🌿

မတ်ပဲနည်းတူ ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ပဲတီစိမ်းတစ်မျိုးထဲ ဈေးကကျဆင်းနေခဲ့ပါတယ်။ ပဲတီစိမ်းက တရုတ်တင်ပို့မှု အဓိက ကျတဲ့ပဲဖြစ်တဲ့အတွက် လက်ရှိမှာတော့ တင်ပို့မှုလျော့နည်းတဲ့အတွက်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁,၇၅၀ ကနေ ၁,၉၅၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေပြီးတော့ ပဲတီစိမ်း (ဝါးခယ်မ)က တစ်ပိဿာကို ၁,၇၀၀ ကနေ ၁,၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၀၃,၀၀၀ ကနေ ၁၁၅,၀၀၀ ပေါက်ဈေးရှိပြီး ၇,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်မှာတော့ တစ်တင်းကို ၃၀,၀၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။

🍃ကုလားပဲ🍃

ကုလားပဲကလည်းတစ်ပတ်အတွင်း ဈေးအပြောင်းအလဲ ရှိနေပါတယ်။ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ်ဈေးတက်လာပါတယ်။ ပြည်တွင်း ရောင်းဝယ်မှု သွက်လာတဲ့အတွက်ဈေးအနည်းငယ်တက်လာတာလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁,၄၅၀ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီး ၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁,၅၅၀ ကနေ ၁,၆၂၀ ပေါက်ဈေးရှိပြီး ၇၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၈၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၈၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်၊ကုလားပဲ (V2)က တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၈၉,၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်၊ ကုလားပဲ (V7) က တစ်အိတ်ကို ၈၇,၀၀၀ ကနေ ၈၇,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် အသီးသီး ဈေးပြန်တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က ၂၇,၇၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ၊(၉၂၉) က တစ်အိတ်ကို ၂၈,၅၀၀ ရှိပြီး ၁,၂၀၀ ကျပ် ၊ကုလားပဲ (V2) ကတော့ တစ်တင်းကို ၂၉,၀၀၀ ကျပ် ရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰

Sources : AMIA (Farmer Digital TV)