menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၄.၆.၂၀၂၁ မှ ၁၈.၆.၂၀၂၁) ထိ


🌾🌿🍃🌿🌾🌾🌿🍃🌿🌾

🔸ဆန်၊စပါး🔸

နယ်ဈေးကွက်မှာတော့ စပါးတွေက ပစ္စည်းလက်ကျန်မရှိတော့အတွက် ဈေးတက်နေပြီးတော့ ဆန်တွေ ကတော့ ရန်ကုန်ဘက်ကအဝယ်များနေတဲ့အတွက်ဈေးတက်နေပါတယ်။ ဧရာဝတီတိုင်း မြောင်းမြဈေးကွက်မှာ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၆၇,၀၀၀ ပေါက်ဈေးရှိ ပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၁,၀၀၀ ပေါက်ဈေး ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထစပါး(နွေ) ကလည်း တင်း ၁၀၀ ကို ၅၇၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၉,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂,၅၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၁၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ်ဈေးတက်လာပြီးဆန်ကတော့ တစ်အိတ်ကို ၃၈,၀၀၀ နဲ့ ဈေးငြိမ်ပါ တယ်။ 

ဒေးဒရဲ ဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ( နွေ) စပါးက တင်း ၁၀၀ ကို ၆၀၇,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဈေးကွက်မှာ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၂၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ဆန်ကတော့တစ်အိတ်ကို ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ဖျာပုံ ဧည့်မထ(မိုး)စပါးက တင်း ၁၀၀ ကို ၆၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ် ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ကျပ် ရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၆၀၇,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ ၂၄,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မအူပင်ဈေးကွက်မှာတော့ မအူပင်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၂၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၉,၀၀၀ ပေါက်ဈေးရှိကာ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မအူပင်ဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၉,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထစပါး(နွေ) ကတော့ တင်း ၁၀၀ ကို ၅၃၄,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ လက်ကျန်စပါးတွေလျော့နည်းလာတာဖြစ်လို့ ဈေးက အနည်းငယ် ထပ်တက်နိုင်တယ်လို့ ကုန်သည် အချို့ကသုံးသပ်ထားပါတယ်။ အချို့ စပါးတွေကတော့ လက်ကျန်မရှိတော့တဲ့အတွက်ဈေးကတော့ မာနိုင်ပါတယ်။

🔸မတ်ပဲ🔸

မတ်ပဲကတော့ ဆက်တိုက်ဈေးတက်နေပါတယ်။ တင်သွင်းမှုကို လာမယ့် အောက်တိုဘာ လအထိ တိုးမြင့်လိုက်ကတည်းက မတ်ပဲဈေးတွေကတက်နေတာဖြစ်ပါတယ်။ ယခုအပတ်မှာ အိန္ဒိယကနှစ်စဉ် တန်ချိန် ၂ သိန်းခွဲ ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေတက်လာပေမယ့် မတ်ပဲကလက်ကျန်မရှိတော့တဲ့ အတွက် ယခုထက်ဈေးပိုတက်နိုင်ခြေသိပ်မရှိပဲ အမြင့်ဈေးနဲ့ပဲဈေးမာနိုင်တယ်လို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးမြင့်တက်နေမှုကို ထိန်းချုပ်နေတာဖြစ်တဲ့အတွက် ပြည်ပတင်ပို့မယ့်ပဲတွေကို ဈေးချိန်ဆ ဝယ်ယူနိုင်တာကြောင့် မျှော်လင့်ထားသလို အများကြီး မတက်နိုင် ပါဘူး။

ယခုတစ်ပတ်အတွင်းမှာလည်း ဈေးတွေ တက်လာပြီး ရက်ပိုင်းအတွင်းဈေးက ပြန်လည်ကျဆင်း သွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၁၁၀,၀၀၀ ကျော် ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၈,၀၀၀ ကနေ ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်၂,၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက် မှာတော့ တစ်တင်းကို ၃၅,၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာ တော့ တစ်တင်းကို ၃၆,၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးတက်လာပါတယ်။

🔸ပဲစင်းငုံနီ🔸

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေတာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးတက် လာပါတယ်။ အိန္ဒိယနိုင်ငံမှာ မြန်မာ့ပဲစင်းငုံနီဈေးမြင့်တက်နေပြီး ဝယ်ယူမှုမြင့်တက်နေလို့ ပြည်တွင်း မှာလည်းဈေးတက်နေတာဖြစ်ပါတယ်။ ပဲတင်ပို့ရာမှာသင်္ဘောတင်ခတွေ ကျပ်ငွေတန်ဖိုးကျဆင်း တာတွေကြောင့် ဈေးကတက်ပေမယ့် ပြည်တွင်းကုန်သည်တွေအနေနဲ့ အကျိုးအမြတ်က ထင်သလောက် မရတာတွေ ရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁,၁၀၉,၀၀၀ အထိပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀,၀၀၀ ကျော်အထိ ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၃,၀၀၀ ကနေ ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှတော့ တစ်တင်းကို ၃၄,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာကာ အောင်လံ ဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။

🔸ကုလားပဲ🔸

ကုလားပဲကတော့ ထူးထူးခြားခြား တက်တာမျိုးမရှိပဲ အတက်အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေတဲ့ အခြေအနေပါ။ ပြည်တွင်းဝယ်ယူမှုပေါ်မူတည်ပြီး ဈေးအနည်းငယ်သာအပြောင်းအလဲရှိပါတယ်။ ကုလားပဲဈေးက လတ်တလောမှာအများကြီးကျဆင်းနိုင်ခြေမရှိသလို အများကြီးလည်း ဈေးတက် နိုင်ခြေမရှိသေးပါဘူး။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁,၄၇၀ ကနေ ၁,၅၃၅ ပေါက်ဈေးရှိပြီး၊ ကုလားပဲလုံးဖြူကြီးကလည်း တစ်ပိဿာကို ၁,၅၅၀ ကနေ ၁,၅၈၅ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၈၈,၀၀၀ မှ ၈၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ 

ကုလားပဲ (V2)က တစ်အိတ်ကို ၉၁,၀၀၀ ကျပ် ၊ ကုလားပဲ (V7) က တစ်အိတ်ကို ၉၂,၀၀၀ကျပ် ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ထိုင်ဝမ်) ကတစ်တင်းကို ၂၈,၈၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ၊ ၉၂၉ က တစ်အိတ်ကို ၂၉,၃၀၀ ရှိပြီး ၃၀၀ ကျပ်၊ ကုလားပဲ (V2) ကတော့ တစ်တင်းကို ၃၀,၀၀၀ ကျပ် ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ ကုလားပဲ (ဟော်လန်) က တစ်တင်းကို ၃၀,၈၀၀ မှ ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက် မှာတော့ ကုလားပဲ ၉၂၉ တစ်တင်းကို ၂၉,၀၀၀ ကျပ်ရှိပြီးဈေးငြိမ်ပါတယ်။ ကုလားပဲ (V2) ကတော့ တစ်တင်းကို ၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🔸နှမ်းနက်(စမုံ)🔸

နှမ်းနက်(စမုံ)ကတော့လအတော်ကြာ ပြည်ပဝယ်ယူမှုမရှိတဲ့အတွက် ဈေးကအကျဈေးနဲ့ ငြိမ်နေ ခဲ့ပါတယ်။ လက်ရှိမှာတော့ နယ်အချို့ကနေ အသစ်တွေ ဈေးကွက်ထဲ ဝင်လာပြီး ဈေးကောင်းရရှိကာ ဈေးအနည်းငယ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၂၅,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက် မှာလည်း တစ်အိတ်ကို ၁၁၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🔸နှမ်းနက်🔸

နှမ်းနက်ကလည်း ဈေးကွက်အတွင်း ဈေးအနည်းငယ်တက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှုများလာတဲ့ အတွက်ဈေးတက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ နှမ်းနက်(ဆောင်း)ကတော့တစ်အိတ် ကို ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ကနေ ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)